Wednesday 19 September 2012

မြန်မာနိုင်ငံအစိုးရက အမေရိကန်နိုင်ငံနဲ့ ပိုမိုရင်းနှီးမူရယူနေတာဟာ တရုတ်နိုင်ငံကို ချိန်ရွယ်တဲ့လုပ်ဆောင်ချက်မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ကပြော

Wednesday, 19 September 2012

အမေရိကန်နိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ကမြန်မာနိုင်ငံအစိုးရက အမေရိကန်နိုင်ငံနဲ့ ပိုမိုရင်းနှီးမူရယူနေတာ ဟာ တရုတ်နိုင်ငံကို ချိန်ရွယ်တဲ့လုပ်ဆောင်ချက်မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

မြန်မာ နိုင်ငံမှာ စစ်အစိုးရလက်ထက်က တရုတ် နိုင်ငံ နဲ့ ရင်း နှီး နီးစပ်မှုတွေကနေတဆင့် တရုတ်နိုင်ငံ ရဲ့မြန်မာနိုင်ငံအပေါ် သြဇာလွှမ်းမိုးမှု ကြီး ကြီး မား လာပြီး လွှမ်းမိုးမူလျော့ချဖို့အတွက်မြန်မာနိုင်ငံက အမေရိကန်နိုင်ငံနဲ့ ရင်းနှီးမှု ကို ရှာနေတာဖြစ်တယ်လို့ ဝေဖန်သုံးသပ်မှုတွေ ထွက်ပေါ်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က ခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၁၈) ရက်ကြာ အမေရိကန်နိုင်ငံ ခရီး စဉ် မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Hilary Clinton က ကြို ဆိုခဲ့ပါတယ်။

Hillary Clinton အနေနဲ့ မြန်မာ နိုင်ငံ မှာ ဒေါ်အောင် ဆန်းစုကြည်နဲ့တွေ့ဆုံခဲ့ပြီး နောက် အခု အခါမှာ တွေ့ ဆုံ ဆွေးနွေး နိုင်ခဲ့ ခြင်းဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့မှာ ကုလသမဂ္ဂ ရုံး စိုက်၇ာ New York မြို့ ကို ဆိုက်ရောက်ဖို့ ရှိပါတယ်။

မူရင်းသတင်း--Radio Australia - Myanmar

 

 

No comments:

Post a Comment