Monday 10 September 2012

ပါရီရှိကမ္ဘာ့ဈေးအကြီးဆုံးဟိုတယ်ခန်း။

ပြင်သစ်နိုင်ငံ ပါရီရှိ ၁၉၂၈ကစတင်ဖွင့်လှစ်ခဲ့သော Hotel George V.ဟိုတယ်မှ Royal Suite အခန်း၏ တညတာတည်းခိုခမှာ အမေရိကန်ဒေါ်လာ ၂၄၅၅၀ ဖြစ်ပြီး ကမ္ဘာ့ပေါ်တွင်ဈေးအကြီးဟိုတယ်အခန်းခစာ ရင်းတွင်နံပါတ် ၁၁ ချိတ်ဆွဲထားသည်။

Royal Suite အခန်းတွင် သီးသန့်လူကူးစင်္ကြန်ပါဝင်ပြီး အိမ်ခန်းကျယ်အတွင်းတွင် မာဘယ်ကျောက်သား အတိရေချိုးခန်း၊ရေနွေးငွေ့ရေချိုးကန်၊ သီးသန့်အဝတ်လဲခန်းတို့ပါဝင်သည်။ အခန်းအတွင်းတွင် ကျက်သရေဖြင်ပြည့်စုံသည့် ၁၈ရာစုနှင့်၁၉ရာစု ရှေးဟောင်းပြင်သစ်အနုပညာလက်ရာများဖြစ်သော ပန်းချီ၊ပန်းပုများ၊ ကျောက်မျက်စီခြယ်ထားသော ဖယောင်းတိုင်ထွန်းရန်စင်၊ လှပေသောရေပန်းတို့ အပြင်အခန်းအတွင်းပန်းနုရောင်နှင်းဆီရနံ့မွေးပျံနေစေသာရှေးဟောင်းလက်ရာပန်းအိုးတို့ဖြင့် ဆင်ယင်ထားသည်။ 

အဆိုပါဟိုတယ်ကို Joel Hillman မှဒေါ်လာ၃၁သန်းအကုန်အကျ ကျခံကာ ၁၉၂၈မှစတင် ဖွင့်လှစ်ခဲ့သောဟိုတယ်တခုဖြစ်ပြီး အခန်း၂၄၅ခန်းပါဝင်သည်။ ၂၀၀၈ခုနှစ်တွင် Kingdom Holding Company ပိုင်ဆိုင်ခဲ့ပြီး လေးရာသီဟိုတယ်လုပ်ငန်းအုပ်စုမှစီမှန်ခန့်လျက်ရှိသော ကြယ်ငါးပွင့် အဆင့်ရှိဟိုတယ်တခုဖြစ်သည်။

No comments:

Post a Comment