သမ္မတ ဦးသိန်းစိန် တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ်နှင့် တွေ့ဆုံ
တောင်ကိုရီးယားနိုင်ငံတွင်
ရောက်ရှိနေသော သမ္မတ ဦးသိန်းစိန်သည် တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ်နှင့်
အောက်တိုဘာလ ၉ ရက်နေ့ (ယနေ့) က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ တွင်
တွေ့ဆုံရာ ၌ နှစ်နိုင်ငံကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု
တိုးမြင့်ရေးအတွက် နှစ်နိုင်ငံကြား ရင်းနှီးမြုပ်နှံမှု အာမခံစာချုပ်ကို
ချုပ်ဆိုရန် တွေ့ဆုံဆွေးနွေးမှုများ စတင်ရန်အတွက် သဘောတူခဲ့ကြောင်း သိရသည်။
ထို့ပြင် နှစ်နိုင်ငံကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှု
တိုးမြင့်ရေးကိုလည်း သဘောတူခဲ့ကြသည်။
No comments:
Post a Comment