Tuesday, 9 October 2012

ရွှေပြည်သာ မြို့နယ်တွင်း အုပ်ချုပ်ရေးမှူးအဖြစ် အမျိုးသမီး ၁၃ ဦး ရွေးချယ်ခံခဲ့ရ

ရန်ကုန်တိုင်းဒေသကြီးရွှေပြည်သာမြို့နယ်အမှတ်(၈)ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးအတွက် ဆယ် အိမ် စု ကိုယ်စား လှယ်ရွေးချယ် ရာတွင်အမျိုးသမီး(၁၃)ဦး ရွေးချယ်ခံခဲ့ရကြောင်း သိရှိရသည်။

"အများထောက်ခံတဲ့ ဆယ်အိမ်စုကိုယ်စားလှယ်တွေထဲကအုပ်ချုပ်ရေးမှူးအတွက်အရွေး ချယ်ခံတဲ့ ကိုယ် စား လှယ်တွေကို မူဝါဒ(၁၁)ချက်နဲ့ သေချာစီစစ်မယ်။ ပြီးရင် ကိုယ်စားလှယ်ကအမျိုးသမီးဖြစ်ဖြစ်အမျိုး သားဖြစ်ဖြစ် ခရိုင်က စီစစ်မယ်၊ ပြီးရင် တိုင်းကရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ်ခန့်အပ်သွားမှာဖြစ် တယ်"ဟု အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ကြီးကြပ်ရေးအဖွဲ့ဝင် အမှတ်(၄)ဗိုလ်ကြီးဦးလှိုင်မြင့်(ငြိမ်း)က ပြောသည်။
ဆယ်အိမ်စုကိုယ်စားလှယ်များရွေးချယ်မူခြင်းကို အဆိုပါက ရပ်ကွက်ရှိန၀ရတ်လမ်းအား ဗဟိုပြု ၍ တောင်နှင့် မြောက်နှစ် ပိုင်းခွဲကာ အောက်တိုဘာ (၆)ရက်၊(၇)ရက်နေ့များ တွင် အောင်မေတ္တာဘိုး ဘွားဓမ္မရိပ်သာကျောင်းနှင့်အမှတ်(၁၉)မူလတန်းလွန်ကျောင်းများတွင်မဲပေးရွေးချယ်ခြင်းပြုလုပ်ကျင်းပခဲ့ ကြောင်း သိ  ရသည်။

အဆိုပါ အမှတ် (၈)ရပ်ကွက်တွင် အိမ်ထောင်စုပေါင်း (၂၂၂၉) စုရှိပြီးရွေးချယ်ခံ ဆယ်အိမ်စု ကိုယ်စား လှယ် (၂၄၀)ရှိခဲ့ကြောင်း သိရသည်။

၎င်းကိုယ်စားလှယ်များထဲမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွင် ပြည်စုံရမည်အရည်အချင်း(၁၁) ချက်နှင့် စီစစ်ပြီး ကိုက် ညီမှသာလျှင်အုပ်ချုပ်ရေးမှူးအဖြစ်ရွေးချယ်ခံခွင့်ရရှိမည်ဖြစ်ကာကိုက်ညီမှုမရှိပါက အုပ်ချုပ်ရေးမှူး
ရွေးချယ်ခြင်းအတွက်သာမဲပေးခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

"ကျွန်မတို့အနေနဲ့ ဆယ်အိမ်စုကိုယ်စားလှယ်ကို မဲပေးတဲ့ အခါမှာအများအကျိုးအတွက် စိတ်ပါ လက်ပါနဲ့ လုပ်ကိုင်ဆောင် ရွက်ပေးတဲ့သူကိုပဲမဲပေးခဲ့တာပဲ။ အခုအချိန်က အမျိုးသမီးတွေလည်း အမျိုးသားတွေ နဲ့ရင်ဘောင်တန်းပြီး အလုပ်လုပ်နိုင်နေတာပဲ။ အမျိုးသားမှအမျိုးသမီးမှမဟုတ်ဘူး။ အများအကျိုး အတွက် သယ်ပိုးနိုင်မဲ့သူကိုသာမဲပေးရွေးချယ်ခဲ့တာ"ဟု အဆိုပါ ရပ်ကွက်မှ ဒေါ်သော်တာအေးက ပြောသည်။

ဆယ်အိမ်စုကိုယ်စားလှယ်များထဲမှ သတ်မှတ်အရည်းအချင်းများဖြင့်ပြည့်စုံသောအုပ်ချုပ်ရေးမှူးရွေး ချယ်ခံ ရရှိ မည့် ကိုယ်စားလှယ်များကို အောက်တိုဘာ၁၃ရက်၊ ၁၄ရက်နေ့များတွင် ထပ်မံစီစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်းသိရှိရသည်။

ရပ်ကွက် (သို့) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွင်ပြည့်စုံရမည်အရည်
အချင်းများ (ဥပဒေအခန်း ၃၊ ပုဒ်မ ၅)

(၁) နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသော နိုင်ငံသားဖြစ်ခြင်း။

(၂) အသက် ၂၅နှစ်ပြည့်ပြီးသူဖြစ်ခြင်း

(၃) သင့်တင့်သောပညာအရည်အချင်းရှိသူဖြစ်ခြင်း။

(၄) စားဝတ်နေရေးဖူလုံမှုရှိသူဖြစ်ခြင်း။

(၅) သက်ဆိုင်ရာ ရပ်ကွက် (သို့) ကျေးရွာအုပ်စုများအတွင်း

တစ်ဆက်တည်းအနည်းဆုံး (၁၀)နှစ်နေထိုင် လျက်ရှိသူဖြစ်ပြီး

လက်ရှိတာဝန်ထမ်းဆောင်ချိန်တွင် သက်ဆိုင်ရာ ရပ်ကွက် (သို့)

ကျေးရွာအုပ်စုတွင် အမှန်တကယ်နေထိုင်မည့်သူဖြစ်ခြင်း။

ခြွင်းချက်။ ဒေသခံအငြိမ်းစားဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာ ရပ်ကွက် (သို့)

ကျေးရွာအုပ်စုအတွင်း နေထိုင်မည့် ကာလကို လျော့ပေါ့စဉ်းစားနိုင်သည်။

(၆) ရပ်ရွာက ကြည်ညိုလေးစားခြင်းခံရပြီး သိက္ခာ၊ သမာဓိရှိသူဖြစ်ခြင်း။

(၇) ကျန်းမာရေးကောင်းမွန်ပြီး ပေးအပ်သည့်တာဝန်ကိုထမ်းဆောင်နိုင်စွမ်း
ရှိသူဖြစ်ခြင်း။

(၈) နိုင်ငံတော်နှင့် ရပ်ရွာဒေသ၏အကျိုးကို စေတနာထက်သန်စွာဖြင့်တာဝန်
ထမ်းဆောင်ရန် ဆန္ဒရှိသူဖြစ်ခြင်း

(၉) အတူနေမိသားစုဝင်များသည်လည်း အကျင့်စာရိတ္တကောင်းမွန်ပြီး
ရိုးသားဖြောင့်မတ်သူများဖြစ်ခြင်း။

(၁၀) တာဝန်ထမ်းဆောင်ဆဲ အစိုးရ၀န်ထမ်းမဟုတ်ခြင်း။

(၁၁) လက်နက်ကိုင်အဖွဲ့အစည်းဝင်နှင့် မတရားအသင်းအဖွဲ့များ၌ ပါဝင်သူ၊

ဆက်သွယ်သူ မဟုတ်ခြင်း စသည့် မူဝါဒ (၁၁)ချက်ဖြင့် ကိုက်ညီရမည်
ဖြစ်ကြောင်းသိရသည်။

  ref: Myit Makha

No comments:

Post a comment