Monday 10 September 2012

Myanmar Telecom ကုမ္ပဏီကို ရှယ်ယာထုတ်ရောင်းရန် ဦးကိုကိုလှိုင်အကြံပြု

ဆက်သွယ်ရေးကော်ပိုရေးရှင်းအပိုင် Myanmar Telecom ကုမ္ပဏီ၏ရှယ်ယာများကို နိုင်ငံတော် အနေဖြင့်သာ ပိုင်ဆိုင်ထားခြင်းမဟုတ်ဘဲ အများပြည်သူသို့ပြန်လည်ရောင်းချပေးသင့်ကြောင်း နိုင် ငံတော်သမ္မတ၏ နိုင်ငံရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်ကပြောကြားလိုက်သည်။ 
ဆက်သွယ်ရေးကော်ပိုရေးရှင်းသည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို အသွင်ပြောင်းလဲဖွဲ့စည်း ထားသည့် ကော်ပိုရေးရှင်းတစ်ခုသာ ဖြစ်သည့်အတွက် Regulatory နှင့် Operator မှာ ဌာနတစ်ခုတည်း၏ လက်အောက်၌ ဆက်လက်ရပ်တည်သွားနိုင်သည်ဟု စောင့်ကြည့်လေ့လာသူများက သံသယရှိနေခဲ့သည်။ 
““ဆက်သွယ်ရေးကော်ပိုရေးရှင်းကနေ Myanmar Telecom ကုမ္ပဏီလုပ်တဲ့အခါမှာ နိုင်ငံတော်အနေနဲ့သာ ရှယ်ယာကိုပိုင်ဆိုင်ထားခြင်းမဟုတ်ဘဲနဲ့ ပြည်သူကိုလည်း Re Share အနေနဲ့ထုက်ရောင်ပေးမယ်ဆိုရင် Market မှာ ပိုက်ဆံတွေအများကြီးပိုဝင်လာမှာပါ။ အရင်းအနှီးတွေ ပိုဝင်လာရင် ပိုပိုပြီးတိုးချဲ့လာနိုင်မယ်။ ဆက်သွယ်ရေးလုပ်ငန်းမှာ ၀င်ငွေအများကြီးရလာသလို ရင်းနှီးမြှုပ်နှံမှုမှာလည်း ပိုမိုများပြားလာနိုင်မှာဖြစ်ပါတယ်”” ဟု ဦးကိုကိုလှိုင်ကပြောသည်။ ဦးကိုကိုလှိုင်သည် ယခုလ ၇ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဆက်သွယ်ရေးအလုပ်ရုံဆွေးနွေးပွဲတစ်ခု၌ အထက်ပါအတိုင်းအကြံပြုပြောကြားခဲ့ခြင်းဖြစ်သည်။ ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း ရေရှည်ရည်မှန်းချက်များအရ အသွင်းပြောင်းလဲဖွဲ့စည်းလိုက် သည့် ဆက်သွယ်ရေးဝန်ဆောင်မှု ကုမ္ပဏီများကို အများပြည်သူရှယ်ယာထည့်ဝင်နိုင်သည့် အနေ အထားသို့ရောက်ရှိလာရန် စဉ်းစားထားပါသည်ဟု အဆိုပါအလုပ်ရုံဆွေးနွေးပွဲ၌ပင် တာဝန်ရှိသူတို့ကပြန် လည်ပြောကြားခဲ့သည်။
 
ref:IJ

No comments:

Post a Comment