Monday 10 September 2012

ထိုင်းဝန်ကြီးချုပ်အား တရုပ်ကွန်ဖြူးရှပ်ငြိမ်းချမ်းဆုရွေးချယ်ရေးအဖွဲ့ကဆုပေးအပ်ရန်အမည်စာရင်းတင်သွင်း။

 
 
တရုပ်နိုင်ငံ ကွန်ဖြူးရှပ်ငြိမ်းရေးဆုရွေးချယ်ရေးအဖွဲ့မှာ ၂၀၁၂ခုနှစ်"ကွန်ဖြူးရှပ်ငြိမ်းချမ်းရေးဆု" ချီးမြှင့်အတွက် ထိုင်းဝန်ကြီးချုပ်ယင်လပ်ရှင်နာဝပ်၊ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ဟောင်းကိုဖီအာနန်၊ မိုက္ကရိုဆော့တည်ထောင်သူ ဘီလီဂိတ်တို့အား ဇကာတင်ရွေးချယ်လိုက်သည်။ 
ကနဦးဆုရွေးချယ်ဘုတ်အဖွဲ့မှ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ဟောင်းကိုဖီအာနန်၊ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ဘီကီမွန်း၊မိုက္ကရိုဆော့တည်ထောင်သူ ဘီလီဂိတ်၊တရုပ်လူမှုရေးစွမ်းဆောင်သူ Wang Dingguo၊ တရုပ်ဆန်စပါးသုတေသနပညာရှင် Yuan Longping၊ ပီကင်းတက္ကသိုလ်ပါမောက္ခ Tang Yijieနှင့် လားမားဘုန်းတော်ကြီး Panchen Lama ၁၁ တို့ကိုရွေးချယ်ခဲ့ပြီးနောက် ထိုအထဲမှ ဇကာတင် (၃)ဦးအားရွေးချယ်ခဲ့ခြင်းဖြစ်သည်။ လားမားဘုန်းတော်ကြီး Panchen Lama ၁၁ သည် တိဘက်လူမျိုးစုတွင် တိဘက်ခေါင်းဆောင်ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒလိုင်းလားမားပြီးလျှင် အဆင့်မြင့်ဒုတိယဘာသာရေးခေါင်းဆောင်ဖြစ်သော်လည်း Panchen Lama ၁၁ သည်ဘေဂျင်း အစိုးရကပေးအပ်သော ရာထူးလက်ခံသူဖြစ်သဖြင့် တိဘက်လူမျိုးအများစု၏ ယုံကြည်ထောက်ခံမှုမရှိသော လားမားဘုန်တော်ကြီးတပါးလည်းဖြစ်သည်။

"ကွန်ဖြူးရှပ်ငြိမ်းချမ်းရေးဆု" ကို ၂၀၁၀ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၀ခုနှစ်အတွက် ပထမဦးဆုံးဆုကို တရုပ်ပြည်သူ့သမ္မတနိုင်ငံဒုသမ္မတနှင့် ကူမင်တန်ဥက္ကဌဟောင်း Lien Chan ကလက္ခံရရှိခဲ့သည်။ ၂၀၁၁ခုနှစ်အတွက် "ကွန်ဖြူးရှပ်ငြိမ်းချမ်းရေးဆု" အားရုရှားသမ္မတဟောင်း ဗယ်လ်တီမာပူတင်အား ပေးအပ်ချီးမြှင့်ခဲ့သည်။

တရုပ်နိုင်၏နိုင်ငံတကာငြိမ်းချမ်းရေးသုတေသနဌာနခွဲမှ ထောင်ဒါဏ်၁၁နှစ်အပစ်ပေးခံရသော အတိုက်အခံစာရေးဆရာ လူရှောက်ဘိုအား ငြိမ်းချမ်းရေးနိုဘယ်ဆုပေးအပ်ခြင်းအပေါ် တန်ပြန်တိုက်ခိုက်ရန်အတွက်ရည်ရွယ်ပြီး "ကွန်ဖြူးရှပ်ငြိမ်းချမ်းရေးဆု"အား ၂၀၁၀ခုနှစ်မှစ တင်တီထွင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment