Wednesday 19 September 2012

မကောင်းဆိုးဝါးနှင်ထုတ်သည်ဆိုကာ ရိုက်နှက်ခံရသည့် အမျိုးသမီးက ခင်ပွန်းနှင့်မိသားစုကို တရားစွဲ

မကောင်းဆိုးဝါး စွဲကပ်နေသည်ဆိုကာ လမ်းလျှောက်တုတ်ဖြင့်ရိုက်ပြီး မကောင်းဆိုးဝါး နှင်ခံရသည့်နောက် ခင်ပွန်းနှင့် မိသားစုကို အမျိုးသမီး တစ်ဦးက ဗြိတိန်တွင် တရားစွဲဆိုထားကြောင်း သိရသည်။ အက်စ်မာ ဟူစိန်သည် သူမ၏ အိပ်ရာတွင် မလှုပ်နိုင်အောင် ချည်နှောင်ခံထားရပြီးနောက် မြင့်မြတ်သော   ရေစင်ဖြင့် ဖြန်းပက်သည်ဆိုကာ ရေဖြင့်ပက်ခံရသည်။ ထို့အပြင် မွတ်ဆလင်မ်ရိုးရာနည်းလမ်း တစ်ခုဖြင့် မကောင်းဆိုးဝါး နှင်ကြောင်း ပြောဆိုကာ အသက်(၆၀)အရွယ် ခင်ပွန်းသည် အာမက်ဟူစိန်နှင့် မိသားစုက ပင့်ဖိတ်ထားသည့် ဘာသာရေး ခေါင်းဆောင်တစ်ဦးက သူမအား ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။ 




(တရားရုံးသို့ လာရောက်သည့် အာမက်ဟူစိန်၏သမီး ဆယ်လ်မာဟူစိန်နှင့် သားမက် မိုဟာမက် အဇစ်)

အစ္စလာမ်ဘာသာရေး ယုံကြည်မှုအရ မကောင်းဆိုးဝါးများကို နှင်ထုတ်နိုင်သည့် ဂါထာများကို ရွတ်ဆိုပြီး သူမကို ရိုက်နှက်ခဲ့ခြင်းဟု အက်စ်မာက ဆနဲရက်စ်ဘရွတ်ခ် ခရောင်း တရားရုံးတွင် တိုင်ကြားခဲ့သည်။ အက်စ်မာတွင် မကောင်းဆိုးဝါး စွဲကပ်နေသည်ဆိုကာ ခင်ပွန်းသည်အပြင် သားဖြစ်သူ အသက်(၂၈)နှစ်ရှိ မိုဟာမက် ကေယက်စ်ဟူစိန်၊ အသက်(၂၂)နှစ်ရှိ သမီးဖြစ်သူ ဆယ်လ်မာဟူစိန်၊ အသက်(၂၈)နှစ်ရှိ ချွေးမ ဟာလီမာ ခါတန်နှင့် အသက်(၂၁)နှစ်အရွယ် သားမက် မိုဟာမက် အဇစ်တို့ပါ အက်စ်မာ၏ တိုင်ကြား မှုကြောင့် တရားရုံးတွင် အစစ်ခံခဲ့ရသည်။ ယင်းတို့အားလုံးက အက်စ်မာသည် တစ်စုံတစ်ဦး၏   အောက် လမ်း နည်းပညာဖြင့် အကောက်ကြံမှုကြောင့် မကောင်းဆိုးဝါး စွဲကပ်နေသည်ဟု ယုံကြည်ကြောင်း ထွက်ဆိုထားကြသည်။



(အာမက်ဟူစိန်၏သား မိုဟာမက် ကေယက်စ်ဟူစိန်နှင့် ချွေးမ ဟာလီမာ ခါတန်)

အစိုးရ ရှေ့နေ တစ်ဦးက "ကိစ္စအားလုံးက ယုံကြည်မှု လွန်ကဲရာက စတာပါပဲ။ သူတို့က တရားလိုကို အိမ်ထဲမှာတင် ဖမ်းပြီး ချည်နှောင်ထားတယ်။ သူတို့က ဘာသာရေး ခေါင်းဆောင် တစ်ယောက်ကိုတောင် ပင့်ဖိတ်ပြီး ခပ်ကြမ်းကြမ်း ကိုင်တွယ်ခဲ့တာပါ"ဟု ဆိုသည်။ မိသားစုက အက်စ်မာ၏ အမူအကျင့်များ ဆိုးဆိုးရွားရွား ပြောင်းလဲမှုသည် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း သိသာလာကြောင်း ပြောကြား ထားကြသည်။ အက်စ်မာသည် ရိုက်နှက်ခံရခြင်းကြောင့် ကျောတွင် ဒဏ်ရာရခဲ့သလို မျက်နှာနှင့် ခန္ဓာကိုယ်တွင်လည်း ထိခိုက်ခဲ့ကြောင်း တိုင်ကြားခဲ့သည်။ မိသားစုကမူ မိမိတို့သည် အက်စ်မာကို နာကျင်စေလိုစိတ် လုံးဝမရှိဘဲ မကောင်းဆိုးဝါးကို နှင်ထုတ်ရန်သာ ရည်ရွယ်ခဲ့ကြောင်း ပြောကြား ထားသည်။


ref:planet

No comments:

Post a Comment