သပိတ်ကျင်းမြို့နယ် ကျောက်ဖျာကျေးရွာအနီး မန္တလေး-မိုးကုတ်ကားလမ်းဘေးတွင် ရွှေ ကြော တွေ့ရှိ သည့် သတင်းများ ထွက်ပေါ်ပြီး ဒေသခံများက မြေ စာခဲများတူးဖော်လျက်ရှိရာ နိုဝင်ဘာ ၂၅ နောက်ပိုင်း၌ ဆက်လက်တူးဖော်သူများကို သတ္တုတွင်း ဥပဒေဖြင့် အမှုဖွင့်အရေးယူတော့မည်ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်းရရှိသည်။
Wednesday, 25 November 2015
ကြိုတင်မဲ မသမာမှု ပြုလုပ်သည်ဟုဆိုကာ မဲရုံမှူး အပါအ၀င် ဆရာမသုံးဦးအား မဲနှစ်မဲ ကွာဟမှုဖြင့် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းက အမှုဖွင့်တိုင်ကြား

ချောင်းဆုံမြို့နယ် ၀ယ်လန်းကျေးရွာ မဲရုံအဖြစ် အသုံးပြုခဲ့သော မူလွန်ကျောင်းအားတွေ့ရစဉ်
မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ၀ယ်လန်း ကျေးရွာမဲရုံတွင် ကြိုတင်မဲမသမာမှု ပြုလုပ်သည်ဟုဆိုကာ မဲရုံမှူးအပါအ၀င် ဆရာမသုံးဦးအား မဲနှစ်မဲကွာဟမှုဖြင့် ချောင်းဆုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမင်းအောင်သူက တရားလိုပြုလုပ်ပြီး နိုဝင်ဘာ ၂၁ ရက်တွင် ချောင်းဆုံမြို့မရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သတင်းရရှိသည်။
ကျန်ရှိနေခဲ့သည့် မဲရုံခြောက်ရုံမှ မဲရလဒ်များ ထည့်ပေါင်းခဲ့ပြီးနောက် ရှမ်းပြည်နယ် အမျိုးသား လွှတ်တော် မဲဆန္ဒနယ်အမှတ် (၅)တွင် တအာင်း (ပလောင်) အမျိုးသားပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးညီစိန် အနိုင်ရ
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၅ ) တွင် ထည့်ပေါင်းရန် ကျန်ရှိနေခဲ့သည့် ကျေးရွာသုံးစုမှ မဲရုံခြောက်ရုံ၏ မဲရလဒ်များကို ထည့်ပေါင်း ရေတွက် ခဲ့ပြီးနောက် တအာင်း(ပလောင်) အမျိုးသားပါတီမှ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးညီစိန်က ပြည်ခိုင်ဖြိုး ပါတီ ကိုယ်စားလှယ်လောင်းကို ၁၉၉ မဲအသာဖြင့် အနိုင်ရရှိသွားခဲ့ကြောင်း သတင်းရရှိသည်။
ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေဟာလည်း လွှတ်တော်အရပ် အမတ်တွေလိုပဲ အရည်အချင်း ရှိဖို့လိုပါတယ်
ရန်ကုန်တိုင်ဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်မှာနေတဲ့ ကိုဝေဇင်က စာဖတ်သူကဏ္ဍ ကို မေးလ်နဲ့ စာတစ်စောင် ပေးပို့လာပါတယ်။ သူ့စာထဲမှာ ရေးထားတာကတော့ သူဟာ ကုမ္ပဏီဝမ် ထမ်း တစ်ဦးဖြစ်ပြီး ဘယ်ပါတီဝင်မှ မဟုတ်ပေမယ့် NLD ပါတီက အများဆုံး အနိုင်ရသွားတဲ့အတွက် နိုင်ငံမှာ အပြောင်းအလဲ တော့ ဖြစ်ပြီဆိုပြီး ဝမ်းသာမိတာကို ဦးစွာရေးသားလိုပါတယ်။
မြန်မာ့နိုင်ငံရေးခေါင်းဆောင်များအားလုံး အတူလက်တွဲလုပ်ကြရန် အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နိုဝင်ဘာ ၂၄ ရက်က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ − U.S. Embassy Rangoon)
မြန်မာ့နိုင်ငံရေးခေါင်းဆောင်များအားလုံး အတူတကွလက်တွဲလုပ်ဆောင်ကြရန် မြန်မာနိုင်ငံသို့ ရောက်ရှိ နေသည့် ကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက သမ္မတဦးသိန်းစိန်အား နိုဝင်ဘာ ၂၄ ရက်တွင် တိုက် တွန်းခဲ့သည်။
မီးလောင်မှု ဖြစ်ပွားခဲ့သည့် ဂျန်းရှင်းစကွဲ တတိယထပ် သုံးရက်ပိတ်
မီးလောင်မှုဖြစ်ပွားခဲ့သည့် ဂျန်းရှင်းစကွဲ ဈေးဝယ်စင်တာ တတိယထပ်ကို ပြင်ဆင်မှုများ ပြန်လည်ပြုလုပ် နေ၍ သုံးရက်ခန့် ပိတ်ထားမည်ဖြစ်ကြောင်း စင်တာမှ တာဝန်ရှိသူကပြောသည်။
ရန်ကုန်-ပုဂံ ရထားပေါ်တွင် ရထားစားပွဲထိုးက နိုင်ငံခြားသူကို အဓမ္မပြုကျင့်ရန် ကြိုးပမ်းမှုဖြစ်
ပုဂံသို့ အလည်လာသည့် ဟောင်ကောင်သူတစ်ဦးကို ရန်ကုန်-ပုဂံရထားပေါ်တွင် ရထားစားသောက်ဆိုင် စားပွဲထိုးတစ်ဦးက အဓမ္မပြုကျင့်ရန် ကြိုးပမ်းမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဒေါ်အောင်ဆန်းစုကြည်ဆွေးနွေးသည့်အပေါ် အခြေခံ၍ ပြန်လည်ဆွေးနွေး ရန် ပြင်ဆင်ထားဟု တပ်ချုပ်ပြောကြား
ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံမှုပါက သူမဘက်က ဆွေးနွေးသည့်အပေါ်တွင်သာ ပြန်လည် ဆွေးနွေး ရန် ပြင်ဆင်ထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၀ါရှင်တန် ပို့စ် သတင်းစာအား ဖြေကြားခဲ့သည်။
ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး နိုင်ငံစာရင်းမှ လွတ်မြောက်ရေး မြန်မာကြိုးပမ်းမည်
မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံး နိုင်ငံများအဖွဲ့မှ လွတ်မြောက်နိုင်ရန် ကုလသမဂ္ဂထံ တင်ပြ ထား ပြီး ၂၀၁၈ ခန့်တွင် ကုလ၏ စစ်ဆေးမှုကိုခံယူရမည်ဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က ပြောသည်။
အာဆီယံ နည်းပညာ ထူးချွန်ဆု မြန်မာ MIT ကုမ္ပဏီ ပထမဆုံး ဆွတ်ခူး
အာဆီယံနည်းပညာထူးချွန်ဆု (eASEAN)ကို မြန်မာနိုင်ငံ ကိုယ်စားပြု၍ မြန်မာသတင်းအချက်အလက်နှင့် နည်းပညာ ကုမ္ပဏီ(MIT)က ပထမဆုံးအ ကြိမ်ရရှိခဲ့ကြောင်း သတင်းရရှိ သည်။
ကျေးသီးမြို့ရှိ စစ်ရှောင်စခန်းတွင် ဒုက္ခသည်အချို့ ၀မ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွား

ရှမ်းပြည်နယ်ကျေးသီးမြို့ စစ်ဘေးရှောင် ဒုက္ခသည်စခန်းမှ ဒုက္ခသည်အချို့ (ဓာတ်ပုံ - တင်ဦး)
ရှမ်းပြည်နယ်တောင် ပိုင်း ကျေးသီးမြို့နယ် ၀မ့်ဝ စစ် ဘေးရှောင်ဒုက္ခသည်စခန်းရှိ စစ်ဘေးဒုက္ခသည်အချို့ ၀မ်းပျက်၊၀မ်းလျှောရောဂါများ ဖြစ်ပွားနေ ကြောင်း သတင်းရရှိသည်။
ကျောက်ဖြူအထူးစီးပွားရေး ရင်းနှီးတည်ထောင်သူကို ယခုအစိုးရလက်ထက် အပြီးရွေးချယ်မည်
ရခိုင်ပြည်နယ် ကျောက် ဖြူအထူးစီးပွားရေး ရင်းနှီးတည်ထောင်သူ (Developer)အဖြစ်လုပ်ပိုင်ခွင့်ရမည့် ကုမ္ပဏီစာရင်းကို လက်ရှိအစိုးရသက်တမ်းတွင် အပြီးသတ် ရွေးချယ်မည်ဖြစ်ကြောင်း စိစစ်ရွေးချယ်ရေး အဖွဲ့ ကပြောသည်။
ပြည်တွင်းစစ်ရပ်ရန် မန္တလေးမြို့ရှိ ရှမ်းတိုင်းရင်းသားများဦးဆောင်ဆန္ဒထုတ်ဖော်

စစ်ပွဲများ ရပ်တန့်ရန် ဆန္ဒဖော်ထုတ်နေရကြစဉ် (ဓာတ်ပုံ − ညီညီဇော်)
ရှမ်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော ပြည်တွင်းစစ်များအမြန် ဆုံးရပ်တန့်ရန် မန္တလေးမြို့ရှိ ရှမ်းတိုင်းရင်းသားများက ဦးဆောင် ၍ ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ ကြောင်းသတင်းရရှိသည်။
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲတွင် ခါးပိုက်နှိုက်သတိထားရန် နေ့စဉ်သတိပေးနေရ

တောင်ကြီးမြို့ မီးပုံးပျံပွဲတော် ကျင်းပနေစဉ် (ဓာတ်ပုံ − ဂျွန်ချစ်ငြိမ်း)
တောင်ကြီးတန် ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲကာလအတွင်း တောင်ကြီးမြို့၊ မြို့မဈေးကြီး၌ပွဲတော်သို့ လာ ရောက်လည် ပတ်သည့်ဧည့်သည်များပြားနေ၍ ခါးပိုက်နှိုက်အန္တရာယ်သတိပြုရန် အသံချဲ့စက်ဖြင့် နေ့စဉ် အသိပေး နေကြောင်း မြို့မဈေးကြီးတာဝန်ခံ ဦးခင်အေးက ပြောသည်။
နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ရေးဆွဲရေး ကော်မတီ စတင်ဖွဲ့စည်း

ငြိမ်းချမ်းရေးဆွေးနွေးပွဲမြင်ကွင်းတစ်ခု (ဓာတ်ပုံ − ကျော်ဇင်သန်း)
နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ရေးဆွဲရေး ကော်မတီကို အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်နှင့် နိုင်ငံရေး ပါတီတို့မှ ကိုယ် စားလှယ် ရှစ်ဦးစီဖြင့် နိုဝင်ဘာ ၂၄ ရက်တွင် ဖွဲ့စည်းလိုက်သည်။
မိုင်းရှူးတွင် ဗုံးပေါက်ကွဲ နှစ်ဦးဒဏ်ရာရ
မိုင်းရှူးမြို့နယ် ခိုစုံကျေးရွာတွင် ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး အမျိုးသားနှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းပြည် နယ် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
အရောင်းအ၀ယ် အေးနေသော်လည်း ကားဈေးများ ကျဆင်းခြင်းမရှိ

ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ ယာဉ်ရောင်းဝယ်ရေးစခန်း၌ ရပ်နားပြသထားသော ကားများ(ဓာတ်ပုံ-နစ်ကီ)
ရွေးကောက်ပွဲကာလပြီး နောက် ကားတင်သွင်းမှု လျော့နည်းလာပြီး အရောင်းအ၀ယ် အေးနေသော်လည်း ကားဈေးနှုန်းကျဆင်းခြင်းမရှိကြောင်း မော်တော်ယာဉ်အရောင်းအ၀ယ်လုပ်ကိုင်သူများက ပြောသည်။
စာသင်ကျောင်းနှင့် ကျေးရွာလမ်း အဆင့်မြှင့်ရန် ဂျပန်အစိုးရက ကန်ဒေါ်လာ လေးသိန်းကျော် ကူညီမည်
တိုင်းဒေသကြီးသုံးခုတွင် စာသင်ကျောင်းများဆောက်လုပ်ရေးနှင့် ကျေးရွာလမ်းမြှင့်တင် ရေးစီမံကိန်းသုံးခု အတွက် ဂျပန်နိုင်ငံက မြန်မာအစိုးရအား အမေရိကန်ဒေါ်လာ လေးသိန်းကျော် ထောက်ပံ့ကူညီမည် ဖြစ် ကြောင်း ဂျပန်သံရုံးက သတင်းထုတ်ပြန်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ၀ါရှင်တန်ပို့စ်သတင်းစာမှ Elizabeth Weymouth တို့၏ အင်တာဗျူး မေး/ဖြေ

မေး - အာဏာလွှဲပြောင်းပေးရေး ဆွေးနွေးဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘယ်အချိန် တွေ့မှာပါလဲ။
ဖြေ - ဒီဇင်ဘာလထဲမှာပါ။ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ ပြီးဆုံးတဲ့အခါ ကျွန်တော်တို့ တွေ့ဆုံမှာပါ။
ညှဉ်းပန်းနှိပ်စက်ခံရသော ကလေးငယ်၏မိသားစုအား ကျပ်သိန်း ၁၀၀ ပေး၍ အမှုပိတ်ခဲ့သည်ဆိုခြင်းမှာ မဟုတ်ဟုဆို
အွန်လိုင်းပေါ်တွင် ပျံ့နှံ့ နေသကဲ့သို့ ‘အမျိုးသားလွှတ် တော် တပ်မတော်သားကိုယ်စား လှယ်၏ နေအိမ်မှ ညှဉ်းပန်းနှိပ် စက်ခံရသော ကလေးငယ်၏မိခင် အား ကျပ်သိန်း ၁၀၀ ပေးကာ အမှုပိတ်သိမ်းခဲ့သည် ဆိုခြင်း မှာ မ ဟုတ်မှန်ကြောင်း အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ကျော် ထွဋ်က ပြောသည်။
Subscribe to:
Posts (Atom)