Wednesday 19 September 2012

စိတ်ကူးယဉ်ကမ္ဘာထဲက Multi-Culture





၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ ၊အမေရိကန် သမ္မတ အိမ်ဖြူတော်တွင် ၉/၁၁ (၁၁) နှစ်မြောက် နှစ်ပတ်လည်နေ့ ကျင်းပခဲ့ပြီး အဆိုပါနေ့ အကြမ်းဖက်မှုတွင် သေဆုံးသွားကြသူ လူပေါင်း ၃၀၀၀ ကျော်အတွက် ၀တ်ပြုဆုတောင်းပေးခဲ့ကြသည်။ထိုနေ့ ည ၉ နာရီကျော်ခန့်တွင် အီဂျစ် နိုင်ငံရှိ အမေရိကန် သံရုံးအား အကြမ်းဖက် ဆန္ဒပြသူများက ၀င်ရောက်စီးနင်းပြီး အမေရိကန် အလံအား ဖြုတ်ချကာ အစ္စလမ် ဘာသာရေး အလံ တင်သွားကြသည်။ ထို့အတူ လစ်ဗျားနိုင်ငံ ဘန်ဂါဇီ မြို့  ရှိ အမေရိကန် သံရုံးကိုလည်း လူအုပ်ကြီးဖြင့် ဆန္ဒပြနေရာမှ ဘယ်ကရောက်လာမှန်းမသိသော လက်နက် ကိုင် လူတစ်စုရောက်ရှိလာကာ သံရုံးရှိ လုံခြုံရေးများ အားပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။ လုံခြုံရေး အစောင့် များ မှာလည်း အင်အားချင်းမမျှ သောကြောင့် ဆုတ်ခွာခဲ့ရ ပြီး အကြမ်းဖက်သမားများမှာ သံရုံးထဲအထိ ၀င်ရောက်ကာ မီးရှို့  ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြသည်။ အဆိုပါ အကြမ်းဖက်မှုတွင် နှစ်ပေါင်း ၃၃ နှစ် အတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန် သံအမတ် ဖြစ်သူ ခရစ္စတိုဖာ စတီဗင် နှင့် သံရုံးဝန် ထမ်း  ၃ ဦး သေဆုံးခဲ့ရသည်။

၉/၁၁ နှစ်ပတ်လည်နှင့် တိုက်ဆိုင်နေခဲ့သော်လည်း ဆန္ဒပြသူများက အမေရိကန်နိုင်ငံသား တစ်ဦး အ ပျော်တမ်းရိုက်ကူးသော ပရော်ဖက် မိုဟာမက် အားလှောင်ပြောင်သည့် ဗီဒီယိုကြောင့်ဟု အကြောင်းပြ ကာ အရှေ့  အလယ်ပိုင်းနိုင်ငံများနှင့် မြောက်အာဖရိက နိုင်ငံများသို့ လျင်လျင်မြန်မြန်ပင် ပျံနှံသွားခဲ့ပြီး ဆူဒန် နိုင်ငံ ရှိ အမေရိကန် သံရုံးသာမက ဂျာမနီ၊အင်္ဂလန် သံရုံးများနှင့် ပါကစ္စတန်ရှိ ဆွစ်ဇာလန် သံရုံးများ ပါ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရသည်။ယခု နောက်ပိုင်းတွင် သြစတေးလျနိုင်ငံအထိ ပျံနှံရောက်ရှိသွားပြီး ခွင့်ပြုချက်ယူ တင်ပြခြင်းမရှိပဲ အကြမ်းဖက် ဆန္ဒပြမှုကြောင့် ရဲ တပ်ဖွဲ့ဝင် (၆) ဦးနှင့် အရပ်သား (၂) ဦး ဒဏ်ရာ ရရှိခဲ့ရသည်။သြစတေးလျ အစိုးရအနေဖြင့် လူ့အခွင့်အရေးဦးစားပေးကာ အရှေ့ အလယ်ပိုင်းဒေသ များ အပါအ၀င် ဘင်္ဂလားဒေ့ရှ်၊အာဖဂန် ကဲ့သို့နိုင်ငံများမှ ဒုက္ခရောက်နေကြသော အစ္စလမ်ဘာသာဝင် များအားနိုင်ငံရေခုံလှုံခွင့်ပေးကာအခြားနိုင်ငံသားများမရရှိသောအထူးအခွင့်အရေးများ အဖြစ် ထောက်ပံ့ေ ကြးေ ငွများ၊ ပညာသင်စားရိတ်များအားနိုင်ငံသားများ ၏ အခွန်ငွေများထဲ မှ ပေးအပ်ခဲ့ခြင်းဖြစ် သည်။ သို့သော် ယ ခုဖြစ်ရပ်များက သူတို့အား ကျွေးမွေးထားသူများကိုပင် သစ္စာမစောင့်သိသလို ဘာသာရေးဟု ဆိုလိုက်သည်နှင့် ကျေးဇူးရှင်တွေ၊ အိမ်ရှင်တွေ မရွေးပဲ သွေးမြေကျအောင်လုပ်ရန် ၀န်မလေးသည်ကို သင်္ခန်းစာယူစရာ တွေ့ရ ပေသည်။
ပြီးခဲ့သည့် နှစ်တွင် အာဏာရှင် အစိုးရများအား ဆန့်ကျင်ဖြုတ်ချခဲ့သည့် ဒီမိုကရေစီအရေး၊ လူ့အ ခွင့် အရေးလှုပ်ရှားမှုများပေါ်ပေါက်ခဲ့ပြီး ၄င်းကို အာရပ်နွေဦးလှုပ်ရှားမှုများ ဟုခေါ်ဆို ဂုဏ်ပြုခဲ့ကြ သလို တည်ငြိမ် မှုရှိ သည့် ဒီမိုကရေစီ စနစ်ကျင့်သုံးနိုင်ရန်အတွက် အမေရိကန်အပါအ၀င် အနောက်နိုင်ငံများက လက်နက်၊ ငွေကြေး စသည်တို့ ပုံအော ထောက်ပံ့ခဲ့ကြသည်။သို့သော် အာဏာရှင်အစိုးရ များပြုတ် ကျပြီးနောက်တွင်မူ ဘာသာရေးအရ ပိုမိုအစွန်းရောက်သော အယ်ကေဒါ ကဲ့သို့ အကြမ်းဖက်အဖွဲ့အစည်း များနှင့် ဆက်နွယ်နေသော မွတ်စလင် ဘရားဟုဒ် ခေါ် အဖွဲ့အစည်းများ အာဏာရရှိ လာခဲ့ကြသည်။ အကျိုးဆက် အနေဖြင့် ဘာသာရေးအ စွန်းရောက်မှု ပိုမိုဆိုးရွားလာကာ အကြမ်းမှုများပေါများလာပြီး တည်ငြိမ်မှု ပိုမိုကင်းမဲ့လာခဲ့သည်။အဆိုးဆုံးမှာ အမေရိကန် သံအမတ်ကြီးအား သေဆုံးစေခဲ့သော လက်နက်များ မှာ မွမ်မာကဒါဖီ အား တိုက်ခိုက်ရန်အတွက် အမေရိကန်က ထောက်ပံ့ပေးထားသော လက်နက် များ   ဖြစ်နေခြင်း ပင်ဖြစ်သည်။
အမေရိကန်နှင့် အနောက် ဥရောပနိုင်ငံများအနေဖြင့် ဘာသာရေးနှင့်အကြမ်းဖက်မှုများလျော့ နည်းစေ ရန် အတွက် မွတ်စလင်အသိုင်းအ၀ိုင်းအား ဥရောပနိုင်ငံများတွင် နေရာများပေးကာ Multi-culture ပုံစံကို မျှော်ကိုးခဲ့ကြသည်။သို့သော် မွတ်စလင် အသိုင်းအ၀ိုင်းအား မစည်းရုံးနိုင်သည့်အပြင် အတတ်ပညာ မြင့်မားလာ သည်နှင့်အမျှ အကြမ်းဖက်မှု နည်းလမ်းများလည်း ပိုမိုအဆင့်မြင့်မားလာခဲ့ကာ ဥရောပ တွင် ပါ မွတ်စလင် ဘာသာရေး အစွန်းရောက်မှုများ ပျံနှံ့လာခဲ့ရသည်။ထို့ကြောင့် ဂျာမန် ၀န်ကြီးချုပ် အိန်ဂျယ်လာမာဂယ် ကိုယ်တိုင် Multi-culture စနစ် အောင်မြင်မှုမရခဲ့ဟု ၀န်ခံခဲ့ရပြီး စည်းမျဉ်း ဥပဒေများ ထုတ်ပြန်ကာ တားဆီး ခဲ့ရသည်။
မြန်မာနိုင်ငံတွင်လည်း ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး မူဝါဒကျင့်သုံးသော်လည်း အစ္စလမ် ဘာသာဝင်များနှင့် မကြာခဏ ပဋိပက္ခများဖြစ်ပွားကာ သွေးထွက်သံယိုမှုများရှိခဲ့သည်။ယခု ရခိုင် အရေးတွင်လည်းအားလုံးကြိုးပမ်းနေသည့်ကြားမှအကြမ်းဖက်မှုများဖြစ်ပွား ခဲ့ရသည်။ ဒေါက်တာနိုင်အောင် အပါအ၀င် ပြည်ပရောက် အတိုက်အခံများက ရခိုင်အရေးတွင် အာရပ်ကမ္ဘာ ၏ အထောက်အပံ့များဖြင့် ရပ်တည်နေရမှုကြောင့် လူ့အခွင့်အရေးအကြောင်းပြကာ ဘင်္ဂလီများ အား နိုင်ငံသားပေးရေးအတွက် မီဒီယာများ မှ တဆင့် ဖိအားပေးခဲ့ကြသည်။အိုင်အိုစီ အပါအ၀င် မွတ်စလင်အဖွဲ့အစည်းများကလည်း ကုလသမဂ္ဂ လိုအဖွဲ့များအထိ ခြေလှမ်းကျဲကျဲဖြင့် ဖိအားပေးဖို့ကြိုးစားခဲ့ကြသည်။
ယခုအခါ သမ္မတကြီး ဦးသိန်းစိန် နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ အမေရိကန် သွားကြမည်ဖြစ် သည်။ထို အခါတွင်လည်း လူ့အခွင့်အရေးအကြောင်းပြကာ ဘင်္ဂလီများအား နိုင်ငံသားပေးရေး၊ ၁၉၈၂ နိုင်ငံသားဥပဒေ အား ပြင်ဆင်ရေးအတွက် ဖိအားပေးကြဦး မည်ဖြစ်သည်။လူ့အခွင့် အရေးဆို သည်မှာ လူသားတိုင်းနှင့်မထိုက် တန်ကြောင်းကို အမေရိကန်၊သြစတေးလျ တို့အပါအ၀င် ဥရောပနိုင်ငံများ သဘောပေါက်နေပြီဖြစ်သည်။ ယခု ကမ္ဘာတလွှားရှိ မွတ်စလင် ဘာသာရေးအစွန်းရောက်များ၏ ဆူပူ အကြမ်း ဖက်မှု များအား အမေရိကန်အပါအ၀င် နိုင်ငံအများက မည်သို့ ကိုင်တွယ်ကြ သည် ကို လေ့လာပြီး နိုင်ငံတော် သမ္မတကြီး အနေဖြင့် ပါးပါးနပ်နပ်ဖြင့် ကိုင်တွယ်သွားရန် လိုအပ်ပေ သည်။အတိုက်အခံများအပါအ၀င် နိုင်ငံရေးသမားများအနေဖြင့်လည်း အစိုးရနှင့် ဆန့်ကျင်ဘက် လုပ်တိုင်း အတိုက်အခံဟု သဘောမထားပဲ နိုင်ငံ့အကျိုးစီးပွားအတွက် ညီညွတ်စွာ ၀ိုင်းဝန်းကြိုး ပမ်းကြဖို့ လိုကြောင်း သတိပြု သင့်ပါသည်။

No comments:

Post a Comment