Wednesday 19 September 2012

ရခိုင်အရေးကိစ္စအပေါ် အမေရိကန်အပါအ၀င် အနောက်မီဒီယာများက လွဲမှားစွာ ဖော်ပြတင်ဆက်နေကြမှု များနှ င့်ပတ်သက်၍ အမှန်တရားကို ရှင်းလင်းသွားမည်ြ

ရခိုင်အရေးကိစ္စအပေါ် အမေရိကန်အပါအ၀င် အနောက်မီဒီယာများက လွဲမှားစွာ ဖော်ပြတင်ဆက်နေကြမှု များနှ င့်ပတ်သက်၍ အမေရိကန် ခရီးစဉ်အတွင်း အမှန်တရားကို ရှင်းလင်းသွားမည်ဖြစ်ကြောင်း စက်တင် ဘာ ၁၉ ရက်က အမေရိကန်နိုင်ငံသို့ ထွက်ခွာသွားသည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင် က   ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြောကြားခဲ့သည်။

"အကြောင်းရင်း အမှန်ကို ပြောရမယ်။ နိုင်ငံတကာ ခေါင်းဆောင်တွေကို အမှန်အတိုင်း ပြောပြဖို့ တာဝန်ရှိတယ်'' ဟု ဦးအေးသာအောင်က ပြောခဲ့သည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်ခဲ့သည့် ပြသနာများဖြစ်သော ကျောက်နီမော်အရေး၊ တောင်ကုတ်အရေးတို့အပြင်
နောက်ကွယ်တွင်ရှိသည့် ပြသနာများကိုလည်း ရှင်းလင်းမည်ဟု ၄င်းကဆုသည်။

ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်သည် Buddhist Mission Institute ၏ ဖိတ်ကြားချက်ဖြင့် အမေရိကန်နိုင်ငံသို့ စက်တင်ဘာ ၁၉ ရက်မှ စတင်ကာ နှစ်ပတ်ခန့်အကြာ သွားရောက် မည်ဖြစ်ပြီး ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန်လည်း စီစဉ်ထားကြောင်း သိရသည်။
 
ref:7daynews

No comments:

Post a Comment