Tuesday 9 October 2012

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ဂျပန်နိုင်ငံ၊ NEC Corporation ဥက္ကဋ္ဌ Dr. Nobuhiro Endo ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော် အောက်တိုဘာ ၉

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ယနေ့ မွန်းလွဲ ၂ နာရီတွင် ဂျပန်နိုင်ငံ၊ NEC Corporation ဥက္ကဋ္ဌ Dr. Nobuhiro Endo ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ အား နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော်၊ သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ယင်းသို့ တွေ့ဆုံရာတွင် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း နှင့်အတူ ဆက်သွယ်ရေး၊ စာတိုက် နှင့် ကြေးနန်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်း ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးသန့်ကျော်နှင့် ဒေါက် တာ ဒေါ်ခင်စန်းရီ၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးနှင့် နိုင်ငံတော် သမ္မတရုံးမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။

ထိုသို့ တွေ့ဆုံရာ၌ မြန်မာနှင့်ဂျပန် နှစ်နိုင်ငံအကြား အဆင့်မြင့် ဆက်သွယ်မှု နည်းပညာ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲအတွက် လိုအပ်မည့် နည်းပညာဆိုင်ရာများ ကူညီ ပံ့ပိုးပေးနိုင်ရေး ကိစ္စရပ်များ အပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

No comments:

Post a Comment