Monday 10 September 2012

တရုတ် search engine ကုမ္ပဏီ Baidu က ပြိုင်ဘက် မိုဘိုင်း browser များထက် ၂၀ ရာခိုင်နှုန်း ပိုမိုလျင်မြန်သည့် မိုဘိုင်း browser သစ်တစ်မျိုးကို Android ဟန်းဆက်များအတွက် ဖြန့်ချိ


တရုတ် search engine ကုမ္ပဏီ Baidu က ပြိုင်ဘက် မိုဘိုင်း browser များထက် ၂၀ ရာခိုင်နှုန်း ပိုမိုလျင်မြန်သည့် မိုဘိုင်း browser သစ်တစ်မျိုးကို Android ဟန်းဆက်များအတွက် ဖြန့်ချိပေးခဲ့သည်။
Baidu Explorer ဟု အမည်ရသည့် အဆိုပါ မိုဘိုင်း browser သစ်ကို နှစ်စဉ်ကျင်းပပြုလုပ်သည့် developer conference တွင် မိတ်ဆက်ကြေညာခဲ့ခြင်းဖြစ်ပြီး ၎င်းတွင် T5 ဟုခေါ်သည့် engine သစ်ကို အသုံးပြုထား သောကြောင့် စွမ်းဆောင်ရည် အလွန်ကောင်းမွန်ကြောင်း သိရသည်။ ထို့အပြင် မိုဘိုင်း ဖုန်းများဖြင့် အင်တာနက် အသုံးပြုကြသည့် တရုတ်ဈေးကွက်အတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားသော Baidu Explorer တွင် Baidu search engine ကို ပေါင်းစပ်ထည့်သွင်းပေးထားကြောင်း သိရသည်။

Baidu Explorer ကို Android အပြင် Windows Phone (Mango) အတွက်လည်း ထုတ်လုပ်ထားသည်။ ၎င်းကို http://shouji.baidu.com/browser တွင် တိုက်ရိုက် download ရယူနိုင်ပြီး Android 2.2 နှင့်အထက် တွင်အသုံးပြုနိုင်သည်။
 
 
ref:IJ

No comments:

Post a Comment