Wednesday 19 September 2012

MRTV4 မှ Top Channel-7 ထုတ်လွှင့်ပြသတော့မည်

Wednesday, September 19, 2012

Channel7 ရုပ်သံလိုင်းရဲ့ အစီအစဉ်သစ်တစ်ခုဖြစ်တဲ့ Channel7 Top Ten အစီအစဉ်ကို စက်တင်ဘာလ ၁၉ ရက်နေ့ ကစပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့နဲ့ တနင်္ဂနွေနေ့တွေမှာ ထုတ်လွှင့် ပြသမှာ ဖြစ်ပြီး ဗုဒ္ဓဟူးနေ့ တိုင်းမှာ ပြည်တွင်းသီချင်းတွေနဲ့ တနင်္ဂနွေနေ့ တွေမှာ နိုင်ငံတကာသီချင်းတွေကို ထုတ်လွှင့်ပေးသွား မှာဖြစ် ပါတယ်။

ဒီအစီအစဉ်မှာ ထုတ်လွှင့်ပေးမယ့် သီချင်းတွေကတော့ Channel 7 ရဲ့ Facebook စာမျက်နှာထက်မှာ အပတ်စဉ် ပရိသတ်တွေ Vote လုပ်ပေးတဲ့ထဲက လူကြိုက်အများဆုံး သီချင်းတွေကို ရွေးချယ်တင်ဆက်ပေးတာဖြစ်ပါတယ်။
ဒါကြောင့် ပြည်တွင်းနဲ့ နိုင်ငံတကာသီချင်းတွေကို နှစ်သက်သူ ပရိသတ်တွေအတွက် သီချင်းကောင်းတွေကို ခံစားနိုင်ဖို့ ဒီအစီအစဉ်လေးကို မိတ်ဆက် သတင်းကောင်းပါးရင်း Channel 7 ရဲ့ Facebook စာမျက်နှာမှာလည်း အပတ်စဉ် Vote များ တောင်းခံသွားမှာဖြစ်လို့ Vote လုပ်ပြီး အားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
From : MRTV4

No comments:

Post a Comment