Wednesday 19 September 2012

"မွန်ဒေသအချို့တွင် စိတ်ကြွဆေးအဖြစ် ဘိန်းစာရွက်နှင့် ဓာတုအချို့ ရောစပ်သုံးစွဲခြင်းအန္တရာယ် ကြီးမားနေ"

Wednesday, 19 September 2012

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်း စိတ်ကြွဆေးအဖြစ် သုံးစွဲနေကြသော ဘိန်းစာရွက်ကို စီးပွားဖြစ် စိုက်ပျိုးသူများပင် ရှိနေပြီဟု ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးနိုင်ဦးက ပြောသည်။
အဆိုပါ ဘိန်းစာရွက်ကို ထိုင်း နိုင်ငံမှ အကိုင်းခုတ်၍သယ်ဆောင် လာကာ စိုက်ပျိုးခြင်းဖြစ်ပြီး လူငယ်များကြား သုံးစွဲမှုများလာသဖြင့် သံ ဖြူဇရပ်မြို့နယ် အတွင်းရှိ ကော့ လေး၊ စွပ်ပလောင်နှင့် ထင်းရှူး ရွာတို့ရှိ ရွာနှင့်လှမ်းသော ရော်ဘာ ခြံတို့တွင် စီးပွားဖြစ်စိုက်နေသည် ဟုသိရှိရကြောင်း သံဖြူဇရပ်မြို့ နယ်မှ ပြည်နယ်လွှတ်တော်ကိုယ် စားလှယ်ဦးနိုင်ဦးကပြောသည်။
''ထိုင်းမှာ ရော်ဘာသွားခြစ်တဲ့ လူတွေက အဲဒီအရွက်ကို ဝါးစားရင် ညဘက် အလုပ်လုပ်တဲ့အခါ အိပ်ချင်စိတ်လည်းမရှိ၊ အလုပ်လည်းလုပ်ချင်စိတ် များတဲ့ အတွက် သုံးကြတယ်။ များများသုံးခဲ့တဲ့ သူတွေက စွဲနေတော့ ထိုင်းကအပြန် မှာ အကိုင်းခုတ်လာပြီး ဒီမှာ ပြန်စိုက်တယ်။ ဒီလိုနဲ့ ကျယ်ပြန့်လာတာ''ဟု ၄င်းကပြောသည်။
အဆိုပါ အရွက်ကို ပြုတ်ထားသည့် အရည်ထဲတွင် ချောင်းဆိုးပျောက်ဆေး ရည်၊ ကော်ဖီမစ်၊ ခြင်ဆေးခွေပြာမှုန့်နှင့် မီးချောင်းမှ ခြစ်ယူထားသော ပြဒါး မှုန့်တို့ကို ထည့်ကာ စိတ်ကြွဆေးအဖြစ် သုံးစွဲကြကြောင်း ၄င်းကဆက်လက် ပြောသည်။
ထိုင်း၌ ရော်ဘာအစေး ခြစ်သူအချို့မှာ ဘိန်းစာရွက်ကို ကွမ်းငုံသလိုငုံ၍် ဝါးစားကြကြောင်း၊ တစ်ညလျှင် အရွက် ၂ဝ ခန့်ဝါးကြသည်ဟု သိရကြောင်း၊ အထက်ပါအတိုင်း ရောစပ်သုံးစွဲခြင်းကို မွန်ဒေသမှ လူငယ်များသာ ပြုလုပ်ကြ ကြောင်း၊ ယင်းသို့ ရောစပ်ထားသော အရည်တစ်ခွက်၏ အာနိသင်သည် တစ်နေ့တာအထိရှိသည်ဟု သိရကြောင်း ကျိုက်မရောမြို့နယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် နိုင်စံတင်က ပြောသည်။
ဘိန်းစာရွက်တစ်ရွက်၏ တန်ဖိုးမှာ ယခင်က ကျပ် ၁ဝဝ သာရှိ ပြီး ယခုအခါ သုံးစွဲမှုများလာသဖြင့် ကျပ် ၃ဝဝ အထိ ဈေးပေါက်လာကာ ရေးမြို့အတွင်းမှ တစ်ပတ်လျှင် တစ်ကြိမ် ၆ သိန်းဖိုးအထိ လာရောက်ဝယ်ယူနေသည်ဟု စုံစမ်း သိရှိရကြောင်းဦးနိုင်ဦးက ပြောသည်။
''ဘိန်းစာရွက်နဲ့ပတ်သက်ပြီး မနှစ်က ပြည်နယ်လွှတ်တော်မှာ ကျွန်တော် တင်တယ်။ အဲဒီလိုတင်လိုက်တော့ ရဲတွေက အဲဒီအပင်ကို လိုက်ရှင်းတာပေါ့ ဗျာ။ ထုံးစံအတိုင်း နှစ်လ၊ သုံးလလောက်နေတော့ အရေးမယူတော့တဲ့ အတွက် ပြန်စိုက်ကြတာပေါ့''ဟု ၄င်းကပြောသည်။
ကျိုက်မရောမြို့နယ်အတွင်း ဘိန်းစာရွက် ပြဿနာမရှိသော်လည်း မုဒုံ၊ သံဖြူ ဇရပ်နှင့် ရေး တောင်ပိုင်းတို့တွင် စီးပွားဖြစ် စိုက်ပျိုးမှုများရှိသည်ဟု နိုင်စံတင် က ပြောသည်။
''အာဏာပိုင်တွေဘက်က အရေးယူမှုတော့ရှိတယ်။ ဒါပေမဲ့ ပီပြင်မှုမရှိဘူး'' ဟု ၄င်းက ဆက် လက်ပြောသည်။
ဘိန်းစာရွက် အန္တရာယ်နှင့် ပတ်သက်၍ ချောင်းဆုံမြို့နယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးသို့ ဆက်သွယ် မေးမြန်းခဲ့ရာ ချောင်းဆုံမြို့ နယ်အတွင်း သံဖြူဇရပ်နှင့်ရေးတို့ ကဲ့သို့ မများသော်လည်း တစ်စစဝင် လာနေပြီဟု ပြောသည်။
ယခုလ ၂၇ ရက်နေ့တွင် ကျင်းပမည့် မွန်ပြည်နယ်လွှတ် တော်နှင့် အစည်းအဝေး၌ ဘိန်းစာရွက်၏ အန္တရာယ်ကို ထိရောက်စွာအရေးယူနိုင်ရန် အတွက် အဆိုတင်သွားမည်ဟု ဦးနိုင်ဦးက ဆက်ပြောသည်။
''ဒါနဲ့ပတ်သက်ပြီး ထိထိရောက်ရောက် အရေးမယူဘူးဆိုရင် ကြာရင် လူငယ်တွေ အညွန့်တုံးသွားလိမ့်မယ်''ဟု ဦးနိုင်ဦးက ဆက်လက်ပြောသည်။

popular (လင်းဦး)

 

No comments:

Post a Comment