Tuesday 9 October 2012

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့သို့ ရောက်ရှိ ကိုရီးယားသမ္မတနိုင်ငံ KBS သတင်းဌာနမှ နိုင်ငံရေးနှင့် နိုင်ငံခြားရေးရာသတင်းထောက် Mr. Kim Yong Deok အား လက်ခံတွေ့ဆုံပြီး ရုပ်မြင်သံကြား တွေ့ဆုံမေးမြန်းခန်း အဖြစ် ဆွေးနွေးမေးမြန်းမှု များကို ပြန်လည်ဖြေကြား

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ကိုရီးယားသမ္မတ နိုင်ငံသမ္မတ မစ္စတာ အီမြောင်ဘတ်၏ဖိတ်ကြားချက်အရ ကိုရီးယားသမ္မတ နိုင်ငံတွင် ချစ်ကြည်ရေးခရီး လည်ပတ်ရန် အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ ဦးခင်မောင် စိုး၊ ဦးအေးမြင့်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ဦးရဲမြင့်၊ ဦးဉာဏ်ဝင်း၊ ဒုတိယဝန်ကြီး ဦးဟန်စိန်၊ ဒေါက်တာ ဒေါ်သိန်းသိန်းဌေးနှင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါလျက် အောက်တိုဘာ ၇ ရက်တွင် မြန်မာနိုင်ငံမှ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ရာ ဒေသစံတော်ချိန် ယနေ့နံနက် ၇ နာရီ ၃၅ မိနစ်တွင် ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့ဝင်များအား ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် သံတမန်ရေးရာ ဦးစီးဌာန အကြီးအကဲ Mr. Bae Jae Hyun ၊ တောင်အာရှနှင့်ပစိဖိတ်ရေးရာဌာန အကြီးအကဲ Mr. Hae Yun Park၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Kim Hae Yong၊ ကိုရီးယား သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးညွန့်လှိုင်၊ စစ်သံမှူး ဗိုလ်မှူးချုပ် မြင့်ဟိန်း၊ သံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့် မိသားစုများ က လေဆိပ် တွင် ကြိုဆိုနှုတ်ဆက် ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် ခေတ္တတည်းခိုမည့် ဆိုးလ်မြို့ရှိ Lotte ဟိုတယ် သို့ မော်တော်ယာဉ် များဖြင့် ရောက်ရှိကြသည်။

နိုင်ငံတော်သမ္မတသည် မွန်းလွဲ ၁ နာရီတွင် ဟိုတယ်ဧည့်ခန်းမ၌ ကိုရီးယားသမ္မတနိုင်ငံ KBS သတင်းဌာနမှ နိုင်ငံရေးနှင့် နိုင်ငံခြားရေးရာသတင်းထောက် Mr. Kim Yong Deok အား လက်ခံတွေ့ဆုံပြီး ရုပ်မြင်သံကြား တွေ့ဆုံမေးမြန်းခန်းအဖြစ် ဆွေးနွေးမေးမြန်းမှု များကို ပြန်လည်ဖြေကြားသည်။
 
ref:www.president-office.gov.mm

No comments:

Post a Comment