Tuesday 9 October 2012

စီးပွားရေးဝန်းကျင်ကောင်းတစ်ခု ရှင်သန်နိုင်စေရန် အတွက် တရားဥပဒေ စိုးမိုးရေးဟု ခေါ်ဆိုသည့် Rule of Law သည် အခြေခံအကျဆုံး ဖြစ်

 

စီးပွားရေးဝန်းကျင်ကောင်းတစ်ခု ရှင်သန်နိုင်စေရန် အတွက် တရားဥပဒေ စိုးမိုးရေးဟု ခေါ်ဆိုသည့် Rule of Law သည် အခြေခံအကျဆုံး ဖြစ်သည်ဆိုသည်ကို မိမိတို့ အစိုးရအဖွဲ့ အနေဖြင့် နားလည် သဘောပေါက် ထားပါကြောင်း၊ တရားဥပဒေ စိုးမိုးမှု ရှိစေရန် တရားရေးမဏ္ဍိုင်ပြုပြင် ပြောင်းလဲရေးကို အချိန်နှင့် တစ်ပြေးညီ ဖော်ဆောင် သွားမည်ဖြစ်ပါကြောင်း။
အခြေခံလူတန်းစား အလုပ်သမား အများစုအတွက် လိုအပ်သော အလုပ်အကိုင် အခွင့် အလမ်းများ လျင်လျင်မြန်မြန် ဖန်တီးပေးနိုင်မည့် လုပ်သားအင်အား အထူးပြု အခြေခံ ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေးကဏ္ဍများအတွက် ရင်းနှီးမြှုပ်နှံမှုများနှင့် နိုင်ငံ၏ အခြေခံ အဆောက်အအုံများ အတွက် ရင်း နှီးမြှုပ်နှံမှု များ အဓိက လိုအပ်နေပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍရင်းနှီး မြှုပ်နှံမှုများနှင့် အစိုးရမူဝါဒ အပြောင်း အလဲ များသည် ရေရှည်ဖွံ့ဖြိုး တိုးတက်မှုဆီသို့ ဦးတည်သွား နိုင်အောင် ကြိုးပမ်းနေခြင်း လည်း ဖြစ် ပါကြောင်း။

နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများသည် မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် သက်သက်သာ မဟုတ်ဘဲ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး နှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ေ ဆာင်မှု အ တွက် အထောက်အကူပြု သွားမည်ဖြစ်ပါကြောင်း။ မိမိတို့မြန်မာနိုင်ငံအနေဖြင့် နှစ်ဦးနှစ်ဖက် အကျိုးရှိမည့် နှစ်နိုင်ငံပြည်သူလူထုအကျိုးရှိမည့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်နိုင်မည့် ကိုရီးယားသမ္မတနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများကို လည်း နွေးထွေးစွာ ကြိုဆိုပါကြောင်း။

နိုင်ငံတော်သမ္မတဦးသိန်းစိန်
Myanmar Investment Forum ပြောကြားချက်မှ
(ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့)

News from : Hmuu Zaw

No comments:

Post a Comment