Tuesday 9 October 2012

ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းအလုပ်သမားများ မြန်မာနိုင်ငံထဲသို့ ပြန်လည်ဝင်ရောက် လုပ်ကိုင်မှုများပြားလာ

 
 
 
ထိုင်းနိုင်ငံတွင် လုပ်အားခနည်းပါးလာမှုနဲ့ လူနေမှုအသုံးစရိတ် မြင့်မားလာခြင်းေ ကြာင့် မြန်မာရွှေ့ပြောင်း အ လုပ်သမားများမှ မိမိနိုင်ငံမှ စက်ရုံများသို့ ပြန်လည်သွားရောက် လုပ်ကိုင်မှု များပြားလာကြောင်း သိရှိရသည်။
မြန်မာနိုင်ငံအတွင်း ပုဂ္ဂလိက စက်ရုံများတွင် လုပ်အားခ တစ်လကို ကျပ်ငွေ ၈၀၀၀၀မှ ၁၀၀၀၀၀အ ထိရရှိခြင်းနှင့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့နှင့် ပတ်ဝန်းကျင်မြို့များတွင် လုပ်အားခ တစ်လကို ဘတ်ငွေ ၃၀၀၀မှ ၄၀၀၀အထိ ရရှိရန် အလွန်ခက်ခဲသောကြောင့် ရွှေပြောင်းအလုပ်သမားများအနေဖြင့် မိမိနိုင်ငံတွင်သာ ပြန်လည်အလုပ်လုပ်ကိုင်ရန် သွားရောက်ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

"အလုပ်သမားတွေက ပဲခူးနဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ပုဂ္ဂလိကပိုင် စက်ရုံတွေ အလုပ် လုပ်ဖို့ ပြန်ကြတာများတယ်၊ တစ်ချို့ကျတော့လည်း မြန်မာနိုင်ငံရဲ့အခြေအနေကို အသေချာမသိလို့ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ဖို့ထွက်လာကြတဲ့သူတွေရှိပါတယ်။ ထိုင်းနိုင်ငံမှာ အရင်ကတည်းက အလုပ်လုပ်ကိုင်နေတဲ့သူတွေကျတော့ ထိုင်းမှာရတဲ့လစာနဲ့ မြန်မာမှာရတဲ့လစာ သိပ်မ ကွာတော့   ပြန်သွားကြ တာတွေများပါတယ်"ဟု မြန်မာရွေ့ပြောင်းအလုပ်သမားများအရေး ဆောင်ရွက်နေသူ ကိုမိုးကြိုးက ပြောသည်။

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်၍ ရရှိသော လုပ်အားခနှင့် ထိုင်းနိုင်ငံအတွင်း စားဝတ်နေရေး၊ လုံခြုံရေးနှင့် တရားဝင် ယာယီအလုပ်သမားပါ့စ်ပို့များ၏ ကုန်ကျစရိတ်များကို မကာမိသည့်အတွက် ယခုကဲ့သို့ မြန်မာပြည်တွင်း ပြန်လည်ဝင်ရောက်ကြရခြင်းဖြစ်ကြောင်း သိရှိရသည်။

ယခုအခါ ထိုင်းနိုင်ငံအတွင်းမှ မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ပဲခူး၊ ရန်ကုန်ရှိ စက်ရုံများနှင့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းများသို့သွားရောက် အလုပ်လုပ်ကိုင်သူများရှိကြောင်း သိရှိရသည်။

"အခုထားဝယ်ရေနက်ဆိပ်ကမ်းမှာဆိုရင် နေ့စားခ တစ်နေ့ကို ဘတ်ငွေ ၃၀၀ရတယ်၊ ဒါပေမယ့် တစ်ချို့ကျတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးစနစ်ကို ယုံကြည်မှုမရှိကြတဲ့အတွက် သွားပြီးမ လုပ်ကြတာတွေ လည်းရှိတယ်၊ ထိုင်းငံထဲမှာဆိုတော့ နိုင်ငံရပ်ခြားမှာ သွားပြီးအလုပ်လုပ်ရမယ်ဆိုတော့ ထိုင်းနိုင်ငံရဲ့ အခြေအနေကိုမသိဘဲ လာရောက်လုပ်ကိုင်ကြတာတွေလည်းရှိတယ်။ ပြီးတော့ ထားဝယ်ရေနက် ဆိပ်ကမ်းမှာက ထိုင်းနိုင်ငံလောက် အလုပ်သမားကျန်းမာရေးစောင့်ရှောက်မှုတွေ မကောင်းဘူးလို့ ကျနော်တို့သိရှိရပါတယ်"ဟု ကိုမိုးကြိုးမှ ဆက်ပြောသည်။

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားများနှင့်ပက်သက်၍ ဥပဒေများမှာ အလွန်တရာမှ တင်းကျပ်ပြီး၊ အလုပ်သမားများ၏အခွင့်အရေးထက် ထိုင်းနိုင်ငံသား အလုပ်ရှင်များ၏ အခွင့်အရေးမှာ ပိုမိုများပြားကြောင်း သိရှိရသည်။

News from : The Arakan Times

No comments:

Post a Comment