Wednesday 19 September 2012

အစိုးရဝန်ထမ်းများအား တိုင်ကြားချက် ဖြေရှင်းရခက်ဟု လူ့အခွင့် အရေး ကော်မရှင်ဆို

အစိုးရဝန်ထမ်းများနှင့်သက်ဆိုင်သည့် တိုင်ကြားချက်များဖြေရှင်း ရာတွင်အခက်ခဲဆုံးဟု မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမရက ပြောသည်။

''ဌာနဆိုင်ရာတွေကို တိုင် ကြားစာတွေနဲ့ ပတ်သက်ပြီး အကြံပြု ချက် ပေးပို့တဲ့အခါ များ သောအားဖြင့် အဖြေပြန်မရဘူး'' ဟု ၄င်းက ပြောသည်။ထိုကဲ့သို့ ဖြေရှင်းချက် ပြန် မရခြင်းမှာ အစိုးရဝန်ထမ်းများ သည် စနစ်ဟောင်းအောက်တွင် အသားကျနေပြီး ၄င်းတို့နှင့် ပတ်သက်သည့် ကိစ္စများကို ပြန်လည်ဖြေရှင်းပေး ရမည်ဟု အသိပညာပေးမှု အားနည်းခြင်း ကြောင့်ဖြစ်ကြောင်း ၄င်းက သုံး သပ်သည်။
''အကြံပြုလွှာ ပေးဖို့ပိုကြာနေ ပြီး အဖြေမရဘူးဆိုရင်တော့ အထူး နှိုးဆော်တိုက်တွန်းလွှာဆိုပြီး ပေးပို့ တယ်။ အဲဒီမှာ အနည်းအကျဉ်း လောက်တော့ ပြန်ဖြေပေးတာရှိ လာတယ်''ဟု ၄င်းကပြောသည်။ လူ့အခွင့်အရေး ကော်မရှင် သည် တိုင်ကြားစာများနှင့် ပတ် သက်၍ အဆုံးအဖြတ်ပေးနိုင်သော စီရင်ပိုင်ခွင့် အာဏာရှိသောအဖွဲ့ အစည်းမဟုတ်သည့်အတွက် စုံစမ်း စစ်ဆေး၍ တွေ့ရှိသည့် အကြောင်း အရာများကို သက်ဆိုင်ရာဌာနများ သို့ တိုက်တွန်းနှိုးဆော်လွှာ များ ပေးပို့ရကြောင်း သိရသည်။

''တရားရုံးမှာ တင်ထားတဲ့ ကိစ္စတွေကို ကျွန်တော်တို့က စွက် ဖက်လို့ မရပါဘူး။ ဒါပေမဲ့ လူ့ အခွင့်အရေး ချိုးဖောက်တာတွေ ဖြစ်လာပြီ ဆိုရင်တော့ သတိပေးတာ တွေ လုပ်ပါတယ်'' ဟု ၄င်းက ပြောသည်။
လူ့အခွင့်အရေး ကော်မရှင် သည် တရားစီရင်ခွင့် အာဏာပိုင် အဖွဲ့ မဟုတ်သည့်အတွက် အဂတိ လိုက်စားမှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို အစဉ်သတိပေး ကြောင်း ကမ္ဘာ့ကုလသမဂ္ဂညီလာ ခံတွင်လည်း လူ့အခွင့်အရေး ချိုး ဖောက်မှုများကို ဖိအားသာေ ပး နိုင်ကြောင်း စီရင်အပြစ်ပေးခြင်းကို မူ ကုလလုံခြုံရေး ကောင်စီကသာ ဆုံးဖြတ်ကြောင်း ၄င်းက ပြော သည်။ လူ့အခွင့်အရေး ကော်မရှင်၏ ကွင်းဆင်းစုံစမ်း စစ်ဆေးမှုအနေ ဖြင့် တစ်နှစ်တာ ကာလအတွင်း ဒဂုံအရှေ့ပိုင်းရှိ ပင်စင်စား ဝန် ထမ်းအိမ်ရာများ အသိမ်းခံရမည့် ကိစ္စ၊ ပြည်နယ်တစ်ခုတွင် အသက် မပြည့်သူ ကလေးငယ်တစ်ဦး မုဒိမ်းကျင့်ခံရမှုတွင်ကလေး၏ မိခင်သေဆုံးပြီး ဖခင်ထောင်ကျမှု၊ မုဒိမ်းကျင့်သူ လွတ်မြောက်နေမှု ကို ကွင်းဆင်းစစ်ဆေးခြင်းနှင့် ကချင်ပြည်နယ် ဒုက္ခသည်စခန်းများ သို့သာ သွားရောက်နိုင်ခဲ့ကြောင်း သိရသည်။ အနယ်နယ်အရပ်ရပ်မှ ပေးပို့သော တိုင်ကြားစာများကို တစ်ရက်လျှင်ပျမ်းမျှ  အစောင်  ၃ဝလက်ခံရရှိကြောင်းသိရသည်။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေးကော်မရှင်သည် အခြေခံ ဥပဒေအရ ပြည်ထောင်စု အဖွဲ့ အစည်းအဖြစ် လွှတ်တော်မှ သတ်မှတ်နိုင်ခြင်း မရှိသည့် အတွက် ဘဏ္ဍာငွေ အထောက် အပံ့အဖြစ် သမ္မတရုံးမှသာ ရယူသုံးစွဲရပြီး ဝန်ထမ်းအနည်း ငယ်သာရှိကြောင်း သိရသည်။

ref:popular

No comments:

Post a Comment