Wednesday 19 September 2012

( ဟီလာရီကလင်တန် အဖွင့်မိန့်ခွန်း ကောက်နှုတ်ချက် )

Wednesday, 19 September 2012

သမ္မတ ဦးသိန်းစိန်နဲ့ ကျမ နှစ်ကြိမ်တွေ့ခွင့်ရခဲ့ပါတယ် ။ နေပြည်တော်မှာတစ်ခါ၊ ကမ္ဘောဒီးယားမှာ တစ်ခါပါ ။ နောက်တစ်ပတ် UN အထွေထွေအစီးအဝေးအတွက် သူလာမှာကိုလည်း ကျမတို့ မျှော်လင့်နေ ပါတယ် ။

ဒီနေ
့မနက်က State Department မှာ ကျမနဲ့ ဒေါ်စုတို့ ရှေ့အနာဂတ်အလုပ်တွေကို ဆွေးနွေးဖြစ်ကြတယ် ။ လုပ်စရာအလုပ်တွေကလည်း အများသားလေ ။ ဒေါ်စု US ကို ဒီအချိန် လာရခြင်းရဲ့ အရေးကြီးတဲ့ အကြောင်းတစ်ချက်ကတော့ ရှေ့မှာလုပ်စရာတွေ ဘယ်လောက်တောင် ကျန်သေးတယ်ဆိုတာ လာသတိပေးတာလို့ ကျမယူဆပါတယ် ။ တရားဥပဒေစိုးမိုးရေးက အစ ရခိုင်ပြည်နယ်အရေးနဲ့ တခြားတိုင်းရင်းသားပဋိပက္ခတွေအရေးအဆုံးပေါ့ ။ ပြုပြင်ပြောင်းလဲရေး reforms တွေကိုလည်း ဆက်လုပ်ရဦးမယ် ။ အခြေအနေပေးရင် တိုင်းပြည်ကို မှားယွင်းတဲ့ လမ်းကြောင်းပေါ်ပို့နိုင်တဲ့ အားတွေကလည်း ရှိနေတယ် ။ ဒီတော့ နောက်ပြန်ဆွဲမဆွဲဖို့ရာလည်း သတိထားရမယ် ။

ကျမတို့ State Department နဲ့ သမ္မတ အိုဘားမားအုပ်ချုပ်ရေးအဖွဲ့ကတော့ ဒီပြုပြင်ပြောင်းလဲရေးတွေကို ဆက်လုပ်ရဖို့ ပထမဆုံးတိုက်တွန်းပြောမယ့်လူတွေဆိုတာ အသေအချာပါဘဲ ။ နိုင်ငံရေးအကျဉ်းသားတွေ ကျန်နေသေးတယ် ။ တိုင်းရင်းသားတွေနဲ့ဖြစ်တဲ့ စစ်ပွဲပဋိပက္ခတွေက အမျိုးသားရင်ကြားစေ့ရေး ၊ တည်ငြိမ်အေးချမ်းရေးကို နှောင့်နှေးစေတေယ် ။ မြောက်ကိုးရီးယားနဲ့ စစ်ရေးဆက်သွယ်မှုတွေကလည်း ရှိနေသေးတယ် ။ တရားဥပဒေစိုးမိုးဖို့ဆိုရင် နောက်ထပ် reform တွေ လိုသေးတယ် ။ ပွင့်လင်းမြင်သာမှု transparency တွေကို မြှင့်တင်ရမယ် ။ အခြေခံဥပဒေနဲ့ ပတ်သက်တဲ့ အပြောင်းအလဲ စိန်ခေါ်မှုတွေလည်း ထည့်စဉ်းစားရမယ် ။

ဒါပေမယ့် အမေရိကန်ကတော့ မြန်မာပြည်မှာ စနေပြီဖြစ်တဲ့ တိုးတက်ပြောင်းလဲမှုတွေကို အားပေးဖို့ မြန်မာအစိုးရ၊ မြန်မာပြည်သူတွေနဲ့ အတူရှိပါတယ် ။

အခုဆိုရင် နှစ်နိုင်ငံသံအမတ်တွေရှိတဲ့အဆင့်ထိ တက်လှမ်းနိုင်ခဲ့ပြီ ။ စီးပွားရေးပိတ်ဆိုမှုလျှော့ချပြီး အမေရိကန်ကုမ္ပဏီတွေ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံလာနိုင်အောင် လမ်းခင်းပေးခဲ့ပြီးပြီ။ အဲဒီလို ရင်းနှီးမြှုပ်နှံရာမှာ လက်ရှိဖြစ်နေတဲ့ အပြောင်းအလဲတွေကို အနှောင့်အယှက်မဖြစ်ဘဲ ပိုမြန်ပိုတိုးတက်သွားအောင် နည်းနဲ့ မြှုပ်နှံမှာပါ ။

US အနေနဲ့ မြန်မာအစိုးရနဲ့ရော ၊ အတိုက်အခံခေါင်းဆောင်တွေနဲ့ပါ ရင်းနှီးစွာ ဆက်ဆံထားပါတယ် ။ မြန်မာပြည်အသစ် new Burma ရဲ့ ပထမဆုံး အမေရိကန်သံအမတ်ကြီး ဒဲရစ် မစ်ရှယ်လည်း အခု ကျမတို့နဲ့ အတူ ရှိနေပါတယ် ။ သူနဲ့ သူ့လက်ထောက်အတွင်းရေးမှုး Kurt Campbell တို့ ဦးဆောင်တဲ့ အဖွဲ့ဟာ သင့်တော်လိုအပ်တဲ့နေရာမှာ အကူအညီတွေ ပေးနိုင်အောင် မြန်မာပြည် မဲဆန္ဒနယ်အသီးသီးက အမတ်တွေနဲ့ အမြဲမပြတ် ဆွေးနွေးမှုတွေ လုပ်လျက်ပါ ......။

No comments:

Post a Comment