Tuesday 9 October 2012

ဆိုရှယ်မီဒီယာမှတစ်ဆင့် ဝါဒဖြန့်မှုများကြောင့် ပဋိပက္ခ ပိုကြီးစေသလား

          မြန်မာနိုင်ငံတွင်Facebook, youtube  ကဲ့သို့သော လူမှုကွန်ရက် Website များကို အသုံးပြုမှုမှာ တစ်နှစ် ထက်တစ်နှစ် သိသိသာသာ တိုးတက်လျက်ရှိရာ ယင်း ဆိုရှယ်မီဒီယာများကို အသုံးပြု၍ ရည်ရွယ် ချက်ဖြင့် ဝါဒ ဖြန့်ချိမှုများသည်လည်း ပို၍ များပြားလာသည်ဟု အင် တာနက်အသုံးပြုသူများနှင့် သက်ဆိုင် ရာ နယ်ပယ်အသီး သီးမှ ပုဂ္ဂိုလ်များက သုံးသပ်ပြောကြားသည်။


          The Voice ဂျာနယ်၏ အယ်ဒီတာချုပ်ဖြစ်သူ ဦးကျော်မင်းဆွေက ''အခုနောက်ပိုင်းမှာ ဆိုရှယ် မီဒီယာ တွေက အရမ်းအားကောင်းလာတဲ့အတွက် တချို့ရည် ရွယ်ချက်ရှိတဲ့ သူတွေက ဆိုရှယ်မီဒီယာမှာ ရည်ရွယ်ချက်ရှိရှိနဲ့ ကောင်းတဲ့ဘက်ရော မကောင်းတဲ့ဘက်ရော အသုံးပြုလာတယ်''ဟု ပြောသည်။
          ထို့အပြင် အွန်လိုင်းနှင့် ပုံနှိပ်မီဒီယာတွင် မတူညီ သည့်အချက်မှာ အွန်လိုင်းပေါ်တွင် ရေးသားချက် များ သည် ကျင့်ဝတ်ပိုင်းဆိုင်ရာ လိုက်နာမှု အားနည်းပြီး အစွန်းရောက်အချို့က တိုင်းပြည်တစ်ပြည်အတွင်း လူမှု ရပ်ဝန်းအတွင်း ၄င်းတို့ ဖြစ်စေချင်သည့် ပြဿနာတစ် ရပ်ကို ဖန်တီးခြင်းမျိုးလည်း ရှိနိုင်ကြောင်း ၄င်းက ပြောသည်။
          ယင်းကဲ့သို့ အသုံးပြုရာတွင် လူမျိုးအချင်းချင်း၊ ဘာသာအချင်းချင်း ပြဿနာဖြစ်စေမည့် ကိစ္စရပ် များနှင့် အမျိုးဘာသာ သာသနာ၏ ဂုဏ်သိက္ခာကို ထိခိုက်စေ မည့် ကိစ္စရပ်များကို သတိထားဖို့လိုကြောင်း၊ ထိုသို့ မဟုတ်ပါက အင်တာနက်မှ လာသော ကောလဟလများ က အပြင်သို့ ပြန့်နှံ့သွားပြီး တစ်ဆင့် စကားတစ်ဆင့်နား ဖြင့် ပို၍ ကြီးထွားစေမည်ဖြစ်ကြောင်း ဓမ္မစက္က ဦးမောင်မောင်ကဆိုသည်။
          ''လူရမ်းကားတွေ၊ လူဆိုးတွေက ဖျက်လိုဖျက်စီး ရှိတဲ့သူတွေက Facebook ကို အသုံးချပြီးတော့ ကမ္ဘာဖျက်ဖို့ ကြိုးစားနေတယ်။ လူမျိုးရေး ပဋိပက္ခဖြစ်အောင် ကြိုးစားနေကြတယ်။ အများအားဖြင့်ြ ပဿနာ ကို မီးမွှေးတဲ့ ဓာတ်ပုံတွေ၊ အကြောင်းအရာတွေကို တင်တာဟာ မရိုးသားဘဲနဲ့ ဘာသာ အချင်းချင်း ငြိမ်းချမ်းရေး ပျက် ပြားအောင် လုပ်နေသူတွေရဲ့ လက်ချက်ပဲ''ဟု ၄င်းက ဆက်ပြောသည်။
          ပြီးခဲ့သော စက်တင်ဘာလတွင် တစ်ပိုင်းတစ်စ မီးလောင်ထားသော ကိုရမ်ကျမ်းကိုင်ထားသ ည့် ယော က်ျားလေးတစ်ဦး၏ ဓာတ်ပုံကို Facebook တွင် တင်ခဲ့မှုအပေါ် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် စိတ်ဆိုးနေသော မွတ်စလင်လူအုပ်ကြီးက ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော အဆောက်အအုံအချို့ကို မီးရှို့ခြင်း၊ ဗုဒ္ဓဘာသာဝင်များ နေထိုင်ရာ ရွာများကို လုယက်တိုက်ခိုက်မှုများ ပြုလုပ် ခဲ့ကြောင်း AFP သတင်းဌာနတွင် ဖော်ပြထားသည်။
          Yangon Press International အွန်လိုင်းသတင်း ဌာနမှ တာဝန်ခံအယ်ဒီတာ ဦးမြင့်ကျော်က မိမိတို့အနေ ဖြင့် အွန်လိုင်းပေါ်တွင် သတင်းတင်ရာ၌ အချက်အလက် မှန်ကန်စေရန်နှင့် အသုံးအနှုန်း မှန်စေရန် ဂရုစိုက်လေ့ရှိ ကြောင်း၊ အချို့အချက်အလက်များမှာ လတ်တလော အတည်ပြုရန် ခက်ခဲနေ ပါက ခေတ္တအချိန် စောင့်ဆိုင်း ခြင်း၊သက်ဆိုင်ရာအာဏာပိုင်များကို မေးမြန်းခြင်းများ ပြုလုပ်ကြောင်း ပြောသည်။
          ''တတ်နိုင်သရွေ့ အာဏာပိုင်တွေ ဘာတွေ မေး တာပေါ့။ အာဏာပိုင်တွေကလည်း လှည့်စား တာမျိုး ဖြစ်နိုင်တယ်။ သာမန်အရပ်သားတွေကြားထဲမှာ လှုံ့ဆော် တာမျိုးလည်း ဖြစ်နိုင်တယ်''ဟု ၄င်းက ဆိုသည်။
          ထိုကြောင့် ၄င်းတို့အနေဖြင့် ယခင်တွေ့ကြုံဖူးသော အဖြစ်အပျက်များအပေါ် သင်ခန်းစာ ယူပြီး သေချာ လောက်သော အချက်အလက်တိုင်းတာထိသာ သတင်း ယူ၍ သုံးနှုန်းကြောင်း ၄င်းက ဆက်ပြောသည်။
          အမျိုးသားလွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်ကမူ အင်တာနက်ပေါ်မှ သတင်းများကို ကိုယ်ပိုင်ဥာဏ်နှင့် စဉ်းစားဖို့လိုကြောင်း၊ မိမိ၏ကိုယ်ပိုင် အတွေးအခေါ် စဉ်းစားဥာဏ်မြင့်နေပါက ဝါဒဖြန့်ချိသည့်သဘော သက် ရောက်စေသော သတင်းများအပေါ် ယိမ်းယိုင်မည် မဟုတ်ဟု ၄င်း၏အမြင်ကို ပြောသည်။
          ယခုနောက်ပိုင်းတွင် အွန်လိုင်းပေါ်တွင် Citizen Journalist (ပြည်သူထဲမှ သတင်းသမား)များ အများ အပြား ပေါ်ပေါက်လာပြီး ၄င်းတို့အား သတင်းစာ အခြေခံ သင်ကြားပေးသူများလည်း ရှိနေပြီဖြစ်ရာ သာမန်ပြည်သူအနေဖြင့်လည်း ယင်းဘာသာရပ်ကို အခြေခံတတ်ထားသင့်ကြောင်း ဦးကျော်မင်းဆွေက ပြော သည်။
          ''သက်ဆိုင်ရာ အစိုးရတင်မဟုတ်ပါဘူး။ လူတွေ ရဲ့ အသိပညာရေချိန် မြင့်ပေးဖို့ ဆိုရှယ်မီဒီ ယာတွေရဲ့ သဘောသဘာဝ ဘယ်လိုရှိတယ်ဆိုတာကို တချို့ဟာ တွေမှာ ရည်ရွယ်ချက်ရှိရှိနဲ့ လှုံ့ဆော်ဖန်တီးတာတွေ ဖြစ် နိုင်တယ်ဆိုတာမျိုး အသိပညာပေးဖို့ လိုမယ်။ အရင် ပြီးခဲ့တဲ့ ပြဿနာတွေ ကြည့်မယ်ဆိုရင် တချို့ဟာတွေက တကယ်ဖြစ်တာ မဟုတ်ဘဲ တမင်ဖန်တီးပြီး လွှင့်တဲ့ ကောလဟလတွေ၊ ဓာတ်ပုံတွေကြောင့် လမ်းလွှဲရောက် သွားတာတွေ ရှိတတ်ပါတယ်''ဟု ၄င်းက ဆိုသည်။
          ထို့အပြင်Facebook တွင် ထပ်၍ ဖြန့်ဝေသည့် (Share လုပ်သည့်) အကြောင်းအရာနှင့် ပတ်သက် ၍ တချို့ကလည်း ခံစားမှုအလျောက်၊ တချို့ကလည်း ကောလဟလမှန်းမသိ၍ မျှဝေမိခြင်းဖြင့် ကိုယ်တိုင် လည်း ကောလဟလ ဖြန့်ဝေသူတစ်ဦးဖြစ်သွားနိုင် ကြောင်း ၄င်းက သတိပေးပြောကြားသည်။
          မြန်မာနိုင်ငံတွင် Cyber Law နှင့် ပတ်သက်၍ ဥပဒေမရှိသေးဘဲ Electronic Act ဟုခေါ်သော ဆက် သွယ်ရေးဥပဒေတစ်ရပ် ရှိသော်လည်း ယင်းဥပဒေနှင့် ပတ်သက်၍ အင်တာနက်သုံးစွဲသူများ အပါအဝင် ပြည် သူများကြား ကျယ်ကျယ်ပြန့်ပြန့် မသိရှိကြပေ။ ဦးကျော်မင်းဆွေက ''ပဋိပက္ခအသွင်ဆောင်နိုင်တဲ့ အငြင်းပွားဖွယ် ကိစ္စမျိုး ဖြစ်နေမယ်ဆိုရင် အများကို  မ Share ဘဲ Information  က ကိုယ့်အတွက်ရော၊ အများအတွက်ရော အကျိုးမရှိဘူး။ အကျိုးမရှိတဲ့အပြင် အကျိုးပါ ယုတ်တယ်ဆိုရင် ထပ်ပြီး မမျှတာ အကောင်း ဆုံးပဲ''ဟု ပြောသည်။
          အိုင်စီတီညွှန်ကိန်းအရ လူဦးရေ သန်း ၆ဝ ကျော် ရှိသော မြန်မာနိုင်ငံတွင် အင်တာနက်အသုံးပြုသူ ၆ သိန်းခန့်ရှိသည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ထုတ်ပြန်ချက်အရ သိရသည်။ ထို့အပြင် ယခုနောက် ပိုင်းတွင် ကျပ် ၂ သိန်းတန် မိုဘိုင်းဖုန်းများကို ဆက် သွယ်ရေးမှ ရောင်းချပေးလျက်ရှိရာ မိုဘိုင်းဖုန်းဖြင့် အင်တာနက်အသုံးပြုမှု မြင့်တက်လာပြီး အင်တာနက် သုံးစွဲသူများ၏ ၉ဝ ရာခိုင်နှုန်းမှာ ယင်းမိုဘိုင်းဖုန်းများ ဖြင့် အသုံးပြုနေကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ ထုတ်ပြန်သည်။
          မိုဘိုင်းဖုန်းများ ဈေးနှုန်း တဆင့်ခြင်းလျော့ချပေး သည်နှင့်အမျှ မိုဘိုင်းဖုန်းနှင့်အတူ အင်တာနက် အသုံးပြု မှုများလည်း အဆမတန်များပြားလာမည်ဖြစ်သည်။ သ တင်းအချက်အလက်စီးဆင်းမှုများမှာ လည်း ပို၍အား ကောင်းလာမည်ဖြစ်ပြီး ထိုမှတဆင့် ဝါဒဖြန့်ချိမှုများမှ နေ၍ ပဋိပက္ခများ မကြီးထွားစေရန်မှာ အင်တာနက် အသုံးပြုတိုင်း ဆင်ခြင်တုံတရားနှင့် တာဝန်သိမှုအပေါ် တွင် မူတည်နေပေသည်။    

ref:themessenger

No comments:

Post a Comment