Tuesday 9 October 2012

RFA မြန်မာဋ္ဌာနရဲ့ Facebook စာမျက်နှာ

Tuesday, October 09, 2012
  
ဝါရှင်တန်အခြေစိုက် လွတ်လပ်တဲ့အာရှအသံ (RFA)/ မြန်မာဋ္ဌာနရဲ့ Facebook စာမျက်နှာဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အွန်လိုင်းကနေ ပျောက်သွားပါတယ်။


Like လုပ်ထားသူ တသောင်းကျော်တဲ့ Facebook Fan Page  ဖြစ်တယ်လို့ ဆိုပါတယ်။

ဘာကြောင့် ဒီ Fan Page ပျောက်ကွယ်သွားလဲ သို့မဟုတ် ဖျက်လိုက်သလဲ ဆိုတာကို RFA က ထုတ်ပြန်ကြေညာခြင်း မရှိသေးပါ။

Like လုပ်ထားသူ တထောင်ကျော်တဲ့  ရုပ်သံ Fan Page တော့ ရှိနေပါတယ်။
လိပ်စာက - http://www.facebook.com/BurmeseTV.RFA


 

 
မီဒီယာအဖွဲ့တွေက Facebook Fan Page တွေ ဖန်တီးကြတဲ့အတွက် အွန်လိုင်းပရိသတ် အများအပြား ရရှိနေကြပါတယ်။

Facebook သုံးသူ အရေအတွက်ကလည်း တနေ့တခြား တိုးပွားလာနေတာ အကောင့်ဖွင့်ထားသူ အရေအတွက် သန်းတထောင် ပြည့်သွားပါပြီ။

မြန်မာပြည်သား အွန်လိုင်းသုံးသူများအတွက်တော့ သတင်းဖလှယ်ဖို့၊ မိတ်ဆွေများနဲ့ ထိတွေ့ဖို့ ဆိုရင် Facebook ဟာ အခုချိန်ထိတော့ မရှိမဖြစ်စာမျက်နှာ လို့ ဆိုကြမယ် ထင်ပါတယ်။ 



ဧရာဝတီ


 

No comments:

Post a Comment