Wednesday 19 September 2012

ညိုအုန်းမြင့်ရဲ့ မြန်မာပြည် ခရီး(၆)


ကိုညိုအုန်းမြင့်နဲ့ ကျမ တွေ့ဆုံမေးမြန်းချိန် ၃ နာရီကျော်ကြာခဲ့တဲ့အတွက် ကိုညိုအုန်းမြင့်ရဲ့ အင်တာဗျူးကလည်း တော်တော်ရှည်ပါတယ်။အသံဖမ်းခဲ့တာတွေကို တရက်တည်းနဲ့လည်းအပြီး အသံဖိုင်တွေ ဖြည်ဖို့ မလွယ်သလို၊ ခုလို အပိုင်းပိုင်းဖြတ်ပြီး ဖြည်တာတောင် မှ တော်ေ တ်ာကြာေ အာင်ဖြည်ရပါတယ်။

အပိုင်းလိုက် ဖော်ပြပေးရာမှာလည်း တရက် နှစ်ရက်နဲ့ အပြီး မဖော်ပြနိုင်ခဲ့ခြင်းကို နားလည်ပေးစေလိုပါတယ်။


တဆက်တည်းမှာပဲ (ကိုညိုအုန်းမြင့်အင်တာဗျူးပြီးရင်တော့ မြောက်ပိုင်း ABSDF ကျောင်းသား ရဲဘော်ဟောင်း၊ သေဒဏ်ပေးခြင်း ခံခဲ့ရသူ ကိုဘိုဘိုရဲ့ မြောက်ပိုင်းခရီးစဉ်အတွေ့အကြုံတွေရဲ့ အင်တာဗျူးဆောင်းပါးကို စတင်ဖော်ပြပေးသွားပါမယ်- စက်တင်ဘာလ ၁၈ ရက်နေ့ အမီစတင်ဖော်ပြပေးဖို့စိတ်ကူးထားခဲ့ပေမဲ့ ဒီကြားထဲမှာ အကြောင်းကြောင်းကြောင့် နောက်ကျသွားခဲ့ရ ပါတယ်)

လက်ရှိ မြန်မာပြည်မှာတော့ ကချင်လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ တပ်မတော် တိုက်ပွဲတွေ   ပြင်းပြင်းထန်ထန်ဖြစ်ပွားနေကြတာ ခုဆိုရင် ၁၅ လပြည့်ပြီးခဲ့ပါပြီ။ ၂၀၁၁ ခုနှစ်၊ ဇွန်လမှာ စပြီးဖြစ်ပွားခဲ့ကြတယ်၊ အဲဒီတိုက်ပွဲတွေကို ရပ်တန့်ဖို့ သမ္မတကိုယ်တိုင်အမိန့်ပေးခဲ့ပေမဲ့လည်း ခုချိန်ထိ ရပ်တန့်ခြင်းမရှိတဲ့အပြင် တိုက်ပွဲတွေပိုပြင်းထန်လာပြီး ကချင်ဒုက္ခသည် ပြည်သူတွေလည်း ၁ သိန်းကျော်အထိ တက်လာကြောင်း သတင်းတွေ ကြားရ၊ ဖတ်ကြရပါတယ်။

ဒီလို အနေအထားတခုမှာ ကိုညိုအုန်းမြင့်တို့လို ပြည်ပက ဒီမိုကရေစီအင်အားစုတွေအနေနဲ့ ပြည်တွင်းမှာ စစ်ဖြစ်နေတဲ့ ကချင်လက်နက်ကိုင်တိုင်းရင်းသားတွေနဲ့ တပ်မတော် တိုက်ပွဲတွေကို ရပ်တန့်အောင် အပစ်အခတ်ရပ်ဆိုင်းအောင် ငြိမ်းချမ်းရေး ရရှိအောင် ပြည်တွင်းကိုဝင်ရောက်ပြီး ကြိုးပမ်းမယ်ဆိုတာ ၀မ်းသာစရာပါပဲ။

ဒါပေမဲ့ တကယ်ပဲ ပြည်ပက ဒီမိုကရေစီအင်အားစုတွေအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် တကယ်ပဲ ဆောင်ရွက်နိုင်ခြင်း ရှိမရှိဆိုတာကလည်း  စိတ်ဝင်စားစရာဖြစ်လာပါတယ်။

မေး။။အခုလို ငြိမ်းချမ်းရေးဖော်ဆောင်ပေးနေတာက အရင်ကတည်း ဦးအောင်မင်းတို့အဖွဲ့ကလည်း လုပ်နေတော့လေ၊ အခုဆိုရင် အကိုတို့လည်း လုပ်ဆောင်လာတဲ့အတွက် အောင်မြင်လာနိုင်တယ်လို့ ထင်ပါသလား။နောက်တခုက ဒီလို ငြိမ်းချမ်းရေးလက်မှတ်ထိုးလိုက်ရုံနဲ့ရော တကယ်ပဲ ငြိမ်းချမ်း သွားနိုင်သလား။

ဖြေ။ ။ဦးအောင်မင်းနဲ့ ကျနော်နဲ့စပြီး အလုပ်လုပ်တဲ့နေရာကိုပြန်သွားပါမယ် ကျနော် သူ့ကို မေးပါတယ်။ကျနော်သူ့ကို အကူအညီပေးခဲ့တာမှာ ဆိုတော့ ကျနော် သူ့ကို မေးပါတယ်။ ဗိုလ်ချုပ် ခင်ညွှန့်လက်ထပ်မှာ လုပ်ခဲ့တာမှာ ခွင့်မပြုခဲ့ဘူး။ တခုရှိတာက gape တခု ရှိခဲ့တယ်ပေါ့နော်။
အပစ်အခတ်ရပ်ဆဲရေးအတွက် ကျောက်တွင်းပေးတာ။ ရွှေတွင်းပေးတာအခွင့်အရေးတွေပေးတာပေါ့နော်။ အခုကျတော့ ကျနော်တို့ ၀ိုင်းလုပ်ပေးတဲ့ နေရာမှာ Political Dialogue တခုဖြစ်အောင်ပေါ့၊   အောင်မြင်တာ မအောင်မြင်တာက ကျနော်တို့ တိုင်းပြည်ရဲ့ ကံကြမ္မာပေါ့နော်။ ကျနော်တို့ တိုင်းပြည်မှာ လက်နက်ကိုင်နေရတဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေရဲ့ ခံစားချက်ကို ကျနော် နားလည်တယ်။ ကျနော်တို့ ဆိုရင် အခု ကျနော် ခုချိန်ထိ Black list စာရင်းကနေ မလွတ်သေးဘူး။ အတိုက်ခံတယောက် ကို ဘာကြောင့် ဦးအောင်မင်းကလည်း လုပ်ကြပါလို့ ပြောသလဲ ဆိုတာ ပြည်ထောင်စု စစ်စစ်အား လုံးကျေနပ်တဲ့ ဟာ ဖြစ်စေချင်တာ။ အပြန်အလှန်ယုံကြည်မှု trust ပေါ့ နော်တ ယောက်နဲ့ တယောက် နားလည်ပါတယ်။ တယောက်နဲ့ တယောက် ယုံကြည်ပါတယ် ဆိုရင် ဖြစ်နိုင်ပါတယ်။ အဲဒီလိုဖြစ်နိုင်တဲ့ အချိန်မှာ ကျနော်တို့ဘက်က ရှေးရိုးစွဲက တဖက်စောင်းနင်းပါပဲ။

ယုံကြည်မှုတွေ နည်းသွားတယ်၊ လက်နက်နဲ့ ဖြေရှင်းတယ်၊ တယောက်နဲ့ တယောက်သတ်မှပေါ့။ မွန်ပြည်သစ်နဲ့ ကျနော်တွေ့တုန်းကလည်းပြောတယ်၊ ကျနော့် မွေးနေ့မှာ ငှက်ကလေး ကြက်ကလေးကိုတောင် ကျနော်လွှတ်နေတာ ခင်ဗျားတို့ တယောက်နဲ့ တယောက် မသတ်တော့ ဘူးဆိုရင် ကျနော် ကုသိုလ်ရတယ်။ ကျန်တာ ကျနော့်မှာ ဘာစီးပွားရေးမှ မရှိဘူး။ စီးပွားရေးလည်း မလုပ်တတ်ဘူး။ ဟို ပါမစ်လည်း ထုတ်ရောင်းစားမဲ့ ကောင်လည်း မဟုတ်ဘူး။ ကျနော့်ဘ၀ရဲ့ သမိုင်းမှာ ကျနော် အဲဒါလေးကို လုပ်ပေးခြင်းအားဖြင့် ကုသိုလ် ကျနော် လိုချင်တယ်။ နောက်တခုက ဒီလူတွေကို မှန်မှန်ကန်ကန်ဖြစ်စေချင်တယ်။အစိုးရက လိမ်တဲ့ ဟာမျိုး၊ အစိုးရကနေပြီးတော့မှ အစိုးရကနေပြီးတော့ မှ နိုင်ငံရေးကစားလို့ရတဲ့ ဟာမျိုး လူတွေအမျိုးမျိုးစွပ်စွဲကြတာ ကျနော်တို့တိုင်းပြည်မှာ ပြည်သူတွေက   ကောလဟာလနဲ့ တသက်လုံး နေကြတယ်။

ကိုညိုအုန်းမြင့်က အဲလိုပြောရင်း တအောင့်နားပါတယ်။ပြီးမှ ဆက်ပြောပါတယ်။

ဒီနေ့ ပွင့်လင်းတဲ့ မီဒီယာတွေ ဖြစ်လာတယ်၊ မီဒီယာ လွတ်လပ်ခွင့်တွေ ရလာပြီဆိုတော့ လူထုအနေနဲ့ အမှန်တွေ သိလာရမယ်၊ ဆိုတော့ ခုနပြောခဲ့တဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ ၀ိုင်းကူညီပါတယ်။ ဒါပေမဲ့ သူတို့မှာယုံကြည်မှု တည်ဆောက်လို့မရနိုင်သေးဘူး။ နာကျည်းချက်တွေ သိပ်များတယ်ဆိုတော့ ဒီနေ့ ဒူးပြဲတဲ့အနာတော့ ညနေတွင်း အကောင်းပြန်မဖြစ်နိုင်ဘူး။ ဒါပေမဲ့ အချိန်နဲ့ ပြန်ကုစားရမယ်။

ဗိုလ်ချုပ် ခင်ညွှန့်လက်ထပ်က လုပ်သွားခဲ့တာ ကျနော်တွေ့ပါတယ်၊ အဲဒီတုန်းက ၀ိုင်းလုပ်ပေးခဲ့တဲ့ ဗိုလ်မှူးချုပ်တယောက်နဲ့ ရင်းနှီးပါတယ်။ ကျနော်ပြောတယ် ခင်ဗျားတို့ လုပ်ခဲ့တာ ဆေး မမှန်ဘူး။ စေတနာမှန်ပေမဲ့ ဆေးမမှန်ဘူး။ ဒီနေ့ဟာ သမ္မတကို ကျနော် ယုံကြည်တယ်။ သမ္မတက ဘာကြောင့် ငြိမ်းချမ်းရေးကိစ္စတွေ လုပ်ချင်တာလဲ ဆိုတာကို ကျနော် မေးတယ်။ ကျနော် လက်ခံတယ် ယုံကြည်တယ် အဲဒါကြောင့် ကျနော် လုပ်ပေးတယ်။ အဲလို လုပ်ပေးဖို့အတွက်ကျနော့်ရဲ့ NLD(LA) ကနေ ကျနော် ထွက်ပေးရတယ်။

မေး။ သမ္မတကြီးနဲ့ တွေ့ပြီးတော့ ယုံတယ်လို့ ပြောသံကြားရတယ်၊ အကိုတို့လို ပြည်ပက အင်အားစုတွေကရောပြီးတော့ အမြဲအတိုက်အခံလုပ်ခဲ့တဲ့ သူတွေကရော သမ္မတအပေါ်မှာ ယုံကြည်မှု ရှိတယ်၊ လက်ခံတယ်ဆိုတဲ့ အသံတွေ ကျမတို့ ကြားရတယ်ဆိုတော့ ၀မ်းလည်း ၀မ်းသာပါတယ်။ အကိုတို့ကလည်းအမြဲအတိုက်အခံလုပ်ခဲ့တဲ့ သူတွေဆိုတော့လေ။ဒါပေမဲ့ ကျမတို့မှာတော့ အမြဲတမ်း စောင့်ကြည့်ရမယ်ဆိုတဲ့စိတ်က ရှိနေတော့ အကိုတို့ခုလို ပြောတဲ့အပေါ်မှာလည်း နည်းနည်းတော့ထူးဆန်းနေသလို ခံစားရတယ်ရှင့်။အကိုတို့အနေနဲ့ သမ္မတအပေါ်မှာလက်ခံတယ် ယုံကြည်တယ်လို့ ဘာကြောင့်ပြောတာပါလဲရှင့်။

ဖြေ။ ။ကျနော်တို့ထက် စာရင် မမေသင်္ကြန်ဟိန်တို့နဲ့ သန်း ၆၀ သော ပြည်သူတွေ အလိမ်ခံရမှာပဲလေ၊ ဆိုတော့ ကာ ကျနော်သည် ဟို ဘယ်လိုပြောရမလဲ အရှေ့ဒီမောလ်းပေါ့နော်၊ အဲဒီက သမ္မတနဲ့လည်း ကျနော် တွေ့ဖူးတယ်။ဒီလွတ်လပ်ရေးကို ကြိုးပမ်းခဲ့ကြတဲ့ မီဒီယာ သမားတွေနဲ့လည်း ကျနော်တို့က ခင်ပါတယ်။ အဲဒီထဲက တယောက်က ၃ နှစ်လောက်ကြာတော့ ချင်းမိုင်မြို့ကို သင်တန်းလေးတခုနဲ့ ရောက်လာတယ်။ကျနော်က မေးကြည့်တယ်။ ဧရာဝတီက ကိုအောင်ဇော်လည်း ရှိတယ်။ ခင်ဗျားတို့ တိုင်းပြည်မှာ သမ္မတကို ဆန္ဒပြတာတွေ ဘာတွေနဲ့ လူထု အုံကြွမှုကလည်း ရှိနေတော့ ဒါတွေကို ခင်ဗျားတို့က မရေးကြဘူးလားပေါ့ ကျနော်က အဲလို မေးတယ်။ သူက ဘာပြောလဲဆိုတော့ ကျနော်တို့ရဲ့ သမ္မတက ခုမှ ၃ နှစ်သားပဲ ရှိသေးတယ်တဲ့။ အင်မတန် တန်ဖိုးရှိတဲ့ စကားပါ၊ ဒါက အသွင်ကူးပြောင်းရေးကာလမှာ သူမှားရင်လည်း စေတနာအမှားပဲ ဖြစ်မှာပါ။ အဲတော့ ဦးသိန်းစိန်က ခုမှ သူက ၁နှစ်သား ကျော်ကျော်လေး ရှိသေးတယ်။ အဲဒါလေးကို သူက မြန်မြန် မလျှောက်နိုင်လို့ ခင်ဗျားမှာတာဝန်ရှိတယ်လို့ ပြောရင် ပြောတဲ့ သူက ဆိုးတာပဲ။ တနှစ် သားကလေးကို ကွန်ပြူတာမရိုက်တတ်ဘူးလို့ ပြောရမလား။ အရှေ့ဒီမောလ်မှာက သူတို့ရဲ့ နားလည်ပေးနိုင်မှုပေါ့။ ကျနော်တို့ တိုင်းပြည်မှာက လူတွေအပေါ်မှာ နားလည်မပေးနိုင်ဘူး။ မုဒိတာပေါ့ဗျာ။ နည်းတယ်။ ပြီးရင် ကြီးနိုင်ငယ်ညှင်းကလည်း ရှိတယ်။အဲဒီတော့ အခု ဦးအောင်မင်းတို့၊ ဦးစိုးသိမ်းတို့ ဦးခင်ရီတို့ဆီ ကနေ ပြန်ကြားရတော့ သူ့ရဲ့အခက်အခဲတွေကိုသနားတောင် သနားလာမိတယ်ပေါ့နော်။

အားလုံးကလည်း ၀ိုင်းပြီး ပြောင်းချင်ကြတယ်။ သူလည်း လုပ်တဲ့ နေရာတွေမှာ သတိထားပြီးတော့ လုပ်ရတဲ့ အပိုင်းတွေလည်း ရှိတယ်။ ဒါပေမဲ့ သူ တနှစ်ခွဲသားလေးမှာ လမ်းလျှောက်နေရတဲ့ ဟာလေးကို ၀ိုင်းပြီးတော့ ဖေးဖေးမမ လုပ်ပေးရင် ပိုပြီး ခရီးတွင်မှာပေါ့ကျနော်ကတော့ အဲဒီသဘောလောက်ပဲ ရှိပါတယ်။

မေး။ ။အကို့အနေနဲ့ရှေ့လာမဲ့ မြန်မာပြည်အရေးမှာဆက်လျက်ပါဝင်မယ်ဆိုရင် နိုင်ငံရေးထဲကို ထဲထဲဝင်ဝင်မလုပ်ရင် ဥပမာ နိုင်ငံရေးပါတီတခုခုမှာ ၀င်မလုပ်ဘဲနဲ့ ရော တကယ်ပဲ နိုင်ငံရေးထဲမှာ ပါဝင်ပတ်သက်ပြီး လုပ်နိုင်လိမ့်မယ်လို့ အကိုထင်ပါသလား။ ပြီးတော့ ကျမအရင်တုန်းက ကြားကြားနေတာကတော့ NLD(LA)အနေနဲ့ရော ပြည်ပက ဒီမိုကရေစီအင်အားစုတွေအနေနဲ့ရော ဒေါ်အောင်ဆန်းစုကြည်ကို ၀ိုင်းရံမယ်ဆိုတာမျိုးတွေကို နှစ်ပေါင်းများစွာ ကြားခဲ့ရတော့လေ၊ အခု ဘာကြောင့် အဲလိုမျိုး အပြောင်းအလဲ ဖြစ်သွားရတာလဲရှင့်။ ဘာကြောင့် ဒီလိုဖြစ်သွားရတာလဲရှင့်။

ဖြေ။ ။ ပြည်သူတွေ နားလည်တဲ့ စကားနဲ့ပြောရရင်တော့ အမေပေါ့နော်။ အမေသိတ်ဒုက္ခရောက်တဲ့ အချိန် ကျနော်တို့ ၀ိုင်းရံပါတယ်။ ဒီနေ့ အမေက ကိုယ့်ဟာကို လုပ်နိုင်တဲ့အချိန်မှာ ကျနော်တို့ မလိုတော့ဘူးလို့ ထင်ပါတယ်။ မလိုတော့ဘူး ဆိုတာက ၀ိုင်းရံတဲ့ သူက သိတ်များလွန်းတော့ ကျနော်ရဲ့ ပုဂ္ဂိုရေးအရ အမြင်က ကျနော် ဒုက္ခရောက်နေတဲ့ သူကို ကူညီချင်တယ်။ ကျနော် သိတ်နာမည်ကြီးတဲ့ လူတွေနားမှာ ကျနော်မနေချင်ဘူး။ အဲလူတယောက် ဒုက္ခရောက်နေတဲ့အချိန်မှာ ကျနော် ဘာပဲ လုပ်ပေးရ လုပ်ပေးရ လွန်ခဲ့တဲ့ ၇ နှစ် ဒေါ်အောင်ဆန်းစုကြည်ဒီပဲယင်းဖြစ်ပြီးတဲ့ နောက်ပိုင်း မှာ ဒေါ်အောင် ဆန်းစုကြည်ကို နိုင်ငံရေးအရ မြေမြှုပ်ပစ်ဖို့ ပြီးခဲ့တဲ့ စစ်အစိုးရက ကြိုးစားတာ မဟုတ်ပါဘူး။ နိုင်ငံတကာ ကလည်း ပါတယ်။ နိုင်ငံတကာက အဖြေတခုထွက်ဖို့အတွက်ကို ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်လိုက်တော့ ဒေါ်အောင်ဆန်းစုကြည် မပါတဲ့ နိုင်ငံရေးတခု သွားကြစို့ပေါ့နော်။ အဲဒီအချိန်မှာ ကျနော်တို့ တော်တော်လေးကို ဘယ်လိုခေါ်မလဲ ကျနော်တို့က အနူတွေလိုပဲ နိုင်ငံရေးမှာပေါ့နော်၊ ကျနော်တို့က ဒီဒေါ်အောင်ဆန်းစုကြည်ရဲ့ အတွက် ဘယ်လိုပြောမလဲ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချပြီးတော့ အတိုက်အခံတွေအားလုံးကို ထမင်းစားနေကြတာပဲ။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုတော့ အကောင်းမပြောဘူး။ အဲတော့ ကျနော်တို့ကတော့ အဲလို မဟုတ်ဘူး   ဒေါ်အောင်ဆန်း စုကြည်ကြောင့် ထမင်းစားရတာ မဟုတ်ဘူး၊ ကိုယ့်ဟာကို ဘာသာပြန်စားတယ်။ NLD သိတ် ဒုက္ခရောက်နေတဲ့ အချိန်တွေမှာ ကျနော် အန်အယ်ဒီကို အမြဲပြောပါတယ်။ခင်ဗျားတို့ဟာ   လေဖြတ်ပြီးတော့ မျောနေတဲ့ သူလိုပဲပေါ့ အဲလိုပဲ လိုရင်အကြံပေးမယ်ပေါ့။

အခုတော့ ဒေါ်အောင်ဆန်းစုကြည်နားမှာလည်း အများကြီး ရှိနေပြီ အဲဒီအချိန်မှာ ကျနော်က မမေစု ဆိုပြီးလုပ်ပြနေစရာ မလိုဘူး ကျနော် မပြောနိုင်ဘူး။ကျနော် ထင်တယ်။ ၈၈တုန်းက အတူတူပါတီ ကို ထောင်လာတာပဲ ကျနော် သူ့ကို ထောက်ခံတယ်။ သူ့ကိုလည်း ကျနော် လေးစားပြီးသား   ထောက်ခံပြီးသား၊ တိုင်းပြည်ကောင်းအောင်လုပ်တာပဲ အမြဲတမ်းထောက်ခံနေမှာပဲ၊ ဒါပေမဲ့ ခုဏပြောသလို ၀ိုင်းရံတယ်ဆိုတာက ဒုက္ခရောက်တဲ့ အချိန်လေးမှာပဲ ကျနော် လုပ်ပေးချင်တယ်။ ဒုက္ခမရှိဘူးဆိုရင် ကျနော် လုပ်မပေးချင်ဘူး။

မေး။ ။ဟုတ်ကဲ့ပါ၊ အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိ နိုင်ငံရေး အနေအထားကိုရော ဘယ်လိုသုံးသပ်မိပါသလဲရှင့်။

ဖြေ။ ဟုတ်ကဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ မြှောက်တိုင်းလည်း မြောက်တဲ့ သူ မဟုတ်ဘူး။ နှစ်၂၀ အတွင်းပျက်ဆီးသွားတယ်လို့တော့ ကျနော် မမြင်ရဘူး။ ဒါပေမဲ့ ကျနော်ရဲ့ စိုးရိမ်မှု တခုကတော့ ပြီးခဲ့တုန်းက ကျနော်တို့ ပြောကြတယ်၊ ဦးသန်းရွှေကို အာဏာရှင်တယောက်ဖြစ်ခဲ့တယ် ။ ဦးနေ၀င်းကို လည်း အာဏာရှင်ဖြစ်တယ်ပေါ့။ ဒေါ်အောင်ဆန်းစုကြည်ကို အမှန်ကို အမှန်တိုင်းမြင်ပြီးတော့ အမှန်ကို အမှန်အတိုင်း ပြောရဲတဲ့ သူ မရှိမှာကိုတော့ကျနော် ကြောက်တယ်။ ဘာကြောင့်လဲ ဆိုတော့ လူတွေဟာ အာဏာရှင်ဖြစ်ရတာက မွေးလာကတည်းကငါကြီးလာရင် အာဏာရှင်လုပ်မယ်ဆိုပြီးတော့ ဖြစ်တာ မဟုတ်ဘူးလေ။ ပတ်ဝန်းကျင်မကောင်းလို့။

မေး။ မြန်မာ့နိုင်ငံရေးမှာ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွေအပေါ်မှာရော ဘယ်လို မြင်လဲအကို။

ဖြေ။ ကျနော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ပါတယ်။အမ တယောက်လိုရော အဒေါ်တယောက်လိုရောကိုယ့်ခေါင်းဆောင်တယောက်လိုရောပေါ့။ ဒါပေမဲ့ ကျနော် ချစ်ရင် ကျနော် မှန်မှန်ကန်ကန် ပြောရလိမ့်မယ်။ နို့မို့ရင်တော့ ချစ်တာလား နှစ်တာလားပေါ့။ ကျနော်တို့ ထက်ပိုဆိုးတာက ကုလား၊ ကုလားပြည်မှာဆိုရင် နိုင်ငံရေးသမားတွေ သေသွားတဲ့အခါကျရင် ဘယ်လောက်ပုဂ္ဂိုလ်စွဲလည်းဆိုတော့ မီးထဲမှာ လိုက်ခုန်ချတယ်။ကျနော်တို့ လူမျိုးတွေမှာက   ပြည်သူချစ်တဲ့ ခေါင်းဆောင်ဆိုတာရယ်၊ စစ်အစိုးရကို သိတ်မုန်းတာရယ်။   ဒေါ်အောင်ဆန်း စုကြည်ကို ထောက်ခံတဲ့သူ၊ ဒေါ်စုကို ပုဂ္ဂိုလ်ရေးအရ ကြည်ညိုတဲ့သူ ၊တဘက်ကလည်း စစ်အစိုးရကို မုန်းလွန်းတဲ့သူ အဲဒါတွေပေါင်းပြီးတော့လည်း အားဖြစ်လာတာပေါ့နော်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့ အောက်က လူတွေကတော့ သူ့ကို အမှန်ကို ပြောရမယ်။ လုပ်သင့်လုပ်ထိုက်တာကို မပြော ဘူး၊ ဒေါ်အောင်ဆန်းစုကြည်ကို မှန်ပါ့ဘုရား ဆိုတဲ့ အင်မတန်မှ ဆိုးတဲ့နိုင်ငံရေး စနစ်တခုက ကျနော်တို့ တိုင်းပြည်ကို ပျက်ဆီးစေတယ်။ အမှန်ကိုပြောလို့လည်း ကြေမွသွားတာလည်း ခေတ်အဆက်ဆက်မှာ ရှိခဲ့တယ်။ ကြေမွသွားတဲ့ လူတွေလည်း အများကြီးပဲ။ကျနော်တို့မှာ နောက်ထပ် စိန်ခေါ်မှု တခုကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပတ်ဝန်းကျင်ကနေပြီးတော့ သူ့ဘေးနားကနေပြီးတော့ အာဏာရှင်တယောက် မဖြစ်အောင်၊ ကျနော်ပြောတာက အာဏာရှင်ကြီးကို ပြောတာ မဟုတ်ဘူးနော်၊ ခေါင်းဆောင်တယောက်မှာ သူစဉ်းစားနိုင်အောင် အကြံပြုပေးရမှာမျိုးရှိတယ်။  သူက ဆုံးဖြတ်ရမှာ။ အသက်လည်းရလာပြီး ၆၇ နှစ်ဆိုတာ တော်တော်ကြီးလာပြီ။ သူ့အနေနဲ့ အဲလိုမျိုး လူကောင်းတွေ ရွေးပြီးတော့ လုပ်သင့်တယ်လို့ ထင်တယ်။ ကျနော်တို့ကိုပြောတာ မဟုတ်ဘူးနော်။ ဆိုတော့ အမေရိကန်အစိုးရ၊ အမေရိကန်က ဘာဖြစ်လို့ အောင်မြင်လည်းဆိုတော့ သမ္မတမှာ အကြံပေးတွေ အများကြီးထားတယ်။

မေး။ ဟုတ်ကဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အကြံပေးကြတဲ့ သူတွေလည်း ရှိမှာပါ၊ ရှိနိုင်ပါတယ်။

ဖြေ။ ကျနော်ပြောချင်တာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိချုပ်ပေါ့၊ သူ့ရဲ့ အိတ်စွဲပေးတဲ့ သူကို ပြောချင်တာမဟုတ်ဘူးလေ။ နိုင်ငံရေးအရ သူဆုံးဖြတ်နိုင်တဲ့ ဟာကို လုပ်ပေးဖို့လိုနေတယ်လေ။

မေး။ အကို့အနေနဲ့ရော ပြည်ပမှာရောက်နေတဲ့ အင်အားစုတွေအနေနဲ့ရော လာမဲ့ ၂၀၁၅ မှာ နိုင်ငံရေးအရ ၀င်ရောက်လာကြပြီး မြန်မာနိုင်ငံရေးလုပ်ကြမှာမျိုးရော မရှိနိုင်ဘူးလားရှင့်။

ဖြေ။ ရှိနိုင်ပါတယ်။ ဒါပေမဲ့ အန်အယ်ဒီက Brand Nameပေါ့။ အဲတော့ ကျနော်လည်း အန်အယ်ဒီရုံး ကို ရောက်ပါတယ်။ စကားလည်း ပြောကြည့်တယ်၊ ကျနော်တို့ တလျှောက်လုံးပေါ့လေ နိုင်ငံရေး ပါတီအနေနဲ့လုပ်ရမဲ့ အလုပ်တွေပေါ့၊ နိုင်ငံရေးပါတီက အာဏာရဖို့တင် မဟုတ်ဘူး။ အာဏာကို ဆက်ရှိဖို့ဆက်ကိုင်ထားနိုင်ဖို့ပေါ့။ အန်အယ်ဒီကို မြင်လိုက်တဲ့အခါမှာ ကျနော့်အနေနဲ့စိုးရိမ်သွားတယ် capacity  မရှိဘူး။ စိတ်ဓါတ်တခုတည်းနဲ့ လုပ်လို့မရဘူး။တိုင်းပြည်ကို ကျနော်တို့က မြင်တာ၊ ကျနော်တို့က တော်လှန်သော စိတ်ဓါတ်နဲ့ ပေါ့၊အမြဲတမ်း ဒီမိုကရေစီ လူ့အခွင့်ရေး။ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ပေါ့ဗျာ၊ အဲတော့ဒီမိုကရေစီ လူ့အခွင့်အရေး ဒီမိုကရေစီ လူ့အခွင့်အရေးပြောနေ   ရေကြီးတဲ့အခါမှာ ဘာလုပ်သလဲ၊ ရခိုင်ကိစ္စ ဖြစ်တယ် ခင်ဗျားတို့ ဘာလုပ်သလဲ ..လို့မေးတယ်။ ဆိုတော့ နိုင်ငံရေးပါတီရဲ့ အဓိပါယ်က လူတွေရဲ့ အကျိုးကို လုပ်ပေးဖို့။နိုင်ငံရေး ရှိခြင်းဖြစ်စေ၊ ရွေးကောက်ပွဲ ရှိခြင်းဖြစ်စေ၊ ကျနော်တို့ အရှေ့တောင်အာရှနိုင်ငံတော်တော်များ များရဲ့ ရွေးကောက်ပွဲ ကန်မ်ပိန်းတွေကို သွားလေ့လာခဲ့တာပဲ၊ ဆိုတော့ ရွေးကောက်ပွဲအနားနီးမှာဖြစ်တဲ့ Issue က တခု၊ ကျနော်တို့ တိုင်းပြည်က အဲဒီနေရာတွေ မရောက်သေးဘူး။ ရပ်ကွက်ထဲမှာ မီးလာလား၊ မလာရင် ကျနော်တို့ ဘယ်လိုလုပ်မလဲ။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဆိုတာက ဒေါ်စုနဲ့   ပြေးလိုက်နေရမှာ မဟုတ်ဘူး။

အဲဒီလို ပြောနေရင်းဖုန်းလာတာနဲ့ မေးမြန်းခြင်းကို ခဏရပ်ထားလိုက်ပါတယ်၊ ပြီးတဲ့နောက်မှာတာ့ကိုညိုအုန်းမြင့်ကို ဘန်ကောက်သံရုံးကို ၀င်စီးခဲ့တဲ့

ကိုဂျော်နီနဲ့ပတ်သက်ပြီး မေးမြန်းဖြစ်သလို၊ ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီးတော့လည်း ဆက်လျက်မေးမြန်းဖြစ်ခဲ့ပါတယ်။


ရှေ့ဆက်ဖော်ပြပါမည်။
မိတ်ဆွေများအားလုံးကို လေးစားခင်မင်လျက်ပါ
မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment