Monday 10 September 2012

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ နှစ်ဖက်လူဦးရေ သိပ်သည်းမှုဆိုင်ရာကိစ္စရပ်များ ဖြေရှင်းနိုင်မည့် အစီအမံ အထောက်အပံ့များကို အမေရိကန်က မြန်မာနိုင်ငံနှင့် ပူးပေါင်းဖြေရှင်းသွားမည်

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ နှစ်ဖက်လူဦးရေ သိပ်သည်းမှုဆိုင်ရာကိစ္စရပ်များ ဖြေရှင်းနိုင်မည့် အစီအမံ အထောက်အပံ့များကို အမေရိကန်က မြန်မာနိုင်ငံနှင့် ပူးပေါင်းဖြေရှင်းသွားမည်ဖြစ်ကြောင်း အမေရိ ကန်နိုင်ငံ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဂျိုးဆက်ယန်းက ယခုလ ၈ ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိစဉ် ပြောကြားသွားခဲ့ကြောင်းသိရသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးနှင့် အမေရိကန်နိုင်ငံ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဂျိုးဆက်ယန်း၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာဒဲရစ်မစ်ချယ်နှင့် အမေရိကန်ကိုယ်စားလှယ်များသည် ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ၏ ပကတိအခြေအနေအမှန်ကို လေ့လာရန် ယခုလ ၈ ရက်က စစ်တွေသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။
အမေရိကန်နိုင်ငံ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီးက မြန်မာအစိုးရ၏ ရခိုင်ပဋိပက္ခနှင့်ပတ်သက်၍ အချိန်တိုအတွင်း ဖြေရှင်းဆောင်ရွက်နိုင်သည်ကို ကျေနပ်မိကြောင်းလည်း ထည့်သွင်းပြောကြားသွားသည်။
 
ref:7daynews

No comments:

Post a Comment