Wednesday 19 September 2012

ဘင်္ဂါလီ လုံးဝ မရှိမှသာ ပြသာနာ ငြိမ်းမည်ဟု ဒေါက်တာ အေးချမ်း သုံးသပ်


Wednesday, 19 September 2012

  ရခိုင်အရေး အလေးပေး ဆွေးနွေးသော အမျိုးသားရေး လက္ခဏာ နိုင်ငံသားဖြစ်မှု ဆွေးနွေးပွဲတွင် သမိုင်းဖြစ်ရပ်များ ကို ဆွေးနွေးတင်ပြနေသော သမိုင်းပညာရှင် ဒေါက်တာ အေးချမ်း
 
ရခိုင်ပြည်နယ်တွင် ဖြစ်ပွါးနေသော ပြသာနများ ပြေလည်သွားရန် ဘင်္ဂါလီများ လုံးဝ မရှိရန် လိုအပ်ကြောင်း ရခိုင်တိုင်းရင်းသား သမိုင်း ပညာရှင် ဒေါက်တာ အေးချမ်းက သုံးသပ်လိုက်သည်။ ဒီပြသာဖြစ် လာ တာ နှစ်ပေါင်း ၇၀ ကျော်လာပြီ။ နောက်ထပ်မဖြစ်စေချင်ရင် လုံးဝ သီးခြားစီထားရမယ်။ ၀င်မလာ နိုင်အောင် ခြံစည်းရိုးကို မြင့်မြင့်ကာရမယ်“ ဟု ဒေါက်တာအေးချမ်း က ရှင်းပြ သည်။ ရခိုင်ပြည်နယ်နှင့် ဘင်္ဂါလားဒေခ်ျ့ နယ်စပ်ဒေသဖြစ်သော မောင်တော၊ ဘူးသီးတောင်တို့တွင် ရခိုင်လူဦးရေ ၉ရာခိုင်နှုန်း ခဲ့သာ နေထိုင်လျှက်ရှိပြီး ကျန်ရာခိုင်နှုန်းများကို ဘင်္ဂါလီများ ကြီးစိုးထားသည်။
 
ဓါတ်ပုံ - The Voice Weekly

ရခိုင်ပြည်ကို ကာကွယ်ရန် အခွင့်အရေး မရခဲ့ဟု ဦးအေးသာအောင် ဆို

အစိုးရကသာ အဏာကို ချုပ်ကိုင်ခဲ့သဖြင့် မြန်မာနိုင်ငံ၏ အနောက်ဖက် တံခါး ရခိုင်ပြည်ကို ရခိုင်တိုင်းရင်း သားများ ကာကွယ်ခွင့် မရခဲ့ကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင် က ပြောကြားသည်။ အစိုးရကသာ အာဏာကို ချုပ်ကိုင်ထားခဲ့ပြီး ရခိုင်တိုင်းရင်းသားများတွင် လုပ်ပိုင်ခွင့် အာဏာ မရှိခဲ့သဖြင့် အနောက်ဖက်တံခါးကို ထိထိရောက်ရောက် ကာကွယ်နိုင်ခြင်း မရှိခဲ့ကြောင်း ၄င်းက ရှင်းပြသည်။ ရခိုင်အရေး အလေးပေး ဆွေးနွေးသော အမျိုးသားရေး လက္ခဏာ နိုင်ငံ သားဖြစ် မှု ဆွေးနွေးပွဲတွင် ဦးအေးသာအောင်က ယင်းသို့ ပြောကြားခြင်းဖြစ်သည်။ အနောက်ဖက်တံခါးကို ရခိုင် တိုင်းရင်းသားများ သမိုင်းပေးတာဝန်အရ စောင့်ရှောက်ခဲ့သောလည်း အာဏာကို ချုပ်ကိုင်ထားသော အစိုးရ ပိုင်း၏ အားနည်းမှု အကျင့်ပျက် ခြစားမှုတို့ကြောင့် တစ်ဖက်နိုင်ငံက ဘင်္ဂါလီများ ၀င်လာခဲ့ကြောင်း၊ ယင်းသို့ ၀င်ရောက်လာမှုတို့ကြောင့် ဘူးသီးတောင် ၊ မောင်တောမြို့နယ်တို့တွင် လူဦးရေ မညီမျှမှု များ ဖြစ်လာခဲ့ကြောင်း ဦးအေးသာအောင်က ဆိုသည်။ ဘူးသီတောင် ၊ မောင်တောမြို့တို့တွင် ရခိုင် တိုင်းရင်း သား ဦးရေမှာ ၉ရာခိုင်နှုန်းခန့်သာ ရှိပြီး ဘင်္ဂါလီ ၈၄ရာခိုင်နှုန်းခန့်ရှိသည်။



ရခိုင်အရေး အလေးပေး ဆွေးနွေးသော အမျိုးသားရေး လက္ခဏာ နိုင်ငံသားဖြစ် မှု ဆွေးနွေးပွဲတွင် တွေ့ ရသော ဦးအေးသာအောင်

 

No comments:

Post a Comment