Wednesday 19 September 2012

မြန်မာအစိုးရအနေဖြင့် နိုင်ငံရေးအကျဉ်းသားများကို အရေးအတွက်ဖြင့် လွှတ်ပေးနေခြင်းမှာ ရိုးသားမှုမရှိကြောင်း AAPP ကပြော

Wednesday, 19 September 2012

နိုင်ငံရေးအကျဉ်းသားတွေကို အရေအတွက် အကန့်အသတ် နဲ့ လွှတ်ပေးနေတာဟာ မြန်မာအစိုးရ အနေနဲ့ ရိုးသားမှု မရှိဘူးဆိုတာပြသနေတာဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအဖွဲ့ (AAPP ) က ပြောကြားလိုက်ပါတယ်။
ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်နေပါတယ် ဆိုတဲ့ ဦးသိန်းစိန် အစိုးရဟာ အနောက်နို င်ငံတွေ ဆီက ဖြေလျှော့မှုတွေ ပိုမိုရရှိအောင်၊ ရာနဲ့ချီ ထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အသုံးချနေတာ ဖြစ်ကြောင်း၊ နိုင်ငံရေးအကျဉ်းသားတွေဟာ ဦးသိန်းစိန်ရဲ့ မူဝါဒတွေအတွက် အနောက်နို င်ငံေ တွနဲ့ အပေးအယူ ဈေးဆစ်စရာ သားကောင်တွေသာ ဖြစ်နေရကြောင်း AAPP တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က ပြောပါတယ်။

ပြုပြင်ပြောင်းလဲရေး နဲ့ အမျိုးသားရင်ကြားစေ့ရေးအတွက် သမ္မတ ဦးသိန်းစိန် သာ ရိုးရိုးသားသားဆန္ဒရှိ မယ် ဆိုရင် သူ့ရဲ့အစိုးရဟာ နိုင်ငံရေး အကျဉ်းသားတွေဖမ်းဆီးထားတယ် ဆိုတာကို အသိအ မှတ်ပြုပြီး ခြွင်းချက် မရှိ ပြန်လွှတ်ပေးဖို့လိုကြောင်း၊ ဒါပေမဲ့ အစိုးရဟာ နိုင်ငံရေးအကျဉ်းသား ရယ်လို့ မရှိဘဲ၊ ရာဇ၀တ်မှုနဲ့ထောင်ကျ နေသူတွေသာ ရှိတယ်လို့ တလျှောက်လုံးပြောဆိုနေကြောင်း လည်း ကိုဘိုကြည် က ဝေဖန် ပါတယ်။

တနင်္လာနေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နောက်ဆုံးအကြိမ် ပြန်လွှတ် လိုက်တဲ့ အကျဉ်းသား (၅၀၀)ကျော်မှာ နိုင်ငံခြားသား ၄၀၀ လောက်နဲ့ နိုင်ငံရေးအကျဉ်းသား ၉၀ လောက်သာ ပါဝင်ပြီး၊ ရာဂဏန်းလောက် ကျန်ရှိနေသေးကြောင်း လူ့အခွင့်အရေး အဖွဲ့တွေ နဲ့ နိုင်ငံရေး အင်အားစုတွေက ပြောဆိုကြပါတယ်။

မူရင်းသတင်း--RFA

 

No comments:

Post a Comment