Tuesday 9 October 2012

နိုင်ငံတော်သမ္မတဦးသိန်းစိန် Myanmar Investment Forum ပြောကြားချက်




မြန်မာနိုင်ငံသည် နိုင်ငံတကာစီးပွားရေး အသိုင်းအဝိုင်းနှင့် ချိတ်ဆက်ပြီး ဈေးကွက် စီးပွားရေးစနစ် ပုံပေါ်အောင် ကြိုးပမ်းနေချိန်ဖြစ်ပါကြောင်း၊ ဒီမိုကရေစီအသွင် ကူးပြောင်းရေးအတွက် အရေးကြီးသည့် Inclusive Economic Institutions ပေါ်ပေါက်လာပြီး မိမိတို့ရရှိထား သည့် နိုင်ငံရေးဖြစ်ထွန်းတိုးတက်မှုများကို ပံ့ပိုးကူညီနိုင်မည့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှု များ၊ နည်းပညာအကူအညီများ လိုအပ်နေချိန်လည်း ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက် တည်နေရာသည်လည်း ကမ္ဘာ့စီးပွားရေး အင်ဂျင်ကြီး နှစ်ခု၏ ထိတွေ့ဆက်စပ်သည့် နေရာတွင် တည်ရှိနေပြီး အခြားတိုးတက်ဖွံ့ဖြိုးလာသည့် အာဆီယံနိုင်ငံများနှင့် ယင်းစီးပွားရေး အင်ဂျင်ကြီးများ အကြား ကုန်စည်ဆက်သွယ် တင်ပို့မှုအတွက် အရေးပါ အချက်အခြာ ကျသည့် နေရာတွင်လည်းတည်ရှိနေပါကြောင်း၊

အာရှဒေသအတွင်း ကုန်စည်ဆက်သွယ် တင်ပို့မှုပုံစံကို တိုးမြှင့်စေနိုင်မည့် အဝေးပြေး လမ်းမကြီးများ၏ အချက်အခြာနေရာတွင် ရှိနေသည့် မြန်မာနိုင်ငံသည် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုပြုသူများ၏ အထူး အလေးထား စောင့်ကြည့်ခြင်း ခံနေရသည့် အချိန်ပင် ဖြစ်ပါကြောင်း၊

မြန်မာနိုင်ငံတွင်ရှိသည့် နုပျိုသည့်လူဦးရေပုံစံ(Youthful Population) သည်လည်း စီးပွားရေးဖွံ့ဖြိုး တိုးတက် မှု ဖော်ဆောင်ရေးအတွက် အရေးကြီးသည့် လူသား အရင်းအမြစ်တစ်ခုလည်းဖြစ်ပါကြောင်း။
 
ref:hmuu zaw's FB

No comments:

Post a Comment