Tuesday 9 October 2012

ရွေလျားမှုနည်းပါးနေသည့် e Government အခန်းကဏ္ဍအတွက် ကိုရီးယားနှင့် ပူးပေါင်းဆောင်ရွက်မည်ဟုဆို

နိုင်ငံ၏ e Government အခန်းကဏ္ဍသည် သွားရောက်ချင်သလောက် လိုက်လံရွေလျားခြင်း မရှိသည့်အ တွက် အဆိုပါ e Government လုပ်ငန်းစဉ်များကို ကိုရီး ယားနှင့်ပူးပေါင်း၍ မာစတာပ လန် ရေးဆွဲဆောင် ရွက်သွားရန်အစီအစဉ် ရှိသည်ဟု ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ ထုတ်ပြန်ပြောဆို သည်။

ကိုးရီးယားနိုင်ငံရှိ Mininistry of Klownledge Economy မှတာဝန်ရှိသူများသည် စက်တင်ဘာလအ တွင်း မြန်မာနိုင်ငံ သို့ရောက်ရှိလာခဲ့ပြီး ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးသောင်းတင်နှင့်တွေ့ဆုံ၍ e Government လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ မာစတာ ပလန်ရေးဆွဲ နိုင်ရန် ဆွေးနွေးမှုများပြုလုပ်ခဲ့သည်ဟု သိရသည်။ 
 
 ““ကျွန်တော်တို့ရဲ့ e Government အရွေ့ဟာ ကျွန်တော်တို့ သွားချင်သလောက်ကိုမရွေ့ဘူး။ မရွေ့တာကို ရွေ့အောင်ဘယ်လိုလုပ် မလဲလို့ တိုင်ပင်တဲ့အခါ တိုက်ဆိုင်စွာပဲ ကိုရီးယားမှာရှိတဲ့Ministry of Klownledge Economy ကနေ ရောက်ရှိလာပြီးတော့ e Government ကို မာစတာပလန်ရေးဆွဲပြီး လုပ်ချင်တယ်လို့ပြောပါတယ်။ ကျွန်တော်ရဲ့ ဒုတိယ၀န်ကြီးဦးသောင်းတင်နဲ့ ဒါကိုဆွေးနွေးပြီးတော့ အကျိုး ရှိတယ်လို့ဆိုလို့ရှိရင် e Government မာစတာပလန်ကို သူတို့တွေ နဲ့ MOU ရေးထိုးပြီးတော့ ဆက် လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်””ဟုဆက်သွယ်ရေး၊စာ တိုက်နှင့် ကြေးနန်းဝန်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဦးသိန်း ထွန်း ကပြောသည်။
 
ကွန်ပျူတာအသင်းများ၏ ၂၀၁၂ ခုနှစ်နှစ်ပတ်လည်အစည်းအဝေး အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီး ကအထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၌ အစိုးရသစ်တက်ရောက်လာသည့်နောက်ပိုင်း e Government လုပ်ငန်းစဉ်များ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရန် ၂၀၁၁ ခုနှစ်နှစ် အတွင်း ဆွေးနွေး ပွဲ တစ်ခုကိုပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ““အဓိက ပြဿနာက e Government လုပ်ငန်းစဉ်မှာ ရာထူးသက်မှတ်ထားတာမရှိတာတွေ၊ ဘက်ဂျက်သတ်မှတ်ထား တာမရှိတာတွေမရှိဘူး။ လုပ်ငန်းစဉ် မှာတွေ့ ရာ လူကိုခိုင်းလို့အဆင်ပြေတာမဟုတ်ဘူး။ System နဲ့ Process က တိတိကျကျရှိသလားဆိုတာ မသေချာဘူး”” ဟု မန္တလေးတိုင်းကွန်ပျူတာလုပ်ငန်းရှင် အသင်းမှ နာယက ဖြစ်သူဦးရဲမြတ်သူကဆိုသည်။

ref : I J

No comments:

Post a Comment