Wednesday 19 September 2012

လေကြောင်းလိုင်းဆိုင်ရာ အများပိုင် ကုမ္ပဏီ တစ်ခုတည်ထောင်

လေကြောင်းဆိုင်ရာ အများပိုင် ကုမ္ပဏီတစ်ခုကို စက်တင်ဘာလ ၁၄ ရက်နေ့က ရွှေမြန်မာ လေကြောင်း ဆိုင်ရာ အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် အမည်ဖြင့် ကုမ္ပဏီ မှတ်ပုံတင် ပြီး ဖွဲ့စည်းပြီးကြောင်း စက်တင်ဘာလ ၁၉ ရက်နေ့ ထုတ် နိုင်ငံပိုင် သတင်းစာပါ ကြေညာချက် အရ သိရသည်။

အဆိုပါ ကုမ္ပဏီကို လေကြောင်းဆိုင်ရာ လုပ်ငန်းများ နှင့် ဆက်စပ်လေကြောင်းဆိုင်ရာ ဝန်ဆောင်မှု များ ဆောင်ရွက်နိုင်ရန် လေယာဉ်စင်းလုံးငှားရမ်းခြင်း( Charter Flights) ၊ ကုန်စည်များ  ပို့ဆောင်ခြင်း (Cargo Flights)၊ Cargo Ware House များ ၊ Air Side နှင့် Land Side တို့ တွင် လုပ်ကိုင် ဆောင်ရွက်ရန် အပြည်ပြည်ဆိုင်ရာ ခရီးစဉ်များနှင့် ပြည်တွင်း ခရီးစဉ်များ၊ လေကြောင်းပို့ဆောင်ရေး ၊ Air Transport Ancillary Servicesတို့ကို နိုင်ငံတကာ အဆင့်မီ ဝန်ဆောင်မှုပေးနိုင်ရန် ဖွဲ့စည်းခြင်းဖြစ်ကြောင်း ယင်းကြေညာ စာအရ သိရသည်။
 
ref:7daynews

No comments:

Post a Comment