Monday 10 September 2012

ABSDF မြောက်ပိုင်း ပါဂျောင်ဒေသ ကျောင်းသားများ သတ်ဖြတ်ခံရမှု တရားခံများ နိုင်ငံတော်မှ လွတ်ငြိမ်းခွင့်ပေးသည်ဖြစ်စေ ခွင့်မလွတ်နိုင်ဟု ကျောင်းသားဟောင်းများဆို.........



၁၉၉၂ခုနှစ်နှောင်းပိုင်းက ABSDF မှ မြောက်ပိုင်း ပါဂျောင်ဒေသတွင်ကျောင်းသားများအား သတ်ဖြတ်ခဲ့သည့်ရာဇ၀တ်မှုကျူးလွန်ခဲ့သူတရားခံစာရင်းပြုစုထားပြီးဖြစ်၍ လူထုထောက် ခံဆန္ဒပြုလက်မှတ်များ ရယူကာ နိုင်ငံတော်သို့တင်ပြသွားမည်ဟု စွပ်စွဲဖမ်းဆီးခံခဲ့ရာတွင်ပါဝင်ခဲ့သော   ကျောင်းသားဟောင်း ဦးဆမားညီညီက ပြောသည်။

“ အစိုးရက သူတို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရင်တောင်ခွင့်မလွှတ်နိုင်ပါဘူး။ ဒါပေမယ့် နိုင်ငံတော်အနာဂတ်အတွက် သဘောထားကြီးပေးမယ်” ဟု စက်တင်ဘာလ၉ရက်တွင် မန္တလေးမြို့ ၊ ဒဏ္ခိဏရာမကျောင်းတိုက်တွင်ပြုလုပ်သည့် မြောက်ပိုင်းအမှုမှန်ဖော်ထုတ်ရေးအဖွဲ့၏ ပါဂျောင်ရှင်းတမ်းအခမ်းအနားတွင် ၄င်းက ပြောခဲ့ခြင်းဖြစ်သည်။

ယခုအမှုကို အဖွဲ့လိုက်စုပေါင်းတရားစွဲဆိုရန် စီစဉ်ထားပြီး တရားခံစာရင်းပြုစုထားပြီးဖြစ်ကာ နိုင်ငံတော် သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဌနှင့်ဒေါ်အောင်ဆန်းစုကြည်တို့ထံ တင်သွင်းသွားမည်ဟုပါဂျောင်ဒေသမှ လွတ်မြောက်ခဲ့သူတစ်ဦးဖြစ်သည့် ၄င်းကပြောသည်။

ထိုသို့တင်သွင်းရာတွင် ပြည်သူများထံမှ ထောက်ခံဆန္ဒမဲလက်မှတ် တစ်သောင်းခန့်ကောက်ခံသွားပြီး ပူးတွဲတင်ပြသွားမည်ဟု ဆိုသည်။ ထို့နောက်အမှုအတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပေးရန် နိင်ငံတော် သို့တောင်းဆိုသွားမည်ဖြစ်ပြီး အဖွဲ့မှစုံစမ်းစစ်ဆေးထားသည့်ရလဒ်များအပေါ် အခြေခံ၍တရားစီရင်ပေး ရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း ၄င်းကပြောသည်။


“ ဒီမြောက်ပိုင်းဖြစ်ပျက်ပွဲမှာ အမှန်တကယ်တာဝန်ရှိသူတွေကတော့ ဥက္ကဌရော်နယ်အောင်ဒင်နဲ့ဗဟိုကော်မတီဝင်တွေ၊ ဒေါက်တာနိုင်အောင်၊ ထောက်လှမ်းရေးအဖွဲ့က ကိုသန်းဇော်တို့ကို ပထမဦးဆုံးတာဝန်ရှိသူများအဖြစ် ဖြည့်စွက်ထားကြောင်းလည်း ဦးဆမားညီညီက ဆိုသည်။
အဆိုပါပွဲကျင်းပရခြင်းကိုမူ ၄င်းက “ မြန်မာ့နိုင်ငံရေးမှာ သူတို့ကြောင့်အရှုပ်အထွေးတွေဖြစ်လာမှာစိုးလို့ပါ” ဟု ပြောသည်။


ref:Popular Myanmar News Journal

No comments:

Post a Comment