Monday 10 September 2012

ယန်စီမြစ်ကြီး အနီရောင်လွှမ်းနေပြီ



တရုတ်နိုင်ငံမှာ အရှည်ဆုံး မြစ်တစ်စင်းဖြစ်တဲ့ ယန်စီမြစ်ဟာ ဘာအကြောင်းကြောင့် ဆိုတာ မသိရပဲ   သွေးရောင်ဖြစ်သွားတာကို ပြီးခဲ့တဲ့ သောကြာနေ့ (စက်တင်ဘာ ၇) တရုတ် အစိုးရ ပိုင် ရုပ်သံက ထုတ်လွင့်ပြသ သွားပါတယ်။

ဒီအကြောင်းအရာကို ဆက်လက်စုံစမ်းနေတယ် လို့ပဲ ပြောထားပြီး အခုထိတော့ ဘာကြောင့်ဆိုတာကို အဖြေမပေးနိုင်သေးပါဘူး။

ယန်စီမြစ်ရိုးတလျှောက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ က ထောက်ပြ   ဝေဖန်နေတာတော့ ကြာပါပြီ၊ သို့သော်လဲ တရုတ် အစိုးရ လုပ်ရိုးလုပ်စဉ် အတိုင်းပြန်လည်   ငြင်းချက်ထုတ်ရင်းနဲ့သာ စခန်းသွားနေတာပါ။

စီပွါးရေး တိုးတက်ဖို့ တခုထဲသာ ကြည့်ပြီး စက်ရုံအလုပ်ရုံများ စည်းမရှိကမ်းမရှိ တည်ထောင်ခြင်း၊   ရေကာတာများ အလွန်အကျွံ တည်ဆောက်ခြင်း၊ နိုင်ငံ၏ GDP တက်လာဖို့ တခုထဲကိုသာ ကြည့်ခြင်းကြောင့် အခုလို ဖြစ်လာရခြင်းဖြစ်တယ်လို့ မြင်ပါတယ်။

အားလုံးကို ခြုံကြည့်လိုက်ရင်....

အတ္တလွန်ကဲမှု သရုပ်သကန် ပါပဲ။... မြန်မာနိုင်ငံ ထဲ ကူးမလာပါစေနဲ့ လို့ပဲ ဆုတောင်းမိပါတယ်။

ref:FB

No comments:

Post a Comment