Monday 10 September 2012

WHAT REPORTER MEANS???- သတင်းသမားဟူသည်-------


REPORTER MEANS???- သတင်းသမားဟူသည်-------

စာနယ်ဇင်းလွတ်လပ်ခွင့်ကို ပြည်သူတွေ ကြိုက်သည်။ စာပေစီစစ်ရေးကို လူတွေက မလိုလားပါ။ အဲဒီအထဲမှာ သတင်းသမားတွေက ပိုပြီး စာနယ်ဇင်းလွတ်လပ်ခွင့် ရှိစေချင်ပြီး စာပေစီစစ်တဲ့ ဆင်ဆာအဖွဲ.ကို ပိုပြီး မရှိစေချင်ဆုံး အုပ်စုတွေပါ။  ။

တချိန်တည်းမှာလည်း သတင်းသမားတွေကိုယ်တိုင်က တာဝန်ခံ တာဝန်ယူသော- Responsible and Reputatable ဖြစ်တဲ့ သတင်းသမား Professionalism ဖြစ်ဖို.လိုသည်။ သတင်းသမားတွေ လိုက်နာရမည့် Journalistic ethic and Code of Conducts စည်းကမ်း ကျင့်ဝတ်ဆိုတာတွေလဲ စောင့်စည်းဖို. လိုပါသည်။


မျှတမှု-Fairness, ဘက်မလိုက်မှု-Impartiality, သမာသမတ်ကျမှု-Objectivity, တဖက်စောင်းနင်း မဖြစ်ခြင်း၊ ညီမျှမှုဖြစ်ခြင်း-Balance ဖြစ်တဲ့အပြင် အချက်အလက်တွေ အပေါ်မှာ အခြေခံရမည်ဖြစ်ပါသည်။ Based on Facts, not on fiction ဖြစ်ဖို.လိုသလို အချက်အလက်တွေကလည်း မှန်ကန်တိကျဖို. Correct and Truthful ဖြစ်ရပါမည်။ News နဲ. Views— သတင်းနဲ. ထင်မြင်ချက်ဟာ လုံးဝ မတူပါ။

ဒါတွေဖြစ်ဖို.ဆိုတာကလည်း အပြန်အလှန် ထိမ်းကြောင်းမှု- Check and balance ဖြစ်နေမှ သာ အလွဲးသုံးစားပြုခြင်း Abuse and Use the position လုပ်ပိုင်ခွင့်တွေကို တလွဲမသုံးနိုင်မှာ ဖြစ်ပါသည်။

ကိုယ့်ကိုယ်ကို သမာဓိရှိတဲ့ တာဝန်သိတဲ့ ကျင့်ဝတ် ဂုဏ်သိက္ခာတွေနဲ. ညီညွတ်တဲ့ စနစ်တကျ လေ့လာပြီး တတ်ကျွမ်းတဲ့ သတင်းသမားတဦး Media Professional or Professional Journalist တဦးလို.   ကြွေးကြော်ထားရင်တော့ ကိုယ်တိုင်ကလည်း Professional ethic နဲ. ကိုက်ညီရမည့်အပြင် Code of Conducts လိုက်နာစောင့်ထိမ်းရမည့် ကျင့်ဝတ်တွေကိုလည်း အမြဲတမ်း ရိုသေလေးစားဖို. လိုပါသည်။ သတင်းရေးတဲ့အခါ ကိုယ်ပိုင် ခံစားချက် Personal view, personal appeal, personal feeling တွေကို ချန်ထားခဲ့ရမှာ ဖြစ်ပါသည်။

သို.မှသာ တကယ် သတင်းသမားတဦးအနေဖြင့် လူတွေရဲ့ ယုံကြည်လေးစာမှု အားကိုးမှုကို   ရေရှည်ခံယူနိုင်မည်ဖြစ်ပါသည်။

အဲလိုမဟုတ်ပဲ ကိုယ့်လက်ထဲမှာ ရှိနေတဲ့ ကလောင်တချောင်း၊ ကွန်ပြူတာ တလုံး အသံဖမ်း စက်တခု   နောက် ကင်မရာတလုံးရှိတာနဲ. ပြောချင်တာ ပြောမယ် ရေးချင်တာ ရေးမယ် ရိုက် ချင်တာတွေ ရိုက်ပြီး တင်ပြမယ်ဆိုရင်တော့ မကြာခင်မှာပဲ အဲဒီ သတင်းသမားတဦးရဲ့ အလုပ် တွေ ရေးသားတင်ပြမှုတွေနဲ. ကျင့်ဝတ် စည်းကမ်းတွေကို စောင့်ထိမ်းမှုရှိတဲ့သူ ဟုတ် မဟုတ် စာဖတ်သူ ပရိတ်သတ်က အကဲဖြတ်ပြီး တန်ဘိုးကပ်ခါ ဈေးဖြတ်တာကို ခံရမှာ ဖြစ်ပါသည်။

ကုမ္မဏီတခုမှာ အစုရှယ်ယာပိုင်ရှင်တွေက တကယ့် ပိုင်ရှင်တွေဖြစ်သလို သတင်း မီဒီယာနဲ. စာနယ်ဇင်းတွေမှာလည်း စာဖတ်သူ ပရိတ်သတ်-Audience or Reader တွေဟာ ပိုင်ရှင်အစစ် ရှယ်ယာဝင်တွေ ဖြစ်တယ်ဆိုတာ မမေ့လျော့ဖို. လိုပါသည်။

ဒါကြောင့် ပရိတ်သတ်တွေကို မသိဖူးထင်ပြီး ပါးပါးလေးနဲ. ငါတော့ ကစားလိုက်မယ် လိုတဲ့သူ ကို တင်ပြီး မလိုသူကို ထိုးချဖို. ငါ့ကလောင် ငါ့လုပ်ပိုင်ခွင့် ဂွင်လေးနဲ. ဘိမ်းမောင်းတီးမယ်ဆို ရင်တော့ အဲဒီလို သိက္ခာ မရှိတဲ့ စာနယ်ဇင်း ကျင့်ဝတ်နဲ.မညီတဲ့ ဂုဏ်သိက္ခာမဲ့တဲ့ သတင်းသမား ဟာ ကြာကြာ ရပ်တည်နိုင်မှာ မဟုတ်ပါ။

သတင်းသမားအတွက် ပရိသတ်၏ Trust ယုံကြည်လေးစားမှုဟာ အခရာပါ။ အသက်ပါ။ ပရိ သတ်က မယုံကြည်တော့ဖူးဆိုရင်ဖြင့် ဟားဗက်တက္ကသိုလ်ကနေ စာနယ်ဇင်းနဲ. ဒေါက်တာ ဘွဲ. PhD ရထားလဲ သတင်းသမားအဖြစ် ရေရှည်ရပ်တည်နိုင်မှာ မဟုတ်ပါ။

ပြောရရင် သတင်းသမားတွေဟာလည်း ကျောင်းဆရာတွေလိုပဲ စေတနာက အတော် အရေး ကြီးတဲ့ အချက်ပါ။ ဘက်လိုက်လို. မဖြစ်ပါ။ တဖက်စောင်းနင်း မလုပ်သင့်ပါ။ ကိုယ်လူ တင်ပြီး တခြားသူကို နင်းဖို. ဖိမယ်ဆိုရင် ပရိသတ်က မြင်တတ်တာမို. ကိုယ့်ပဲ ခြောက်ထဲ ကျသွား မည်သာ။

အခုတလော ပြည်တော်ပြန်တွေ နာမည်ပျက်နှင့် ကျော်ဇော်တဲ့-BL-Black List ထဲက အကောင်ကြီးကြီးဆို သူတွေ ပြည်တော်ပြန်လာတော့ မြန်မာပြည်မှာ အထူးသဖြင့် ရန်ကုန် သတင်းလောကမှာ သတင်းသ မားတွေ ကုလားဘုရားပွဲလို ဖြစ်နေခဲ့ပါတယ်။

ဘယ်နားမှာပဲ သံပုံးပဲ တီးတီး ပန်းကန်ပြားပဲ ခေါက်ခေါက် အရင်ဆုံးနဲ. တရုန်းရုန်းနဲ. ကင်မရာ တွေ တဖျပ်ဖျပ်နဲ. ထိပ်ဆုံးက ရောက်လာသူတွေဟာ သတင်းသမားတွေပါ။ ဒီနေရာမှာ ဘယ် လောက်များ သတင်းတန်ဘိုး- News Worthy ဖြစ်လို.လည်း အခုလောက် သဲသဲခပ် ရွစိတက် နေရတာ   မေးစရာ ဖြစ်လာပါတယ်။ ရခိုင်ကိစ္စ၊ ရေကြီးတဲ့ကိစ္စ။ တောင်သူလယ်သမားတွေ ဆန္ဓပြတဲ့ကိစ္စ၊ လက်ပံတောင်း တောင်မှာ ရွာသားတွေ ဆန္ဒပြတဲ့ကိစ္စ။ ကချင်က တိုက်ပွဲကိစ္စ။ ဒုက္ခသည်တွေကိစ္စ။ လွတ်တော်မှာ Foreign Investment law ကိစ္စတွေအတွက် သတင်း ထောက်တွေ အချိန်ယူ လူသုံးပြီး Dig and Depth ဖြစ်အောင် Investigative Reporting တွေ လုပ်လို.ရတဲ့ Human Interest Stories တွေ ရှိနေပါလျက် ထပ်ခါတလဲလဲ ဒီအကြောင်း ပဲ ပြောနေတဲ့သူတွေနောက် တကောက်ကောက် လိုက်နေခြင်းဟာလည်း လွဲတော့ လွဲနေသလိုပါ။

အဲဒီလိုဖြစ်နေရင်တော့ သတင်းသမားတွေကို တန်ဘိုးထားမှာ မဟုတ်ပဲ လွယ်ပါတယ် ပူတူး တူးဆိုပြီး အသုံးချသွားမှာ စိုးရိမ်ရပါသည်။ သတင်းသမားတွေ လာစေချင်ရင် သံချောင်း ခေါက် လိုက်ယုံပဲ လို. ဖြစ်သွားနိုင်ပါသည်။ သူများတိုင်းပြည်တွေမှာ သတင်းထောက်တွေ လာဖို. မနည်း အားထုတ်ရပြီး သတင်းထောက်တဦးမှ မလာတဲ့ သတင်းစာရှင်းလင်းပွဲ တွေ တောင်ရှိပါသည်။

တရုန်းရုန်းနဲ. နောက်ကနေ တကောက်ကောက်လိုက်နေပေမယ့် လုပ်ရမည့် အိမ်စာကျတော့ မပြင် ဆင်ထားပဲ ရှေ.ရောက်တဲ့အခါ Open Questions တွေ တင်ပြီး မိုက်ကရိုဖုန်းကို ပါးစပ် နား ထိုးအပ်တာဟာ သတင်းသမား စစ်စစ်တွေရဲ့ လုပ်ထုံးမဟုတ်ပါ။ ဘယ်လို ယူဆပါသလဲ ဘယ်လို ထင်ပါသလဲ။ ဘယ်လို မြင်ပါသလဲ ဆိုတဲ့--- ပြောချင်တာ ပြောခွင့်ရအောင် ဖွင့်ပေး ပြီး သတင်းမေး သတင်းယူတာ တကယ့် စစ်မှန်တဲ့ သတင်းသမား Professional Reporter တွေက မလုပ်ကျပါ။

လိုချင်တဲ့အချက်အလက်တွေကို ရအောင် သေသေခြာခြာနဲ. မေးခွန်းတွေကို လိုတိုရှင်းနှင့် Craft လုပ်ဖို. လိုပါသည်။ ပြောတဲ့အခါ သေခြာနားထောင်-Listening လုပ်ပြီး အဖြေထဲမှာ ဒွိဟဖြစ်တာ ခြားနား ချက်တွေရှိတာတွေပါလာရင် Back-Up Question နဲ. Follow up လုပ်ပြီး လွတ်မထွက်အောင် အမိအရ ဖမ်းဆုပ်ထားဖို.ဆိုတာ တကယ့် တွေ.ဆုံမေးမြန်းခန်းရဲ့ အနုပညာ Art of Interview လို. ခေါ်ရမှာပါ။

ရန်ကုန်မှာ အခုတလော နာမည်ထွက်နေတဲ့ သတင်းထောက် အမျိုးသမီးတဦး ကိုနိုင်အောင် အိမ်မှာ အင်တာဗျူးတဲ့အကြောင်း ဖတ်လိုက်ရပါတယ်။ အင်တာမဗျူးခင်ကတည်က မေးခွန်း တွေ ကြိုပြီး အသိပေးတတ်တဲ့ ကျမရဲ့ အကျင့်လို. စစခြင်း ဖတ်လိုက်ရတော့-- ဟာ ဘယ်လို ဟာကြီးလဲလို. တခါတည်း တွေးမိပါတယ်။

တကယ်တော့ နိုင်ငံရေးသမားတွေက မေးခွန်းတွေကို ကြိုသိချင်ကျပေမယ့် Professional Journalist တွေ ဘယ်တော့မှ အဲဒီလိုမျိုး လုပ်ဖို. တောင်းဆိုလာရင်တောင် လက်ခံလေ့ Deal လုပ်လေ့မရှိပါ။ မေးခွန်းကို ကြိုအသိပေးရင် ၀ါဒဖြန်.သလို ကိုယ့်ဖက်က သူ.ရဲ့စကား အာဘော် Massage တွေကို ကူညီဖြန်.ပေးသ လို ဖြစ်တာမို. တကယ့် သတင်းသမားအစစ်တွေက ဒါမျိုး လက်မခံပါ။

မေးခွန်းတွေကို ကြိုသိထားရင် ကြိုပြင်ဆင်ထားတော့ တကယ့် ရင်ထဲ စိတ်ထဲ ယုတ္တရက် ပေါ်လာတဲ့ အဖြေတွေမဟုတ်ပဲ Prep Answers ပြင်ထားတဲ့ စကားလုံး လှလှလေးတွေနဲ. ကိုယ့်က ပန်းကုံးလို သီပေးသလို ဖြစ်သွားစေပါမည်။ ဒါကြောင့် On the Spot မှာပဲ ပေါ်လာ တဲ့အတိုင်း ထင်မထား   တွေးမထား ပြင်ဆင်မထားတဲ့ မေးခွန်းတွေ မေးနိုင်ဖို.ဟာ သတင်းသမား ကောင်းတွေရဲ့ အလုပ်ပါ။  ဒါကြောင့် ကျမရဲ့ အကျင့်အတိုင်း မေးချင်တဲ့ မေးခွန်းတွေကို ကြို အသိပေးထားလိုက်တယ် ဆိုတာ ဖတ်လိုက်ရတော့ ဘယ်လိုဟာကြီးလဲ ဆိုတာ စိတ်ထဲမှာ ဖြစ်သွားရတာပါ။ ။ တကယ့် စာနယ်ဇင်း အစစ်အမှန်လောကမှာ ဒါမျိုးမှ မရှိတာ။

နောက်တခုက တွေ.ဆုံ မေးမြန်းခန်း လုပ်တဲ့အခါ မေးခွန်းကို မေးချင်တာတွေကို အာရုံ မစိုက်ပဲ တဖက်က လူ ဘာတွေ ဖြေနေ ဘာတွေ ပြောနေတာလည်းဆိုတာ သေခြာ ဂရုစိုက် နားထောင်ဖို.လိုပါသည်။ ဒါမှ ထောက်စရာ Back-up or Clarify or Follow up နဲ. အဓိပ္ဗါယ် ပြည့်ပြည်စုံစုံရဖို. ကျိုးစားနိုင်မှာပါ။

အဲဒီ သတင်းထောက် မေသင်္ကြန်ဟိန်နှင့် ကိုနိုင်အောင်တို. အမေးအဖြေလုပ်တဲ့ထဲက အပိုင်းလေး တခုကို ဥပမာအနေဖြင့် ပြလိုပါတယ်။

မေး။       ။ အကိုတို့အခုလိုဝင်လာမယ်ဆိုတဲ့အပေါ်မှာကော လေဆိပ်မှာဖမ်းပြီးတော့ပေါ့နော် ဖမ်းဆီးလိုက်မှာမျိုး အဲ့လိုစိတ်ပူတာမျိုးကောရှိခဲ့ပါသလားရှင့်။

ဖြေ။        ။ကျနော့်စိတ်ထဲမှာ အမှန်အတိုင်းပြောရင်တော့ အဲ့ဒါသိပ်မရှိဘူး ။ ဟိုတစ်နေ့နေ့တချိန်ချိန်ပေါ့ဗျာ
ကျွန်တော်တို့အားလုံးက ဒီမှာအပြီးပြန်လာလို့ရလို့ ပြန်လာလို့ရှိရင်လည်း တစ်နေ့နေ့တချိန်ချိန်ဒီလိုမျိုးကြုံရင် ကြုံမယ်
ဆိုတာလည်း ရင်ဆိုင်ထားပြီးသားပါ။ အခုတစ်ခေါက်လာတဲ့အချိန်မှာပြောမယ်ဆိုရင်တော့ ကျနော်မှာ အဲ့လိုစိတ်ထဲမှာလည်းမထင်ထား သလို ထင်စရာအကြောင်းလည်းမရှိဘူးလို့ပြောရမှာပေါ့နော်။  ဒါကတော့ အတင်းသက်သက်မဲ့ ယုံကြည်မှုပေးတာတော့မဟုတ်ပါဘူး။       ဟို ကျွန်တော်တို့လူကြီးလူကောင်းဆန်ဆန်အလုပ်လုပ်ကြတာပဲဆိုတော့ ကျနော် အဲ့သဘောကိုပဲဖြစ်ပါတယ်။

ဒါပေမဲ့စိတ်လှုပ်ရှားတယ်ဆိုတာကတော့ ခုနပြောသလိုပေါ့တစ်သက်လုံးပြန်နင်းခွင့်မရတဲ့  ဒီအမိမြေ ကိုပြန်နင်းခွင့်ရတဲ့ စိတ်လှုပ်ရှားမှုကတစ်ပိုင်းရှိသလိုတစ်ဖက်မှာလည်း ကျွန်တော်တို့ပြောပြောနေ တဲ့ မြောက်ပိုင်းကိစ္စပေါ့ ဒီကိစ္စတွေနဲ့ပတ်သက်လို့လည်းဖြစ်တဲ့အခါကျတော့ အော်ဒါကတော့အ   ခက်အခဲလေးတွေပေါ့ စိန်ခေါ်မှုလေးတွေလည်းရင်ဆိုင် ရမယ်ဆိုတဲ့အပေါ်မှာတော့ စိတ်လှုပ်ရှားမှုတော့ ရှိတာပေါ့။

မေး။      ။ဟုတ်ကဲ့ပါရှင့်ရန်ကုန် လေဆိပ်မှာအကို့ကိုသတင်းထောက်တွေက၀ိုင်းပြီးတော့မေးကြတယ်၊မေးတဲ့ထဲမှာလည်း မြောက်ပိုင်း ကိစ္စတွေလည်းပါတယ်ဆိုတော့လေ။ အဲ့လိုအခြေအနေမျိုးနဲ့ ခုလိုမျိုး တွေ့လိမ့်မယ်လို့ မျှော်လင့်ထား ခဲ့သလား၊ အဲဒီအတွကရော၊ ပြင်ဆင်ခဲ့တာမျိုးရော ရှိပါသလားရှင့်။

(ရုတ်တရက် သူမျက်နှာပျက်သွားသလိုပဲလို့ ထင်လိုက်မိတယ်- သူကတော့ မျက်နှာသိပ်ပျက်ပုံမရဘဲ အေးအေးဆေးဆေးပဲ ဆက်ဖြေခဲ့တယ်)

ဖြေ။        ။ကျနော်နဂိုကတည်းက ပြောထားတော့ လေဆိပ်မှာသတင်းစာရှင်းလင်းပွဲလုပ်မယ်လို့ပြောထားတော့
တစ်စုံတစ်ရာတော့ မေးလာကြမှာပဲလို့ တွေးထားပါတယ်။  မြောက်ပိုင်းကိစ္စလည်း ပါမယ်လို့   မျှော်လင့်ထားပြီးသားပါ။ ဒါပေမဲ့ ရည်ရွှန်းပတ်ရွှန်းနဲ့ပြောရရင်တော့တစ်သက်နဲ့တစ်ကိုယ် ဒီလောက်များတဲ့ ကင်မရာနဲ့တော့အရိုက်မခံဘူးဘူးပေါ့လေ။ဆိုတော့အဲ့တာ လေးတွေ့တဲ့အခါ  ကတော့ နည်းနည်းတော့…အော်..ဒီမှာမီဒီယာလွတ်လပ်ခွင့်များတော်တော်လေး ရနေပြီးလားပေါ့လေ ။

မေး ။        ။ဟုတ်ကဲ့ အကို ဒါကို မီဒီယာလွတ်လပ်ခွင့်ရနေပြီလို့မြင်တာလားရှင့်။

ဒီအမေး အဖြေ အပိုင်းလေးကို ကြည့်လိုက်တာနဲ. တခုခု လွဲချော်နေတာကို သတိထား မိပါသည်။ ဂရုစိုက် နားမထောင်လို. ဖြစ်သွားတာလား--- သို.မဟုတ် သတင်းသမားကိုယ်တိုင် က အကြောင်းတခုခုအတွက် ကာကွယ်ပေးစေချင်လို.လား ဆိုတာကတော့ ကာယကံရှင်ပဲ အသိဆုံး ဖြစ်မှာပါ။

ကိုနိုင်အောင် မြန်မာပြည် လေဆိပ်ရောက်တဲ့အခါ စိတ်ပူတာတွေ ရှိသလားလို. မေးလိုက်တဲ့ အခါ ကိုနိုင်အောင်က လူကြီးလူကောင်းတွေ လုပ်တဲ့အလုပ်ဖြစ်လို. အစိုးရကတော့ ဖမ်းဆီးမယ်လို မထင်ဖူး မစိုးရိမ်ဖူး-- ဒါပေမယ့် မြောက်ပိုင်း ABSDF ကိစ္စတွေ ပြောကျ ဆိုကျ တာတွေ ရှိနေတော့ ဒီအခက်အခဲတွေ စိန်ခေါ်မှုတွေက ရင်ဆိုင်ရမယ့်အရာတွေ ဖြစ်နေတော့ စိတ်လှုပ်ရှားမှုတော့ ဖြစ်တာပေါ့လို.---

ပရိသတ်အများစု မြန်မာပြည်သူတွေ အများစု သိချင် ကြားချင်နေတဲ့ မြောက်ပိုင်း ကျောင်းသားတွေ အစုလိုက် အပြုံလိုက် သတ်ဖြတ်တဲ့အမှုကို ကာယကံရှင် တာဝန်ရှိသူ ကိုယ်တိုင်က အခက်အခဲတွေ စိန်ခေါ်ချက်တွေ ရင်ဆိုင်ရမယ့်အရာ တွေဖြစ်နေလို. စိတ်လှုပ်ရှားပါတယ် လို. စပြီး ဖွင့်ပြောလာတဲ့အပေါ် ဘာကြောင့် သတင်းထောက် မေသင်္ကြန်ဟိန်က--Follow up မေးခွန်းဖြင့် ဘာကြောင့် စိတ်လှုပ်ရှားရသလဲ ဘာကြောင့် စိန်ခေါ်မှုတွေအဖြစ် အခက်အခဲတွေဖြစ်တယ်လို. ပြောရတာပါလဲရှင်း လို- ကာယကံရှင် ကိုနိုင်အောင်ကို ရှင်းပြဖို. Verify လုပ်ဖို. မေးခွန်းမထုတ်ခဲ့တာလည်း ဆက်ပြီး မမေးခဲ့တာလည်း---- ဆိုတာ--- မေးစရာ ဖြစ်စေပါသည်။

နစ်နာသူတွေ မြောက်ပိုင်းက တောတွင်းပြန် ခံရသူတွေက ဒီကိစ္စမှာ ကိုနိုင်အောင်မှာ တာဝန်ရှိပါတယ်လို. သတင်းစားရှင်းလင်းပွဲ လုပ်ပြီး တရားဝင် ထုတ်ဖော်ထားတာ ဖြစ်လို. သူတို.ပြောတာ ဟုတ်ပါသလား--- ဒီ ကျောင်းသား လူသတ်မှုကြီးမှာ ဘယ်သူတွေမှာ တကယ် တာဝန်ရှိခဲ့ပါသလဲ အဲဒီအချိန်က ABSDF အဖွဲ.၏ တာဝန်အရှိဆုံး ခေါင်းဆောင်တဦးအနေဖြင့် ဖြေကြားပေးပါလို.-----

ဒီလောက်အထိ ဒီအကြောင်းအရာ ဒီအခြေအနေမျိုး ရောက်နေ ပါလျက် သတင်းထောက် အမျိုးသမီးက ဘာကြောင့် ထောက်ပြီး မမေးခဲ့ပဲ လမ်းကြောင်းလွဲ သွားခဲ့တာလည်း။

ဒီကိစ္စဟာ စာဖတ် ပရိတ်သတ်တွေမပြောနဲ. သူ.မရဲ့ သတင်းဌာနက သတင်းထောက် လူငယ် တွေ ကိုယ်တိုင် စိတ်ဝင်စားတဲ့ကိစ္စပါလို. အစ ကနဦးမှာ စကားခံထားပါလျက် ဘာကြောင့် ကာယကံရှင် ကိုနိုင်အောင်ကိုယ်တိုင်က တိုက်ရိုက်မမေးတဲ့ အရာကို အစ ဖော်ပြီး ပြောလာ တဲ့အပေါ် သတင်းသမား တဦးက ဒီလောက် အရေးကြီးပြီး စိတ်ဝင်စားတဲ့ လူတွေ သိသင့် သိထိုက်တဲ့ အချက်ကို ကာယကံရှင် တာဝန်ရှိသူတဦး ကိုယ့်ရှေ.မှာ လာပြီး စကားခံနေပါ လျက် တည့်တည့် မေးမထွက်ခဲ့တာ ဘာကြောင့် လည်း---။ စနစ်တကျ လေ့.ကျင့် ထားသူ မဟုတ်လို. မသိလိုက်တာလား သို.မဟုတ်ပဲ သိသိကြီးနဲ. ဟ ပေးလိုက်တာလား စဉ်းစားစရာ တွေ ဖြစ်စေပါသည်။

မေးသင့်တဲ့ မေးခွန်းကို နောက်ဆက်တွဲအဖြစ် ဆက်မမေးပဲ ကိုနိုင်အောင်ကို ရှောင်ထွက်လို. ရအောင် လမ်းလွဲစေတဲ့သဘောနဲ.---

အဲ့လိုအခြေအနေမျိုးနဲ့ ခုလိုမျိုး တွေ့လိမ့်မယ်လို့ မျှော်လင့်ထားခဲ့သလား၊ အဲဒီအတွကရော၊ ပြင်ဆင်ခဲ့တာမျိုးရော ရှိပါသလားရှင့်။

ဆိုတဲ့ Open Ended Quesiton နဲ. ဖွင့်ပေးလိုက်ပြီး ပြောချင်တာ ပြော ဖြေချင်တာ ဖြေလို.ရအောင် တမင် သက်သက် လုပ်ပေးလိုက်သလို ဖြစ်စေပါသည်။  ။ ဒီလို အချက်တွေက သတင်းသမားတွေအပေါ် ပရိတ်သတ်တွေ နားလည်မှု လွဲတဲ့အပြင် အယုံအကြည်ပါ ပျက်စေပါ။ ။

ဒီတော့လည်း ကိုနိုင်အောင်က မြောက်ပိုင်းကိစ္စကို ဖေါ့ဖေါ့လေး ပြောပြီး ဟာသပါနှောကာ အကြောင်း အရာတခုကို အခုလို ပြောင်းလိုက်ပါသည်။

မြောက်ပိုင်းကိစ္စလည်း ပါမယ်လို့ မျှော်လင့်ထားပြီးသားပါ။ ဒါပေမဲ့ ရည်ရွှန်းပတ်ရွှန်း နဲ့ပြောရရင်   တော့တစ်သက်နဲ့တစ်ကိုယ် ဒီလောက်များတဲ့ ကင်မရာနဲ့တော့အရိုက်မခံဘူးဘူးပေါ့လေ။  ဆိုတော့ အဲ့တာ လေးတွေ့တဲ့အခါကတော့ နည်းနည်း တော့…အော် ..ဒီမှာမီဒီယာ လွတ်လပ်ခွင့် များတော်တော်လေး ရနေပြီးလားပေါ့လေ ။

မေး ။        ။ဟုတ်ကဲ့ အကို ဒါကို မီဒီယာလွတ်လပ်ခွင့်ရနေပြီလို့မြင်တာလားရှင့်။

ကဲ အရေးကြီးတဲ့ လူတွေအများ စိတ်ဝင်စားတဲ့ မြောက်ပိုင်း အုပ်စုဖွဲ. သတ်ဖြတ်တဲ့ လူသတ်မှုကြီးကနေ
စာနယ်ဇင်း သတင်းအလုပ်နဲ.ဘာမှ မဆိုင်တဲ့ ကိုနိုင်အောင်ကို သတင်းထောက် မေသင်္ကြန်ဟိန်က မီဒီယာလွတ်လပ်ခွင့်တွေ ရနေပြီလို. မြင်ပါသလား--- ဆိုတဲ့ နောက် ဆက်တွဲ မေးခွန်းတွေနဲ.--- လမ်းလွဲပြီး တခြား အကြောင်းအရာစီ ဆွဲခေါ် ထုတ်သွားသလို ဖြစ်မနေတော့ဘူးလား။  ။ ဒီတော့ ကိုယ့် လူမို. ဖွဖွလေးနဲ. ဟပေးပြိး ဟို ပြိုင်ဖက်ဖြစ်တဲ့ မိုးသီးကျတော့ အပိုင်း(၅) ခွဲပြီး---မီးကင်သလို Grilled လုပ်ခဲ့တာမျိုးတွေ ရေးသားခဲ့တော့ အဲဒီလိုမျိုးဟာတွေဟာ စာနယ်ဇင်း ကျင့်ဝတ်ကို တကယ်   လေးစားလိုက်နာတဲ့ တန်ဘိုးထားတဲ့ စောင့်စည်းတဲ့ သတင်းသမား Professional Journalist တွေက လုပ်လေ့ မရှိပါ။

လုပ်ရင် Balance လဲ မဖြစ်။  Fair လဲ မဖြစ်တဲ့အပြင်  Objectivity, Impartiality မဖြစ်တာကြောင့် ဒါမျိုးကို bias ဘက်လိုက်တယ် မျက်နှာလိုက်တယ်ဆိုတဲ့အချက်တွေနဲ. စာဖတ် ပရိတ်သတ်တွေက ထောက်ပြလာမှာ သေခြာပါသည်။

ဒါကြောင့် သတင်းသမားဆိုရင် အမြဲတမ်း ကိုယ်တိုင်ကလဲ စာနယ်ဇင်း ကျင့်ဝတ် Journalistic Ethic ရှိဖို. လိုတဲ့အပြင် လုပ်တဲ့အခါမှာလည်း Professional ဖြစ်ရမည့်အပြင် သတင်းသမားတွေ လိုက်နာ စောင့်ထိမ်းရမည့် စည်းကမ်း ကျင့်ဝတ် Code of Conducts တွေကို ထိမ်းသိမ်းမှာသာ လူရိုသေ ရှင်ရိုသေတဲ့ ရေရှည်ခံတဲ့ တာဝန်ယူ တာဝန်သိ သိက္ခာရှိတဲ့ Responsible and Reputable Reporter/Journalist အဖြစ် ရင်မော့ကာ ကိုယ့် အလုပ်ကိုယ် ရဲရဲ လုပ်ရဲ ရပ်တည်ရဲပြီး ပြောရဲ ဆိုရဲ ရေးသားရဲတယ့် တကယ့် သတင်းသမား ဖြစ်ပေလိမ့်မည်။

သတင်းသမားဟူသည် ဒီအချက်တွေနဲ. ကိုက်ညီဖို. အထူး လိုပေသည်။

ref:Udp Myanmar

No comments:

Post a Comment