Tuesday, 21 October 2014

၂၀၁၅ ရွေးကောက်ပွဲ နိုဝင်ဘာ ပထမပတ် နောက်ဆုံးထား ပြုလုပ်မည်ဟု ဦးတင်အေး ပြောကြား

၂၀၀၈ အခြေခံဥပဒေဖြင့် ဒုတိယအကြိမ်မြောက် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ပထမပတ် နောက်ဆုံးထားပြီး ပြုလုပ်ပေးမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော် မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။

စည်ပင်သာယာရေးကော်မတီရွေးကောက်ပွဲတွင် ကိုယ်စားလှယ်အဖြစ် ပါဝင်ရွေးချယ်ခံမည့် အငြိမ်းစားစစ်သံမှူးကြီး ဦးစိုးဌေးနှင့်တွေ့ဆုံခြင်း

Photo: စည်ပင်သာယာရေးကော်မတီရွေးကောက်ပွဲတွင် ကိုယ်စားလှယ်အဖြစ် ပါဝင်ရွေးချယ်ခံမည့် အငြိမ်းစားစစ်သံမှူးကြီး ဦးစိုးဌေးနှင့်တွေ့ဆုံခြင်း
Tuesday, October 21, 2014

"ပြည်သူ့ကိုယ်စားလှယ်တွေရွေးပြီးတော့ မြို့တော်စည်ပင်လုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်မယ်ဆိုရင် ပြည်သူတွေရဲ့လိုလားချက်တွေကို ဖြည့်ဆည်းပေးဖို့ ပိုလွယ်လာမယ်" 
 
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ခရိုင်နဲ့ မြို့နယ်စည်ပင်သာယာရေးကော်မတီတွေကို လူထုရွေးချယ်တဲ့ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းတော့မှာဖြစ်ပြီး အဲဒီလိုဖွဲ့စည်းဖို့အတွက်  လူထုကိုယ်စားလှယ်ရွေးကော်ပွဲကို ဒီဇင်ဘာ ၂၇ ရက်မှာ ပြုလုပ်တော့မှာဖြစ်ပါတယ်။ အများပြည်သူကြားမှာ အဆိုပါရွေးကောက်ပွဲနဲ့ပတ်သက်လို့ အများကြီးမသိကြသေးပေမယ့် ၀င်ရွေးခံမယ့်ကိုယ်စားလှယ်တွေအနေနဲ့တော့ ပြင်ဆင်နေကြပါပြီ။ အချို့လည်း ကိုယ်စားလှယ်အဖြစ် မှတ်ပုံတင်ထားပြီးပြီလို့သိရပါတယ်။ အဲဒီထဲကမှ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီလုပ်ငန်းတွေကို အတွင်းကျကျလေ့လာပြီး လူထုရဲ့လိုအပ်ချက်တွေကိုလုပ်ပေးနိုင်ဖို့ဆိုပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်အဖြစ် အနောက်ပိုင်းခရိုင်ကိုယ်စားလှယ်အနေနဲ့ ၀င်ရောက်ရွေးချယ်ခံမည့် အငြိမ်းစားစစ်သံမှူးကြီး ဦးစိုးဌေးနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြပေးလိုက်ပါတယ်။

မေး- ဘာကြောင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝင်အဖြစ် ၀င်ရောက်အရွေးခံဖို့လုပ်ဖြစ်တာလဲ။

ဖြေ- ကော်မတီဝင်အရည်အချင်းသတ်မှတ်ချက်တွေအားလုံးနဲ့လည်းညီတယ်။ ကျန်းမာရေးအခြေအနေလည်းပေးသေးတယ်။ အသက်ကတော့ ၆၄ နှစ်ရှိနေပြီ။ ကော်မတီဝင်အဖြစ် အရည်အချင်းသတ်မှတ်ချက်က ၆၅ နှစ်အထိဆိုတော့ တစ်နှစ်လိုသေးတယ်။ ကော်မတီသက်တမ်းကလည်း တစ်နှစ်လောက်ပဲဆိုတော့ ကွက်တိဖြစ်သွားတယ်။ စည်ပင်လုပ်ငန်းတွေက ပြည်သူတွေကို ၀န်ဆောင်မှုပေးတဲ့လုပ်ငန်းဆိုတော့ ဒီအတွေ့အကြုံလေးလည်းလိုချင်တယ်။ နောက်တစ်ခုက စည်ပင်လုပ်ငန်းတွေ ဘာကြောင့်အောင်မြင်တယ်။ ခက်ခဲတယ်ဆိုတာ သိချင်စိတ်ရှိတဲ့အတွက်ကြောင့် အပြင်ကနေကြည့်တာထက်စာရင် ကော်မတီဝင်ဖြစ်ပြီး ကြည့်တာကပိုပြီးတော့ အမြင်တစ်မျိုးဖြစ်မလားဆိုပြီး ၀င်ပြီးအရွေးခံဖို့လုပ်ဖြစ်တာပါ။

မေး- လက်ရှိ ရန်ကုန်မြို့တော်စည်ပင်သာယာကော်မတီအပေါ် အမြင်လေးပြောပြပေးပါ။

ဖြေ- လက်ရှိစည်ပင်သာယာရေးကော်မတီလုပ်ငန်းတွေကနှောင့်နှေးနေပါတယ်။ စည်ပင်မှာ လုံခြုံရေးအပိုင်းကိုပဲဦးစားပေးပြီး တပ်ပိုင်းကလူတွေကိုပဲ ဦးစားပေးခန့်ထားတယ်။ ဒါပေမဲ့ အခုလုံခြုံရေးအမြင်နဲ့ကြည့်လို့မရတော့ဘူး။ စီးပွားရေး၊ လူမှုရေးအမြင်တွေကိုပါ ထည့်တွက်ရတော့မယ်။ စီးပွားရေးဆိုလည်း ၆၀ ရာခိုင်နှုန်းက ဆင်းရဲသားတွေ၊ သူတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးရမယ်။ မြို့တော်စည်ပင်က အလုပ်အကိုင်တွေကို ဖန်တီးပေးနိုင်တယ်။ အဆောက်အအုံတွေ ဆောက်ခွင့်ပြုမယ်။ လုပ်ငန်းလိုင်စင်တွေအများကြီးခွင့်ပြုနိုင်တယ်။ နောက်ပြီးတော့ စည်ပင်သာယာက နေ့ခင်းဘက် ကားသွားတဲ့လမ်းတွေကိုပိတ်ဆို့ပြီး လမ်းခင်းတာတွေကိုလည်း ပြင်ဆင်ဖို့လိုပါတယ်။

မေး- အခု စည်ပင်သာယာရေးကော်မတီဝင်ရွေးကောက်ပွဲလုပ်တဲ့အပေါ် ၀င်ရွေးခံမယ့်ကိုယ်စားလှယ်အနေနဲ့အမြင်ကို ပြောပြပေးပါ။

ဖြေ- ပြည်သူ့ကိုယ်စားလှယ်တွေရွေးပြီးတော့ မြို့တော်စည်ပင်လုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်မယ်ဆိုရင် ပြည်သူတွေရဲ့လိုလားချက်တွေကို ဖြည့်ဆည်းပေးဖို့ ပိုလွယ်လာမယ်။ နိုင်ငံတော်ကခန့်တဲ့ ၀န်ထမ်းစိတ်နဲ့မဟုတ်ဘဲနဲ့ ပြည်သူ့စိတ်နဲ့လုပ်မယ့်လူတွေပေါ်လာမှာဖြစ်တဲ့အတွက် လုပ်ငန်းတွေပိုပြီး အောင်မြင်လာမယ်လို့ထင်ပါတယ်။ ဒီလိုပြည်သူ့ကိုယ်စားလှယ်တွေရွေးကောက်တာ သင့်တော်တယ်လို့ ယူဆပါတယ်။

မေး- စည်ပင်သာယာရေးကော်မတီမှာ လူထုကိုယ်စားလှယ်တွေပါဝင်ခြင်းအားဖြင့် ဘယ်လိုအားသာချက်တွေရရှိလာနိုင်မယ်လို့ ထင်ပါသလဲ။

ဖြေ- လူထုကိုယ်စားလှယ်ပါတဲ့အတွက် အခက်အခဲရှိတဲ့ပြည်သူလူထုက သူ့ကိုယ်စားလှယ်ကိုပြောမယ်။ အဲဒီကိုယ်စားလှယ်ကတစ်ဆင့် ကော်မတီမှာတင်ပြမယ်။ လုပ်ငန်းပိုလျင်မြန်မယ်။ အမှန်အတိုင်းသိတဲ့အားသာချက်တွေရှိနိုင်တယ်။ အချို့လုပ်ငန်းတွေရှုပ်ထွေးတယ်။ ဖြေရှင်းရတာခက်နိုင်တယ်။ ဒါကိုမှန်မှန်ကန်ကန် ပြည်သူ့ကိုယ်စားလှယ်ကနေ အောက်ခြေအထိ ဆင်းပြီးတော့ ဖြေရှင်းနိုင်ရင်ပိုပြီးတော့ လွယ်လာမယ်။

မေး- စည်ပင်သာယာနည်းဥပဒေမှာ စည်ပင်သာယာရေးကော်မတီမှာ အရေးပါတဲ့ အတွင်းရေးမှူးနဲ့ တွဲဖက်အတွင်းရေးမှူးကို လူထုကိုယ်စားလှယ်ထဲကမရွေးဘဲ မြို့တော်ဝန်က ပြန်ခန့်မယ့်အပေါ်  ၀င်ရွေးခံမယ့်ကိုယ်စားလှယ်အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဖြေ- မြို့တော်ဝန်တို့၊ အတွင်းရေးမှူးတို့ဆိုတာက ရုံးလုပ်ငန်းသဘောအရ ကြီးကြပ်ပေးတဲ့သဘောပါပဲ။ အတွင်းရေးမှူးရော၊ မြို့တော်ဝန်ရော ပညာရှင်အဆင့်ဆိုရင်တော့ ပိုကောင်းတာပေါ့။ အရပ်ဘက်မှာလည်း ကျွမ်းကျင်တဲ့သူတွေရှိတယ်လေ။ ကျွမ်းကျင်တဲ့သူတွေကိုခန့်ပေးမယ်ဆိုရင်တော့ လုပ်ငန်းတွေအကြံပေးတာ၊ ရှင်းလင်းပြရတာ ပိုလွယ်သွားတာပေါ့။ ဒါဆိုရင် စည်ပင်လုပ်ငန်းတွေ ပိုအဆင်ပြေလာမှာပေါ့။

ဥပဒေအရ ရွေးကောက်လိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်တစ်ယောက်က ပြည်သူ့အကျိုးအတွက် လွတ်လွတ်လပ်လပ်လုပ်နိုင်မယ်ဆိုရင် သဘောကျတယ် 
မေး- တကယ်လို့သာ  ကော်မတီဝင်အဖြစ်ရွေးချယ်ခံရမယ်ဆိုရင် လူထုအတွက် ဘယ်လိုလုပ်ငန်းအပိုင်းတွေမှာ ဖြည့်ဆည်းနိုင်မယ်လို့ မျှော်မှန်းထားပါသလဲ။

ဖြေ- ကော်မတီဝင်တွေက မြို့တော်ဝန်ရဲ့ ပေးတဲ့အမိန့်အတိုင်း ဥပဒေနဲ့အညီလုပ်ဆောင်သွားဖို့အဓိကပါ။ ဒါပေမဲ့ ကိုယ်ရဲ့မဲဆန္ဒနယ်က လူထုကတင်ပြတဲ့လုပ်ငန်းတွေကို မြို့တော်ဝန်ကိုတင်ပြမယ်။ မြို့တော်ဝန်က သဘောတူရင် ဆောင်ရွက်ပေးဖို့လုပ်မယ်။ ဒါကတော့အခြေခံပေါ့။ ကျန်တဲ့ မြို့တော်တိုးတက်ဖွံ့ဖြိုးဖို့၊ အခြားစီမံကိန်းလုပ်ငန်းတွေမှာ ကိုယ်ရဲ့အကြံဥာဏ်တွေပေးနိုင်မှာပေါ့။ အခုလောလောဆယ်ဖြစ်နေတဲ့ သွားရေးလာရေးပိတ်ဆို့မှုတို့ ၊ လမ်းဘေးဈေးသည်ကိစ္စတို့၊ ကျန်းမာရေးနဲ့ညီညွတ်ဖို့ကိစ္စတွေကို မြို့တော်ဝန်ကိုအကြံပေးပြီးတော့ လူထုရဲ့အကြံပြုချက်တွေကို ထပ်ဆင့်တင်ပြပြီးတော့ ဆောင်ရွက်သွားပါမယ်။

မေး- ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်တွေဖြစ်လာပြီဆိုရင်ရော ဘယ်လိုအချက်တွေကို အလေးထားလုပ်ဆောင်ဖို့လိုတယ်လို့ ထင်ပါသလဲ။

ဖြေ- ကျွန်တော်အလေးထားတာကတော့ ဥပဒေအရ ရွေးကောက်လိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်တစ်ယောက်က ပြည်သူ့အကျိုးအတွက် လွတ်လွတ်လပ်လပ်လုပ်နိုင်မယ်ဆိုရင် သဘောကျတယ်။ အရည်အချင်း ကန့်သတ်ချက်တွေ ဘယ်သူကိုပဲထားထား၊ ပြည်သူ့ဆန္ဒကိုခံယူပြီးတော့ သူ့တာဝန်ကို လွတ်လွတ်လပ်လပ်လုပ်နိုင်တာကို ပိုပြီးတော့အလေးထားတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်လိုက်တဲ့ နိုင်ငံတော်အစိုးရ၊ လွှတ်တော်တို့က ပြည်သူ့ဆန္ဒ၊ သဘောထားနဲ့အညီ နိုင်ငံတော်ကိုတိုးတက်အောင် လွတ်လွတ်လပ်လပ်လုပ်နိုင်သလား။ စည်ပင်ဥပဒေအရ ရွေးကောက်လိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေက လွတ်လွတ်လပ်လပ်လုပ်နိုင်မယ်ဆိုရင် ဒါကိုပိုပြီးတော့ အလေးထားတယ်။

မေး- ဒီရွေးကောက်ပွဲစရိတ်က စည်ပင်သာယာဘတ်ဂျက် ပြည်သူ့ဘဏ္ဍာငွေ ကျပ်သိန်း ၅၀၀၀ ကျော်လောက်သုံးမယ်။ ဒါပေမဲ့ ရွေးကောက်လိုက်တဲ့ကော်မတီဝင်သက်တမ်းကလည်း တစ်နှစ်လောက်ပဲရှိတော့မယ်ဆိုတော့  ဒီရွေးကောက်ပွဲက အလုပ်ဖြစ်မယ်လို့ထင်ပါသလား။

ဖြေ- အရည်အချင်းတွေဘယ်လိုကန့်သတ်ကန့်သတ် ပြည်သူ့ကိုယ်စားပြုလုပ်နိုင်ဖို့၊ အလုပ်ဖြစ်လို့လိုတာပေါ့။ ပြည်သူ့ဘဏ္ဍာ ကျပ်သိန်း ၅၀၀၀ သုံးမယ်ဆိုတော့။ ပြီးတော့ သက်တမ်းတစ်နှစ်ပဲထမ်းဆောင်ရမှာ။

မေး- ရွေးကောက်ခံကိုယ်စားလှယ်တွေကို မဲပေးမယ့်ပြည်သူတွေက တစ်အိမ်ထောင်ကို တစ်ယောက်ပဲပေးရမယ်ဆိုတဲ့အပေါ်မှာ အချို့က ဖွဲ့စည်းပုံအခြေခံဥပဒေအရ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့်ဆိုတဲ့အချက်ကို ချိုးဖောက်နေတယ်လို့ သုံးသပ်နေကြပါတယ်။ အဲဒီအပေါ် အမြင်လေးကို ပြောပြပေးပါ။

ဖြေ- လူတိုင်းမဲပေးမယ်ဆိုရင် မဲပြားတွေပိုကုန်မယ်။ တစ်အိမ်ထောင်ကိုတစ်ယောက်ပဲ မဲပေးတဲ့စနစ်ကိုတော့ ကန့်ကွက်ဖို့မရှိပါဘူး။ ကျန်ကျစရိတ်သက်သာတာပေါ့။

မေး- စည်ပင်သာယာရေးကော်မတီဝင်ရွေးကောက်ပွဲက နှစ်ပေါင်း ၆၀ ကျော်ကြာပြီးမှ ပထမဆုံးလုပ်လည်းဖြစ်တယ်။ အချို့ကန်သတ်ချက်တွေကြောင့် တရားမျှတမှုအပိုင်းမှာရော ဘယ်လိုရှိလာနိုင်မယ်လို့ထင်ပါသလဲ။

ဖြေ- သူတို့ကလည်း ပထမဆုံးအကြိမ်လုပ်ပြီးနောက်ပိုင်း အမှားအမှန်ကိုပြင်လို့ရမှာပါ။ ဒီတစ်ကြိမ်ကတော့ အရမ်းကပ်နေပြီဆိုတော့ အချို့ကန့်သတ်ချက်တွေကို ပြင်ဖို့မလွယ်တော့ဘူး။

မေး- ဆရာက စစ်သံမှူးကြီးအဖြစ် နိုင်ငံသုံးနိုင်ငံမှာ တာဝန်ထမ်းဆောင်ခဲ့တာဆိုတော့ အဲဒီအတွေ့အကြုံ လေးကို ပြောပြပေးပါ။

ဖြေ- အမေရိကန်၊ မလေးရှားနဲ့ ရုရှားနိုင်ငံတွေမှာ စစ်သံမှူးကြီးအဆင့်နဲ့ တာဝန်ထမ်းဆောင်ခဲ့တာပါ။ အဲဒီနိုင်ငံတွေရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးတွေကိုလေ့လာပြီးတော့ ကိုယ့်နိုင်ငံကိုပြန်ပြီးတော့ တင်ပြရတယ်။ အဲဒီနိုင်ငံတွေရဲ့ကာကွယ်ရေးစနစ်တွေကိုလည်း တင်ပြရတယ်။ ရုရှားနိုင်ငံမှာဆိုရင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုလေ့လာပြီး ပြန်တင်ပြရတယ်။ ဒါကတော့ထူးခြားတယ်။ အခြားနှစ်နိုင်ငံကတော့ နိုင်ငံရေး၊  စီးပွားရေး၊ လူမှုရေးတွေကိုလေ့လာပြီးတော့ ပြန်တင်ပြရပါတယ်။ အဲဒီနိုင်ငံတွေမှာက စစ်တပ်က အရပ်သားတွေရဲ့ဦးဆောင်မှုအောက်မှာပဲရှိပြီး သုံးနိုင်ငံစလုံးကတိုးတက်တယ်။ ကျွန်တော်တို့ဆီမှာလည်း အရပ်ဘက်ကသာဦးဆောင်မယ်ဆိုရင် ပိုပြီးတိုးတက်လာမဲ့သဘောရှိပါတယ်။

မေး- လက်ရှိ မြန်မာ့နိုင်ငံရေးအပေါ်မှာ ဆရာရဲ့အမြင်ကို ပြောပြပေးပါ။

ဖြေ- နိုင်ငံရေးအပေါ်မှာပြောရမယ်ဆိုရင် လူထုရဲ့ဆန္ဒက သူတို့ခေါင်းဆောင်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကိုရွေးထားပြီးပြီ။ အစိုးရအဖွဲ့ခေါင်းဆောင်အနေနဲ့ကတော့ သမ္မတဦးသိန်းစိန်က နိုင်ငံတော်မှာ တတ်နိုင်သလောက်ကြိုးစားလုပ်နေတယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကပေးထားတဲ့အာဏာကို သူအပြည့်အ၀အသုံးမချသေးဘူးလို့ ကျွန်တော်ယူဆတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေက နိုင်ငံတော်သမ္မတမှာ အုပ်ချုပ်မှုအာဏာကို တော်တော်လေး အပြည့်အ၀ပေးထားတဲ့သဘောရှိတယ်။ ဒါကို အပြည့်အ၀သာအသုံးချနိုင်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ အသွင်ကူးပြောင်းရေးပိုပြီးတော့ မြန်ဆန်လာမယ်လို့ထင်တယ်။ ဘာကြောင့် အပြည့်အ၀အသုံးချနိုင်သေးတာလဲဆိုတော့ တိုင်းရင်းသားတွေရဲ့တောင်းဆိုမှုတွေ၊ လက်နက်ကိုင်တွေရဲ့အခြေအနေ၊ ပြည်သူတွေရဲ့အခြေအနေတွေကို စောင့်ကြည့်နေရသေးတဲ့ သဘောရှိတယ်။ နောက်ပြီး စစ်သံမှူးကြီးလုပ်ဖြစ်ခဲ့တဲ့ သုံးနိုင်ငံအတွေ့အကြုံအရ ဖက်ဒရယ်စနစ် အုပ်ချုပ်ရေးပြည်နယ်တွေခွဲတဲ့အခါမှာ လူမျိုးရေးအပေါ်ကို အခြေမခံဘူး။ သူတို့က ပထ၀ီအခြေအနေအပေါ်ကို အခြေခံတယ်။ ဒါလေးကထူးခြားတယ်။ ဖက်ဒရယ်စနစ်ထူထောင်မယ်ဆိုရင် ပထ၀ီအနေအထားနဲ့သာ အခြေခံလုပ်မယ်ဆိုရင် အဲဒီနိုင်ငံတွေလိုပဲ တိုးတက်မှုမြန်ဆန်နိုင်တယ်။

ကိုယ်ရေးအကျဉ်း

အမည်                                                         -   ဦးစိုးဌေး
ဝင်ရောက်ရွေးချယ်ခံမည့်မဲဆန္ဒနယ်                   -  ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင် (အနောက်ပိုင်းခရိုင်)
ပညာအရည်အချင်း                                        -  သိပ္ပံဘွဲ့ (စစ်တက္ကသိုလ်) ဒီပလိုမာစာရင်းကိုင်(စာရင်းကောင်စီ)
                                                                       ဒီပလိုမာအင်္ဂလိပ်ဘာသာ(အမေရိကန်)
                                                                       ဒီပလိုမာစစ်မဟာဗျူဟာ လေ့လာရေး(ကာကွယ်ရေး)
                                                                       လူရည်ချွန်လေးထပ်ကွမ်း
                                                                       (၁၉၆၄ ၊ ၁၉၆၅၊ ၁၉၆၆၊ ၁၉၆၇ ခုနှစ်-ဘားအံ)
တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဌာန                     -  စစ်သံမှူး  (အမေရိကန်၊  မလေးရှား၊  ရုရှား)

Eleven Media Group
"ပြည်သူ့ကိုယ်စားလှယ်တွေရွေးပြီးတော့ မြို့တော်စည်ပင်လုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်မယ်ဆိုရင် ပြည်သူတွေရဲ့လိုလားချက်တွေကို ဖြည့်ဆည်းပေးဖို့ ပိုလွယ်လာမယ်" 

ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအား တစ်နာရီ ကီလိုမီတာ ၁၀၀ ပြေးဆွဲနိုင်ရန် JICA နှင့် ပူးပေါင်းဆောင်ရွက်မည်

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအား တစ်နာရီလျှင် ကီလိုမီတာ ၁၀၀ ပြေးဆွဲနိုင်ရန် JICA နှင့် ပူးပေါင်းေ ဆာင်ရွက်မည်ဖြစ်ပြီး အဆင့်မြင့်လမ်းပိုင်းပြုပြင်ခြင်းအား ၂၀၁၅ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ဆောင် ရွက် မည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်သိန်းက အမျိုးသား လွှတ်တော် အစည်း အဝေးတွင် ပြောကြားသည်။

ထောင်ဒဏ် ၁၁ နှစ်နှင့် လေးလချမှတ်ခံထားရသည့် ကိုထင်ကျော်အား ကြားဖြတ်အစိုးရတင်မြှောက်ကြောင်း သဘောထားထုတ်ပြန်မှုကြောင့် ကျောက်တံတားတရားရုံးက အောက်တိုဘာ ၃၀ ရက်တွင် အမိန့်ချမည်

Photo: ထောင်ဒဏ် ၁၁ နှစ်နှင့် လေးလချမှတ်ခံထားရသည့် ကိုထင်ကျော်အား ကြားဖြတ်အစိုးရတင်မြှောက်ကြောင်း သဘောထားထုတ်ပြန်မှုကြောင့် ကျောက်တံတားတရားရုံးက အောက်တိုဘာ ၃၀ ရက်တွင် အမိန့်ချမည်
Tuesday, October 21, 2014

မြို့နယ် ၁၂ မြို့နယ်မှ စုစုပေါင်းထောင် ဒဏ် ၁၁ နှစ်နှင့် လေးလချမှတ်ခံထား ရသည့် ကိုထင်ကျော်အား ကြားဖြတ်အစိုးရတင်မြှောက်ကြောင်း သဘောထားထုတ်ပြန်မှုဖြင့် ကျောက်တံတားမြို့နယ်တရားရုံးမှ ပုဒ်မ-၅၀၅(ခ) ဖြင့် အောက်တိုဘာ ၃၀ ရက်တွင် အမိန့်ချမှတ်မည်ဖြစ်ကြောင်း အောက်တိုဘာ ၂၀ ရက်တွင် ရုံးထုတ်စစ်ဆေးပြီးနောက် သတင်းရရှိသည်။
 
ပြီးခဲ့သည့် ဇူလိုင် ၇ ရက် နံနက် ၁၀ နာရီခန့်တွင် ရန်ကုန်မြို့ ဆူးလေဘုရားအနီး မြို့တော်ခန်းမရှေ့တွင် (MDCF) အဖွဲ့ဝင် ၃၀ ကျော်သည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားဒီမိုကရေစီအင်အားစုများကို ကြားဖြတ်အစိုးရအဖြစ် ပြည်သူများကတင်မြှောက်ကြောင်း သဘောထားထုတ်ပြန်ခဲ့ကာ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ကိုထင်ကျော်အား ပုဒ်မ-၅၀၅(ခ)/၃၄၊ အဖွဲ့ဝင် ကိုနောင်နောင်ကိုမူ  ပုဒ်မ-၅၀၅(ခ) ဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။
 
ထို့ကြောင့် ကိုထင်ကျော်နှင့်အတူ ကိုနောင်နောင်ကိုပါ အောက်တိုဘာ ၃၀ ရက်တွင်အမိန့်ချမည်ဟု သိရသည်။
 
ရုံးထုတ်စစ်ဆေးပြီးနောက် တရားရုံးမှပြန်ထွက်လာစဉ် ကိုထင်ကျော်က "ပြည်သူတွေအနေနဲ့ ခုလက်ရှိမှာကြုံတွေ့နေရတဲ့ ဆင်းရဲဒုက္ခတွေမှ အမြန်ဆုံးလွတ်မြောက်ဖို့အတွက် ကျွန်တော်တို့အားလုံး အစိုးရကို ဆက်လက်ရှုတ်ချမှာပါ" ဟုပြောကြားခဲ့ သည်။    

Eleven Media Group 

ကိုထင်ကျော်အား အောက်တိုဘာ ၂၀ ရက်က ကျောက်တံတားတရားရုံးရှေ့တွင် တွေ့ရစဉ်(ဓာတ်ပုံ-အောင်ကျော်ထက်)
ကိုထင်ကျော်အား အောက်တိုဘာ ၂၀ ရက်က ကျောက်တံတားတရားရုံးရှေ့တွင် တွေ့ရစဉ်(ဓာတ်ပုံ-အောင်ကျော်ထက်)
မြို့နယ် ၁၂ မြို့နယ်မှ စုစုပေါင်းထောင် ဒဏ် ၁၁ နှစ်နှင့် လေးလချမှတ်ခံထား ရသည့် ကိုထင်ကျော်အား ကြားဖြတ်အစိုးရတင်မြှောက်ကြောင်း သဘောထားထုတ်ပြန်မှုဖြင့် ကျောက်တံတားမြို့နယ်တရားရုံးမှ ပုဒ်မ-၅၀၅(ခ) ဖြင့် အောက်တိုဘာ ၃၀ ရက်တွင် အမိန့်ချမှတ်မည်ဖြစ်ကြောင်း အောက်တိုဘာ ၂၀ ရက် တွင် ရုံးထုတ်စစ်ဆေးပြီးနောက် သတင်းရရှိသည်။

ရန်ကုန်မြို့၌ပြေးဆွဲနေသော မထသယာဉ်လိုင်း ၃၉၆ လိုင်းမှ ၃၆၄ လိုင်းအထိလျှော့ချ၊ ယာဉ်ကြောပိတ်ဆို့မှုပိုမိုဆိုးရွားလာ၍ ယာဉ်တင်သွင်းခွင့်နှင့်ပတ်သက်ပြီး ဆွေးနွေးနေ

Photo: ရန်ကုန်မြို့၌ပြေးဆွဲနေသော မထသယာဉ်လိုင်း ၃၉၆ လိုင်းမှ ၃၆၄ လိုင်းအထိလျှော့ချ၊ ယာဉ်ကြောပိတ်ဆို့မှုပိုမိုဆိုးရွားလာ၍ ယာဉ်တင်သွင်းခွင့်နှင့်ပတ်သက်ပြီး ဆွေးနွေးနေ
Tuesday, October 21, 2014

ရန်ကုန်မြို့၌ပြေးဆွဲနေသော မ.ထ.သ ယာဉ်လိုင်း ၃၉၆ လိုင်းမှ ၃၆၄ လိုင်းအထိလျှော့ချခဲ့ပြီး ယာဉ်ကြောပိတ်ဆို့ကျပ်တည်းလာမှု ပိုမိုဆိုးရွားလာခြင်းကြောင့် ယာဉ်တင်သွင်းခွင့်နှင့်ပတ်သက်၍လည်း ဆွေးနွေးမှုများပြုလုပ်လျက်ရှိကြောင်း မ.ထ.သ(ဗဟို) ဥက္ကဋ္ဌဦးလှအောင်က အောက်တိုဘာ ၂၀ ရက်တွင် ပြောကြားသည်။
    
မြန်မာနိုင်ငံသို့တင်သွင်းလာသော မော်တော်ယာဉ်အားလုံးအနက် ရာခိုင်နှုန်း ၈၀ မှာ ရန်ကုန်မြို့သို့ရောက်ရှိနေခြင်းဖြစ်ကြောင်း သက်ဆိုင်ရာဌာနများမှ သိရသည်။
    
"အခုရန်ကုန်မြို့မှာ ယာဉ်အစီးရေလည်း အရမ်းများလာတယ်။ ယာဉ်ကြောတွေ ပိတ်ဆို့ကျပ်တည်းမှုကလည်း ပိုပြီးဆိုးလာတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ယာဉ်တင်သွင်းမှုအပိုင်း၊ လမ်းအသုံးပြုမှုအပိုင်းတွေကို ပြည်ထောင်စုအစိုးရအဖွဲ့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ဆွေးနွေးပြီးတော့ တင်ပြမှုတွေပြုလုပ်နေပါတယ်။ ယာဉ်ကြောပိတ်ဆို့မှုကို တစ်ဦးတစ်ယောက်တည်း၊ ဌာနတစ်ခုနှစ်ခုတည်း ဆောင်ရွက်လို့မရဘူး။ အားလုံးပူးပေါင်းရမယ်။ အားလုံးကလည်း စည်းကမ်းရှိရမယ်။ နှစ်ရှည်ဆောင်ရွက်ရမှာပါ" ဟု မ.ထ.သ(ဗဟို) ဥက္ကဋ္ဌဦးလှအောင်က အောက်တိုဘာ ၂၀ ရက်တွင် ပြောကြားသည်။
    
"ဒီလိုယာဉ်ကြောပိတ်ဆို့မှုတွေ လျော့ကျဖို့အတွက်ကိုလည်း ဌာနဆိုင်ရာပေါင်းစုံနဲ့ ပညာရှင်တွေပူးပေါင်းပြီး အဖြေရှာနိုင်ဖို့ ဆွေးနွေးပွဲလုပ်မယ်လို့ကြားရပါတယ်" ဟု ယာဉ်ထိန်းရဲအရာရှိတစ်ဦးကဆိုသည်။
    
လက်ရှိတွင် ရန်ကုန်မြို့၌ ယာဉ်အစီးရေလေးသိန်းကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။
    
မ.ထ.သ(ဗဟို) ဥက္ကဋ္ဌဦးလှအောင်က "ယာဉ်တင်သွင်းမှုအပေါ်စဉ်းစားတာကလည်း အဓိက ရန်ကုန်တိုင်းဒေသကြီးအခြေအနေနဲ့ကိုက်ညီတဲ့ အနေအထားဖြစ်ဖို့အတွက် ဖြစ်ပါတယ်။ ဒါ့အပြင် ခရီးသွားပြည်သူတွေကိုလည်း မထိခိုက်အောင် မြို့တွင်းပြေးဆွဲနေတဲ့ လမ်းကြောင်းတူယာဉ်လိုင်းတွေကို ပူးပေါင်းပြေးဆွဲနေတယ်။ အရင်က မ.ထ.သ ယာဉ်လိုင်း ၃၉၆ လိုင်းရှိခဲ့ရာကနေ အခု ၃၆၄ လိုင်းအထိ လျှော့ချခဲ့ပါတယ်။ ဒါ့အပြင် မီးပွိုင့်စနစ်တွေကို အဆင့်မြှင့်ဖို့လိုပါတယ်" ဟုဆိုသည်။

Eleven Media Group 

ရန်ကုန်မြို့ တာမွေဈေးအနီး ယာဉ်ကြောပိတ်ဆို့မှုများအား တွေ့ရစဉ်
ရန်ကုန်မြို့ တာမွေဈေးအနီး ယာဉ်ကြောပိတ်ဆို့မှုများအား တွေ့ရစဉ်
ရန်ကုန်မြို့၌ပြေးဆွဲနေသော မ.ထ.သ ယာဉ်လိုင်း ၃၉၆ လိုင်းမှ ၃၆၄ လိုင်းအထိလျှော့ချခဲ့ပြီး ယာဉ်ကြော ပိတ်ဆို့ကျပ်တည်းလာမှု ပိုမိုဆိုးရွားလာခြင်းကြောင့် ယာဉ်တင်သွင်းခွင့်နှင့်ပတ်သက်၍လည်း ဆွေးနွေးမှု များပြု လုပ် လျက် ရှိကြောင်း မ.ထ.သ(ဗဟို) ဥက္ကဋ္ဌဦးလှအောင်က အောက်တိုဘာ ၂၀ ရက်တွင် ပြော ကြားသည်။

တစ်နိုင်ငံလုံးရှိ ခရိုင်အဆင့် ဆေးရုံ ၇၀ တွင် အီဘိုလာဗိုင်းရပ်စ်ပိုး ကုသရေး အတွက် ကြိုတင်ပြင်ဆင်မည်

Photo: တစ်နိုင်ငံလုံးရှိ ခရိုင်အဆင့် ဆေးရုံ ၇၀ တွင် အီဘိုလာဗိုင်းရပ်စ်ပိုး ကုသရေး အတွက် ကြိုတင်ပြင်ဆင်မည်
Tuesday, October 21, 2014

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာနလက်အောက်ရှိ ခရိုင်အဆင့် ဆေးရုံ ၇၀ တွင် အီဘိုလာဗိုင်းရပ်စ်ပိုးကုသရေးအတွက် ကြိုတင်ပြင်ဆင် သွားမည်ဖြစ်ကြောင်း သိရသည်။

အီဘိုလာဗိုင်းရပ်စ်ပိုး ပြည်တွင်းသို့ကူးစက်မှုမရှိစေရန် စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ကျန်းမာရေးဦးစီးဌာနမှ စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိပြီး သံသယရှိဖွယ်လူနာများတွေ့ရှိခဲ့ပါက စောင့်ကြပ်ကြည့်ရှုကုသနိုင်ရန် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးများရှိ ဆေးရုံကြီးများတွင် ပြီးခဲ့သည့်  သြဂုတ်လကတည်းက ကနဦးအနေဖြင့် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ခဲ့ကြောင်းနှင့် ယခုဆက်လက်၍ ခရိုင်အဆင့်ဆေးရုံများတွင် ထပ်မံတိုးချဲ့ပြင်ဆင်ထားခြင်းဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးဦးစီးဌာနမှ ပထမအဆင့်အနေဖြင့် ခရိုင်အဆင့်ဆေးရုံများတွင် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ပြီး အီဘိုလာရောဂါစောင့်ကြပ်ရေးနှင့်ပတ်သက်သည့် အချက်အလက်များကိုလည်း ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

တိုင်းဒေသကြီးအဆင့်အနေဖြင့် နေပြည်တော်ခုတင်(၁၀၀၀) ဆံ့ဆေးရုံ၊ ရန်ကုန်တိုင်းဒေသကြီး၌ ရန်ကုန်အထွေထွေရောဂါကုဆေးရုံနှင့် အထူးကုဆေးရုံ(ဝေဘာဂီ)၊ မန္တလေးတိုင်းဒေသကြီး၊ ကန်တော်လတီကူးစက်ဆေးရုံများကို ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်းနှင့် နိုင်ငံတကာ ၀င်/ထွက်ပေါက်နေရာများ၊ နယ်စပ်ဂိတ်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် အောက်တိုဘာ ၁၇ ရက်က လူမှုကွန်ရက်တွင်ပျံ့နှံ့ခဲ့သည့် အီဘိုလာရောဂါဖြစ်နေသည့် လူလေးဦးဆိုသည်မှာ မဟုတ်မှန်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ရှင်းလင်းခဲ့ကြောင်းနှင့် လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့သည့်စာရွက်၌ နိုင်ငံခြားသားသုံးဦးနှင့် မြန်မာနိုင်ငံသားတစ်ဦးပါ အမည်လေးခုအားဖော်ပြ၍ "ဤလူများကိုတွေ့လျှင်အကြောင်းကြားပေးပါရန် အီဘိုလာရောဂါဖြစ်နေသောသူများဖြစ်ပါသည်။ လေဆိပ်တွင်ပျောက်သွားသည်" ဟုရေးသားထားပြီး လူမှုကွန်ရက်သုံးစွဲသူများအချင်းချင်း ပြန်လည်မျှဝေခဲ့မှုကြောင့် ပျံ့နှံ့သွားခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများက လိုက်လံစုံစမ်းမှုများပြုလုပ်ခဲ့ရာ ယင်းနေ့ နေ့လယ်ပိုင်းတွင် အဆိုပါစာရွက်တွေ့ရှိခဲ့သည်ဟုဆိုသည့် ဟိုတယ်အား ကျန်းမာရေးဝန်ထမ်းများက ကိုယ်တိုင်သွားရောက်စုံစမ်းခဲ့ရာ အဆိုပါလူလေးဦးမှာ ယင်းဟိုတယ်တွင် တည်းခိုခဲ့ခြင်းမရှိခဲ့ကြောင်း၊ အဆိုပါလူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည့်စာရွက်မှာ ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် စာရွက်မဟုတ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လက်ရှိရောဂါဖြစ်ပွားနေသည့်နိုင်ငံများမှ ပြန်လာသူများ၊ ရောဂါခံစားနေရသူများကို ပြုစုစောင့်ရှောက်ပေးသူများနှင့် မိသားစုဝင်များ၊ ယင်းတို့နှင့်ဆက်နွှယ်နေသူများကို လေဆိပ်၊ သင်္ဘောဆိပ်များရှိ ကျန်းမာရေးဌာနများတွင် စစ်ဆေးမှုများပြုလုပ်နေပြီး ရောဂါသံသယလက္ခဏာများဖြစ်ပွားလာပါက နီးစပ်ရာကျန်းမာရေးဌာနများတွင် ဆေးကုသမှုခံယူရန် ထုတ်ပြန်ထားသည်။

ကမ္ဘာပေါ်တွင် အဆိုးရွားဆုံး အီဘိုလာရောဂါကြောင့် သေဆုံးသူဦးရေ ၄၅၀၀ ကျော်သွားပြီဖြစ်ပြီး ရောဂါကူးစက်ခံရဦးရေ ၉၀၀၀ ကျော်ရှိပြီဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အောက်တိုဘာ ၁၇ ရက်က ထုတ်ပြန်ခဲ့သည်။         

Eleven Media Group 

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ကျန်းမာရေးအဖွဲ့က ရောဂါစောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ကျန်းမာရေးအဖွဲ့က ရောဂါစောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာနလက်အောက်ရှိ ခရိုင်အဆင့် ဆေးရုံ ၇၀ တွင် အီဘိုလာ ဗိုင်းရပ်စ်ပိုး ကုသရေးအတွက် ကြိုတင်ပြင်ဆင် သွားမည်ဖြစ်ကြောင်း သိရသည်။

ညဈေး ဖော်ဆောင်ရေးအတွက် နိုဝင်ဘာပထမပတ်တွင် ပြုလုပ်မည့် အဖွဲ့အစည်း ပေါင်းစုံဆွေးနွေးပွဲမှ ရလဒ်ကို သုံးသပ်အတည်ပြုမည်

နိုင်ငံတကာအဆင့်မီ ညဈေးဖော်ဆောင် ရန်အတွက် မြန်မာနိုင်ငံစားသောက်ဆိုင် လုပ်ငန်းရှင်များအသင်းမှ ဦးစီး၍ နိုဝင်ဘာ ပထမပတ်တွင်ပြုလုပ်မည့် အဖွဲ့အစည်း ပေါင်းစုံပါဝင်ဆွေးနွေးမည့် ဆွေးနွေးပွဲရလဒ် ကို အတည်ပြုသွားမည်ဖြစ်ကြောင်း၊ ဆွေးနွေး ပွဲတွင် လမ်းဘေးစားသောက်ဆိုင်များအား ယာဉ်လမ်းကြောင်း တွင် ပိတ်ဆို့မှုမရှိစေရေး၊ စားသောက်ဆိုင်များ သန့်ရှင်းရေး၊ ဘေး အန္တရာယ်ကင်းရှင်းသည့် အစားအစာများ ဖြစ်ရေး၊ ရွေးချယ်သင့်သည့် ညဈေးသည်များ နှင့် ဈေးသည်များအား အသိပညာပေးရေး လုပ်ငန်းစဉ်များ၊ ညဈေး ရွေးချယ်သင့်သည့် နေရာဒေသနှင့် စားသုံးသူများအတွက် နားနေ နိုင်မည့်နေရာဒေသနှင့် မိလ’ာစသည့်အကြောင်း အရာများကိုဆွေးနွေးမည်ဟု သိရသည်။

တရုတ်ဘက်မှ အဝယ်နည်းနေခြင်းကြောင့် ပြည်တွင်းဈေးကွက်တွင် ဆန်ကြမ်းအဝင်များပြီး တစ်အိတ်ရောင်းဈေး ကျပ်၂ဝဝဝ အထိ ပြုတ်ကျ

Photo: တရုတ်ဘက်မှ အဝယ်နည်းနေခြင်းကြောင့် ပြည်တွင်းဈေးကွက်တွင် ဆန်ကြမ်းအဝင်များပြီး တစ်အိတ်ရောင်းဈေး ကျပ်၂ဝဝဝ အထိ ပြုတ်ကျ
Tuesday, October 21, 2014

တရုတ်ဘက်မှ အဝယ်နည်းနေခြင်းကြောင့် ပြည်တွင်းဈေးကွက်တွင် ဆန်ကြမ်း အဝင်များနေပြီး တစ်အိတ်ရောင်းဈေးမှာ အမျိုးအစားအလိုက် ကျပ် ၁၅ဝဝ မှ ကျပ် ၂ဝဝဝ အထိ ပြုတ်ကျနေကြောင်း ဆန် ရောင်းဝယ်ရေးဆိုင်များမှ သိရသည်။

“ဒီလထဲမှာ ဆန်ကြမ်းဈေးကျသွားတယ်။ တရုတ်ဘက်က အဝယ်မလိုက်တဲ့အတွက် ဈေးကွက်ထဲမှာ ပစ္စည်းတွေများနေတယ်။ ပြီးတော့ နောက်ရာသီဆန်ကြမ်း ထွက်မယ့်အချိန်မှာ ဈေးကွက်မှာရှိတဲ့ ဆန်  ကြမ်းတွေရောင်းလို့ မကုန်မှာစိုးလို့ ဈေးချ  ပြီးရောင်းတဲ့သဘောရှိတယ်။ ဒီအချိန်ဆိုရင်  ဆန်ချောရော၊ ဆန်ကြမ်းရော လှိုင်လှိုင်ထွက် တဲ့အချိန်ဖြစ်နေပြီ။ ဒါပေမဲ့ မနှစ်က ရာသီ  ဥတုမကောင်းတဲ့အတွက် စိုက်ချိန်နောက်ကျ  ပြီး ဆန်လှိုင်လှိုင်မထွက်သေးဘူး” ဟု သင်္ဃန်းကျွန်းမြို့နယ်ရှိ ရွှေအိုးဆန်ဆိုင်ပိုင်ရှင်က ပြောကြားသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ဆန်များ ကို မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရုံးခွဲဖြစ် သည့် ဆန်စပါးကုန်စည်ဒိုင် (မူဆယ်မြို့)တို့မှတစ်ဆင့် တရုတ်နိုင်ငံဘက်သို့ နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းကို အသုံးပြု၍ အများဆုံးတင်ပို့လျက်ရှိရာ မြန်မာလုပ်ငန်း ရှင်များအနေဖြင့် တရားဝင်ကုန်သွယ်မှု လိုင်စင်လျှောက်ထားရယူပြီးမှသာ တင်ပို့သော်လည်း ဩဂုတ်လအတွင်း၌ တရုတ်ဗဟိုအစိုးရစီမံချက်ဟုဆိုကာ ဖမ်းဆီးမှုများ ရှိနေသောကြောင့် နယ်စပ်လမ်းကြောင်းမှ တစ်ဆင့် ဆန်တင်ပို့ရာတွင် အခက်အခဲများ  ဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။

ယင်းနောက် စက်တင်ဘာ ၂၄ ရက် တွင် မြန်မာနိုင်ငံဘက်မှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအပါအဝင် တာဝန်ရှိသူများနှင့် တရုတ်ဘက်မှ တရုတ်နိုင်ငံကုန် ပစ္စည်းအရည်အသွေးစစ်ဆေးရေးဝန်ကြီးနှင့် ဆန် စပါးအရည်အသွေးနှင့် စစ်ဆေးရေးပိုင်းဆိုင် ရာစာချုပ်ကိုလည်းကောင်း၊ တရုတ်နိုင်ငံ လယ်ယာစိုက်ပျိုးရေးဝန်ကြီးနှင့် လယ်ယာ ကဏ္ဍပူးပေါင်းဆောင်ရွက်ရေးနှင့် လယ်ယာသီးနှံ ဈေးကွက်ရရှိရေးစာချုပ်ကိုလည်း ကောင်း လက်မှတ်ရေးထိုးခဲ့ကြောင်း သိရ သည်။

သို့သော်လည်း ယခုအချိန်အထိ လွတ် လပ်စွာတရားဝင်တင်ပို့နိုင်ခြင်းမရှိသေးဘဲ  တရုတ်ဘက်မှ ကုန်သည်များကလည်း ဝယ်ယူမှုနည်းနေသေးကြောင်း သိရသည်။

“အရင်တုန်းကဆိုရင် တရုတ်ဘက်က ဆန်အဝယ်လိုက်တော့ တစ်ရက်တစ်ရက် ကို တစ်အိတ်ဈေး ၅ဝဝ၊ ၁ဝဝဝ လောက် အထိ ဈေးတက်တယ်။ အခုက တရုတ်ဘက် ကို ဆန်တွေမသွားနိုင်ဘူးလို့ ကြားတယ်။ အဲဒီတော့ တရုတ်ဘက်က ဝယ်လိုအားနည်း သွားတော့ ပြည်တွင်းဈေးကွက်ထဲမှာ ဆန် ဈေးကျသွားတာပါ” ဟု ဝါးတန်းလမ်းရှိ စပါယ်ရှယ်ဆန် ရောင်းဝယ်ရေးဆိုင်ရှင်ကဆိုသည်။

လက်လီဈေးကွက်အတွင်းရောင်းချနေ သည့် ဆန်ဈေးနှုန်းများကို ကြည့်မည်ဆိုပါ က စက်တင်ဘာလအတွင်းက မနောသုခ တစ်အိတ် ကျပ် ၂ဝဝဝဝ၊ ဧည့်မထ တစ်အိတ် ကျပ် ၁၉၅ဝဝ၊ ငစိန်တစ်အိတ် ကျပ် ၁၈ဝဝဝ၊ ဇီယာတစ်အိတ် ကျပ် ၁၈၅ဝဝဝ ဖြင့်ရောင်း ချလျက်ရှိရာမှ အောက်တိုဘာ ပထမပတ်မှစ၍ မနောသုခတစ်အိတ် ကျပ် ၁၈ဝဝဝ၊ ဧည့်မထ တစ်အိတ် ကျပ် ၁၈၅ဝဝ၊ ငစိန်တစ်အိတ် ကျပ် ၁၆ဝဝဝ၊ ဇီယာတစ်အိတ် ကျပ် ၁၆ဝဝဝ စသည်ဖြင့် ဆန်အမျိုးအစားအလိုက် ဈေးနှုန်း အသီးသီးကျဆင်းနေခြင်းဖြစ်ကြောင်း သိရသည်။

Eleven Media Group 

တာမွေမြို့နယ်အတွင်းရှိ ဆန်အရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
တာမွေမြို့နယ်အတွင်းရှိ ဆန်အရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
တရုတ်ဘက်မှ အဝယ်နည်းနေခြင်းကြောင့် ပြည်တွင်းဈေးကွက်တွင် ဆန်ကြမ်း အဝင်များနေပြီး တစ် အိတ်ရောင်းဈေးမှာ အမျိုးအစားအလိုက် ကျပ် ၁၅ဝဝ မှ ကျပ် ၂ဝဝဝ အထိ ပြုတ်ကျနေကြောင်း ဆန် ရောင်း ဝယ်ရေးဆိုင်များမှ သိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲအား ၂၀၁၅ ခုနှစ် အောက်တိုဘာလကုန်နှင့် နိုဝင်ဘာလဆန်းတွင်ကျင်းပမည်ဟု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးပြောကြား

ဒုတိယအကြိမ်သက်တမ်းလွှတ်တော်များခေါ်ယူနိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၁၅ ခုနှစ် အထွေေ ထွရွေးကောက်ပွဲအား အောက်တိုဘာလကုန်နှင့် နိုဝင်ဘာလဆန်းတွင် ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။

တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေကြမ်း အား ယခုအချိန်တွင် ဆိုင်းငံ့ထားသင့်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ ဆွေးနွေး

တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေကြမ်း အား လက်ရှိအချိန်တွင် ဆိုင်းငံ့ထားသင့်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဦးလှဆွေက အောက်တိုဘာ ၂၀ ရက် အမျိုးသားလွှတ်တော် အစည်းအဝေး တွင် ဆွေးနွေးသည်။

သူတို့တွေ ပွဲအပြီး ဘာတွေပြောကြသလဲ (နည်းပြ နှစ်ဦး၏ ပွဲအပြီးပြောစကားများ)

Photo: သူတို့တွေ ပွဲအပြီး ဘာတွေပြောကြသလဲ (နည်းပြ နှစ်ဦး၏ ပွဲအပြီးပြောစကားများ)
Tuesday, October 21, 2014

ကာတာအသင်း၏ နည်းပြဖြစ်သူ ဖီလစ် ဆန်းချက် ဘတ်စ် မှ ဆီးမီးဖိုင်နယ်ပွဲစဉ်မှာ အိမ်ရှင် မြန်မာ ပရိတ်သတ်များ၏ ဖိအားများအောက်မှာကစားခဲ့ရသော်လည်း အိမ်ရှင်အသင်းကို အချိန်ပိုကစားအပြီး သုံးဂိုး နှစ်ဂိုးရလဒ်နဲ့ အကောင်းဆုံး ရင်ဆိုင်ကျော်လွှားနိုင်ခဲ့တဲ့ အတွက် အသင်းသားများကို ဂုဏ်ယူဝမ်းမြောက်ကြောင်း ပွဲအပြီးမှာပြောကြားခဲ့သည်။ 

ကာတာအသင်းသည် ပထမပိုင်းတွင် အာမို့အလီ၏ ခေါင်းတိုက်သွင်းဂိုးဖြင့် ဦးဆောင်ထားနိုင်ခဲ့သော်လည်း ဒုတိယပိုင်း မိနစ် ၆၀ ကျော်မှာ မြန်မာအသင်းက အောင်သူ၏ ဂိုးထဲလှလှပပ သွင်းယူခဲ့မှု နှင့် မိနစ်ပိုင်းအနည်းငယ်မှာ ငြိမ်းချမ်းအောင်၏ ခေါင်းတိုက်အနိုင်ဂိုး သွင်းယူခြင်းတို့ကို စွမ်းဆောင်ထားနိုင်ခဲ့သည်။ ဒါပေမဲ့လည်း အိမ်ရှင်ပရိတ်သတ်၏ အားပေးမှုနဲ့အတူ အကောင်းဆုံးတိုက်စစ်ဆင် ကစားလာခဲ့သော မြန်မာအသင်းအား ပွဲကစားချိန် ၇၅ မိနစ်မှာ အာရမ် အဖစ် ကနေပြီး ဖရီးကစ်ဂိုးဖြင့် ချေပဂိုးပြန်သွင်းယူနိုင်ခဲ့သည်။ အချိန်ပို မိနစ်ပိုင်းအနည်းငယ်မှာလည်း ကာတာအသင်းအတွက်အနိုင်ဂိုးကို ဆာရင်ဂန် အာဒူ က ခေါင်းတိုက်သွင်းယူနိုင်ခဲ့သဖြင့် ကာတာအသင်း အိမ်ရှင်မြန်မာအသင်းကို သုံးဂိုး နှစ်ဂိုးဖြင့်အနိုင်ရရှိခဲ့ကာ နောက်ဆုံးဗိုလ်လုပွဲဆီကို တက်ရောက်သွားနိုင်ခဲ့သည်။ 

"ဒီတစ်ညကတော့ အသင်းသားတွေနဲ့အတူ ပျော်ရွှင်ဝမ်းသာရသလို ဂုဏ်ယူစရာလည်းကောင်းလှပါတယ်။ သူတို့ဟာ များပြားလှတဲ့ အိမ်ကွင်းပရိတ်သတ်တွေ၏ အားပေးမှုတွေနဲ့အတူ ကောင်းမွန်လှတဲ့ ပြိုင်ဘက်အသင်းကောင်းကို အနိုင်ရရှိရေး အကောင်းဆုံးကြိုးစားပေးဆပ်ခဲ့ကြပါတယ်။" ဆိုပြီး ကာတာနည်းပြကြီးမှပြောကြားခဲ့သည်။
"ကွင်းလုံးပြည့် ပရိတ်သတ်အများကြီးရှေ့ မှာ ကစားခဲ့ရတာကိုက ကြီးမားတဲ့ အတွေ့အကြုံတစ်ခုဖြစ်ခဲ့ပါတယ်။ တကယ့်ဖြစ်ရပ်အနေနဲ့ သူတို့ကစားသမားတွေဟာ ဂိုးနှစ်ဂိုး အမြန်ဘဲပြန်ပေးလိုက်ရသလို၊ အနိုင်ရရှိရေး ပြန်လည်စွမ်းဆောင်လာ နိုင်တာကလည်း ကျွန်တော့်အတွက် အားရကျေနပ်တွေ ဖြစ်စေခဲ့ပါတယ်" " မကြုံတွေ့ဘူးခဲ့တဲ့ ပတ်ဝန်းကျင်အနေအထားနဲ့အတူ ဒီပွဲစဉ်က ကျွန်တော့်တို့အတွက် ပွဲစဉ်တော်တော်များများထဲမှ
တကယ့်ကို ခက်ခဲ ခဲ့တဲ့ ပွဲစဉ် တစ်ပွဲဖြစ်လာခဲ့တာကတော့ အသေအချာပါပဲ" ဆိုပြီး ထပ်မံပြောကြားခဲ့သည် ကာတာအသင်းသည် နောက်ဆုံးဗိုလ်လုပွဲ အဖြစ် မြောက်ကိုရီးယားအသင်းနဲ့ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 

မြန်မာယူ-၁၉ အသင်း၏ နည်းပြကြီး ဂတ်ဇီဆီ ကတော့ " ဒီနေ့ပွဲမျိုးကတော့ ကျွန်တော့်အတွက် စိတ်ဆိုးဒေါသ မရှိဘဲနဲ့ အရှုံးကိုလက်သင့်ခံနိုင်ပါတယ်။ ပရိတ်သတ်တွေအားလုံးကလည်း ယနေ့ မြန်မာအသင်းစွမ်းဆောင်နိုင်မှုအဆင့်အတန်းကို အားရကျေနပ်ကြတယ်လေ။" 
"နောက်ဆုံးလက်ကျန်မိနစ်တွေမှာ အနိုင်ဂိုးတွေရသင့်ခဲ့ပေမဲ့ ကာတာအသင်းက တကယ့်ကို ကောင်းမွန်တဲ့အသင်းဖြစ်သလို ကံကောင်းမှုတွေ ပိုင်ဆိုင်ခဲ့တဲ့ အသင်းလည်းဖြစ်ခဲ့တယ်" 
"ဒီနေ့ပွဲကို ကွင်းထဲမှာကော ကွင်းပြင်မှာကော ကြည့်နေတဲ့သူတွေအားလုံးအနေနဲ့ ကျွန်တော်တို့အသင်းဟာ ဘယ်လိုလူလဲ ပြီးတော့ ဘယ်လောက် ဘောလုံးကောင်းကောင်းကစားနိုင်သလဲဆိုတာကို သိသွားကြမှာကတော့ အမှန်ပါပဲ။" 

မြန်မာအသင်းသည် ဆီးမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့သည့်အတွက် ၂၀၁၅ ဖီဖာ ကမ္ဘာ့ဖလားလူငယ်ဘောလုံးပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပြီလည်းဖြစ်သည်။ ထိုကိစ္စနဲ့ပတ်သတ်ပြီးလည်း နည်းပြကြီးက " ခုချိန်မှာ အရေးကြီးဆုံးက ခုလက်ရှိကစားသမားတွေဟာ နောက်ခုနှစ်လသာ လိုတော့တဲ့ ကမ္ဘာ့ဖလားပွဲစဉ်အတွက် လေ့ကျင့်ပြင်ဆင်ဖို့ပါပဲ" 
"ကျွန်တော့်အနေနဲ့ အသင်းအတွက် ကစားသမားတွေရှာဖွေဖို့လည်းလိုမယ်ထင်တယ်။ ကျွန်တော့်အသင်းမှာ ဒီနေ့ ကာတာအသင်းက နံပါတ် (၁၀)လိုကစားသမားမျိုးကို ကောင်းကောင်းထိန်းချုပ်နိုင်မဲ့သူမရှိဘူးဖြစ်ခဲ့ရတယ်။အသင်းကို ဒီထက်တောင့်တင်းခိုင်မာလာရေးအတွက် တကယ့်ကိုကျွန်တော်တို့ လိုအပ်ပါတယ်"
"ကျွန်တော်တို့မှာ အကောင်းဆုံး ၁၁ ယောက်ရှိပါတယ်။ ဒါပေမဲ့ သုံးယောက်လောက် အစားထိုးလိုက်ရပြီးနောက် ကစားအား ကျသွားခဲ့ရတယ်။ အဲ့ဒါကလည်း ပွဲအဖြေကိုပြောင်းလဲသွားစေခဲ့တယ်" ဟု မှတ်ချက်ပြုပြောကြားခဲ့သည်။ 

AFC ယူ-၁၉ ချန်ပီယံရှစ်ပွဲစဉ် နောက်ဆုံးဗိုလ်လုပွဲကို အောက်တိုဘာလ ၂၃ ရက်နေ့တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး မြန်မာအသင်းအနေဖြင့် ဆီးမီးထိတက်ရောက်နိုင်ခဲ့တဲ့ မှတ်တမ်းဝင်သွားသလို Wiki ၏ AFC Championship ၂၀၁၄ မှတ်တမ်းမှာ တတိယနေရာ ကွက်လပ်မှာ ဖြည့်သွင်းခြင်းခံထားရပါတယ်။ 

(AFC.com မှသတင်းဖော်ပြထားမှုကို ပြန်လည်တင်ဆက်ခြင်းဖြစ်ပါသည်)

Football Café
ကာတာအသင်း၏ နည်းပြဖြစ်သူ ဖီလစ် ဆန်းချက် ဘတ်စ် မှ ဆီးမီးဖိုင်နယ်ပွဲစဉ်မှာ အိမ်ရှင် မြန်မာ ပရိတ် သတ်များ၏ ဖိအားများအောက်မှာကစားခဲ့ရသော်လည်း အိမ်ရှင်အသင်းကို အချိန်ပိုကစားအပြီး သုံးဂိုး နှစ်ဂိုးရလဒ်နဲ့ အကောင်းဆုံး ရင်ဆိုင်ကျော်လွှားနိုင်ခဲ့တဲ့ အတွက် အသင်းသားများကို ဂုဏ်ယူဝမ်းမြောက်ေ ကြာင်း ပွဲအပြီးမှာပြောကြားခဲ့သည်။ 

ဂျာမန်လေယာဉ်မှူးများ သပိတ်မှောက်မှုကြောင့် ခရီးစဉ် ၁၅၀၀ ကျော်ဖျက်သိမ်း

ဂျာမန်လေကြောင်းလိုင်း Lufthansa လေယာဉ်မှူးတွေ အောက်တိုဘာ ၂၀ နဲ့ ၂၁ ရက်နေ့တွေမှာ ထပ်မံ သပိတ်မှောက်တာကြောင့် လေကြောင်းခရီးစဉ် ၁၅၀၀ ကျော် ဖျက်သိမ်းလိုက်ရပါတယ်။ဒီတကြိမ်နဲ့ ဆိုရင် လေယာဉ်မှူးတွေ တနှစ်အတွင်း ၈ ကြိမ်မြောက် သပိတ်မှောက်ကြ တာ ဖြစ်ပါတယ်။

မြန်မာလုပ်သား နှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့နှိပ်စက်ခြင်း ရှိ၊ မရှိ ထိုင်းလူ့အခွင့်အရေး ကော်မရှင် စုံစမ်းမည်

ရန်ကုန်− လိပ်ကျွန်းလူသတ်မှုဖြင့် ဖမ်းဆီးခံထားရသည့် သံသယ တရားခံမြန်မာလုပ်သား နှစ်ဦးကို ရဲ တပ်ဖွဲ့က နှိပ်စက်ညှဉ်းပန်းခဲ့ သည်ဆိုသည့် စွပ်စွဲချက်များနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ၏ လူ့ အခွင့် အရေးကော်မရှင် က စုံစမ်း စစ်ဆေးမှုပြုလုပ်တော့မည်ဟု အောက်တိုဘာ ၂၀ ရက်တွင်ပြော ကြောင်း ဘန်ကောက် အခြေစိုက် ရိုက်တာသတင်းဌာနက ဖော်ပြ သည်။

မော်တော်ယာဉ်အစီးတစ်ရာ နေ့စဉ်အခမဲ့စစ်ပေးမည့် မော်တော်ယာဉ်ဆိုင်ရာ အထူးဝန်ဆောင်ရောင်းချမှုပွဲ ပြုလုပ်မည်

တစ်ရက်လျှင် မော်တော်ယာဉ်အစီး ၁၀၀ အခမဲ့စမ်းသပ်စစ်ဆေးပေးမည့် မော်တော်ယာဉ်နှင့် ဆက်စပ် ပစ္စည်းများ အထူးဝန်ဆောင် ရောင်းချမှု ပြပွဲကို အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၁ ရက် အထိ မိုင်ဒါကွင်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာ့ဖွံ့ဖြိုးရေးအတွက် လေးနှစ်အတွင်း ဒေါ်လာသန်း ၁၅၀ မှ ၂၀၀ အထိ ကူညီရန် အလှူရှင်နိုင်ငံများနှင့် သဘောတူညီ

Photo: မြန်မာ့ဖွံ့ဖြိုးရေးအတွက် လေးနှစ်အတွင်း ဒေါ်လာသန်း ၁၅၀ မှ ၂၀၀ အထိ ကူညီရန် အလှူရှင်နိုင်ငံများနှင့် သဘောတူညီ
Tuesday, October 21, 2014

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများအတွက် လေးနှစ်အတွင်း ကန်ဒေါ်လာသန်း ၁၅၀ မှ ၂၀၀ အထိ ပံ့ပိုးကူညီရန် အလှူရှင်နိုင်ငံများနှင့် သဘောတူညီချက်ရရှိထားကြောင်း အာရှဖွံ့ဖြိုးမှုဘဏ်မှ သတင်းရရှိသည်။

အဆိုပါ ထောက်ပံ့ငွေများ ဖြင့် ၂၀၁၃ မှ ၂၀၁၆ ခုနှစ် အတွင်း အာရှဖွံ့ဖြိုးမှုဘဏ်က မြန်မာနိုင်ငံတွင် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စီးပွားရေးဖွံ့ဖြိုးမှု လုပ်ငန်းများနှင့် အခြေခံအဆောက်အအုံများ ပြင်ဆင်မှုတို့တွင် အဓိကကူညီထောက်ပံ့သွားမည် ဖြစ်သည်။

လက်ရှိတွင် မြစ်ဝကျွန်းပေါ် ဒေသ၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်မှ မြို့နယ်ခြောက်မြို့ နယ်ရှိ ကျေးရွာပေါင်း ၉၆ ရွာတို့ တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးအတွက် အမေရိကန် ဒေါ်လာ ၁၂ သန်း ကူညီပံ့ပိုးရန် အာရှဖွံ့ဖြိုးရေးဘဏ်က စီစဉ် ထားပြီး ဖြစ်သည်။

ထို့ပြင် ကရင်ပြည်နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ် ငန်းများ ဆောင်ရွက်ရန် အမေရိ ကန်ဒေါ်လာ ၁၂ သန်းနှင့် အမျိုး သမီးနှင့် ဆင်းရဲသားများအတွက် စွမ်းရည်မြှင့်တင်ပေးရန် အမေရိ ကန်ဒေါ်လာ ၃ သန်း ကူညီပံ့ပိုးရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ်က အဆိုပြုထားသည်။

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးအ တွက် အဓိကလိုအပ်နေသော နယ်ပယ်များဖြစ်သည့် စွမ်းအင်၊ ပို့ ဆောင်ရေး၊ ပညာရေး၊ မြို့ပြဖွံ့ ဖြိုးရေးလုပ်ငန်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အကူအညီပေးမှုများ လုပ်ဆောင်နေသည်။ အာရှဖွံ့ဖြိုးမှုဘဏ်သည် မြန်မာနိုင်ငံကို နည်းပညာအ ထောက်အပံ့အနေဖြင့် တစ်နှစ် လျှင် အမေရိကန်ဒေါ်လာ ၁၀ သန်းထောက်ပံ့မှုများ ပေးအပ်နေပြီး ၂၀၁၇ မှ ၂၀၂၁ ခုနှစ်အထိ အကူအညီများ တိုးမြှင့်ပေးအပ် ရန် အစီအစဉ်များ ရေးဆွဲနေကြောင်း အာရှဖွံ့ဖြိုးမှုဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေး မှူးက ပြောသည်။

7Day DAILY

ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှ လုပ်သားအချို့ကို တွေ့ရစဉ် (forbes)
ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှ လုပ်သားအချို့ကို တွေ့ရစဉ် (forbes)
မြန်မာနိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများအတွက် လေးနှစ်အတွင်း ကန်ဒေါ်လာသန်း ၁၅၀ မှ ၂၀၀ အထိ ပံ့ပိုးကူညီရန် အလှူရှင်နိုင်ငံများနှင့် သဘောတူညီချက်ရရှိထားကြောင်း အာရှဖွံ့ဖြိုးမှုဘဏ်မှ သတင်း ရရှိသည်။

မြန်မာ့မော်တော်ယာဉ်ဖွံ့ဖြိုးမှု အများပိုင်ကုမ္ပဏီလုပ်ငန်း လုပ်ကိုင်ခွင့်ပြုလျှင် ရှယ်ယာများ စတင်ရောင်းမည်

အစိုးရက လုပ်ငန်းလုပ် ကိုင်ခွင့်ပြုပါက အများပြည်သူပါဝင်နိုင်ရန် အစုရှယ်ယာများထုတ်ရောင်းပေးသွား မည်ဟု မြန်မာ့မော်တော်ယာဉ်ဖွံ့ဖြိုးမှုအများ ပိုင်ကုမ္ပဏီလီမိတက်မှ သတင်း ရရှိသည်။

Monday, 20 October 2014

ဒေါ်လာ၆၀၀၀တန် ဆာဂျရီပြုလုပ်ခွင့်ရရှိခဲ့ပေမယ့် ဒါကို ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့တဲ့ သျှားထွဋ်အိန္ဒြာ

မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ်အဖြစ် ရွေးချယ်ခံထားရတဲ့ Miss Universe Myanmar 2014 အလှမယ် သျှားထွဋ်အိန္ဒြာဟာ အလှအပနဲ့ပတ်သက်ပြီး ဒေါ်လာ ၆၀၀၀တန် ခွဲစိတ်ပြုပြင်ခွင့်ရရှိထား တယ်ဆိုတာနဲ့ ပတ်သက်ပြီး ဆာဂျရီခွဲစိတ် ပြုပြင်သွားဖို့ရှိမရှိ ကိုမေးကြည့်လိုက်တော့ “ညီမ ခွဲစိတ်ပြုပြင် ဖို့ အစီအစဉ် မရှိပါဘူး။ ညီမရရှိထားတဲ့ အလှအပပြင်ဆင်ခွင့်က အဓိက ဆာဂျရီလုပ်တာပေါ့နော်။

တောင်ကိုရီးယားကို ရန်စနေမှုများအား ရပ်တန့်ရန် မြောက်ကိုရီးယားကို အမေရိကန် တိုက်တွန်း

ကိုရီးယား နှစ်နိုင်ငံ နယ်စပ် တစ်နေရာကို တွေ့ရစဉ်။ Photo - Yonhapnews
ကိုရီးယား နှစ်နိုင်ငံကြား တင်းမာမှုများ ဖြစ်ပေါ်အောင် ရန်စနေသည့် လုပ်ရပ်များကို ရပ်တန့်ရန် မြောက် ကိုရီးယားကို အမေရိကန်က တိုက်တွန်း တောင်းဆိုလိုက်သည်။

အင်ဒိုနီးရှား သမ္မတသစ်အဖြစ် ဝီဒိုဒို ကျမ်းသစ္စာကျိန်ဆို

ဇူလိုင်လက ကျင်းပသည့် အင်ဒိုနီးရှား ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ဂျိုကိုဝီဒိုဒိုသည် နိုင်ငံ၏ သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြောင်း သိရှိရသည်။

စည်ပင်သာယာရေး ကော်မတီ ကိုယ်စားလှယ်လောင်းများစာရင်း တင်သွင်းရန် အချိန်ငါးရက် ထပ်မံတိုးမြှင့်

Photo: စည်ပင်သာယာရေး ကော်မတီ ကိုယ်စားလှယ်လောင်းများစာရင်း တင်သွင်းရန် အချိန်ငါးရက် ထပ်မံတိုးမြှင့်
Monday, October 20, 2014 

စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများစာရင်း နောက်ဆုံး တင်သွင်းရမည့်အချိန်ကို သတ်မှတ်ရက်ထက် ငါးရက် ထပ်မံတိုးမြှင့်ထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။

အဆိုပါ ကိုယ်စားလောင်းများ စာရင်းကို မူလက အောက်တိုဘာ ၁၉ ရက် ညနေ လေးနာရီ နောက်ဆုံးထား တင်သွင်းရန် သတ်မှတ်ထားသော်လည်း ဝင်ရောက်ယှဉ်ပြိုင်သူများ ပြင်ဆင်ချိန် ရရှိရန်အတွက် အောက်တိုဘာ ၂၄ ရက်နေ့အထိ တိုးမြှင့်ထားကြောင်း ၎င်းက ရှင်းပြသည်။

“မူလသတ်မှတ်ရက်ထက် ငါးရက် တိုးမြှင့်ပေးထားပါတယ်။ တချို့တွေက နောက်ကျမှ သိရပါတယ်ဆိုတဲ့ အကြောင်းပြချက်တွေ ပေးလာကြလို့ပါ” ဟု ၎င်းကဆိုသည်။

ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရန် လျှောက်လွှာများကို အောက်တိုဘာ ၆ ရက်နေ့တွင် စတင်လက်ခံခဲ့ခြင်း ဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်ရန် လျှောက်လွှာ ဝယ်ယူထားသည့် ကိုယ်စားလှယ်လောင်း ၁၀၀ ကျော် ရှိနေပြီ ဖြစ်ကြောင်း စည်ပင်သာယာ ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

ထို့အပြင် တင်သွင်းလာသာ ကိုယ်စားလှယ်လောင်း လျှောက်လွှာများကို ခြောက်ရက်အတွင်း စိစစ်ကာ စည်ပင်သာယာရေး ကော်မတီက ကိုယ်စားလောင်းများ စာရင်းကို ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း ယင်းကော်မရှင်က ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲ နည်းဥပဒေအရ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတွင် ကော်မတီဝင် လေးဦး၊ ခရိုင်တစ်ခုစီအတွက် ကော်မတီဝင် သုံးဦးစီ၊ မြို့နယ်တစ်မြို့နယ်စီ အတွက် ကော်မတီဝင် သုံးဦးစီကို ပြည်သူလူထုက ရွေးကောက် တင်မြှောက်ရမည် ဖြစ်သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့် ရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်းသည် နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသူ နိုင်ငံသား၊ အသက် ၃၅ နှစ်ထက်မငယ် အသက် ၆၅ နှစ်ထက် မကြီးသူများ ဖြစ်ရမည် ဖြစ်ပြီး မှတ်ပုံတင်ကြေး အနေနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအတွက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း တစ်ဦးလျှင် ကျပ်သုံးသိန်း၊ ခရိုင်စည်ပင်သာယာရေး ကော်မတီအတွက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း တစ်ဦးလျှင် နှစ်သိန်းကျပ်နှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီအတွက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း တစ်ဦးလျှင် ကျပ်တစ်သိန်း ပေးသွင်းရမည်ဟု သတ်မှတ်ထားသည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ပြုလုပ်မည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲ အဆင့်ဆင့် ကျင်းပနိုင်ရေးအတွက် ငွေကျပ်သိန်း ပေါင်း ၅၀၀၀ ကျော် အသုံးပြုရန် လျာထားပြီး မဲစာရင်းများ မရှုပ်ထွေးစေရန် ခရိုင်၊ မြို့နယ်၊ ရပ်၊ ကျေး ရွေးကောက်ပွဲ ကော်မရှင်ရုံးများ၊ စိစစ်ရေးအဖွဲ့များကို ဖွဲ့စည်းထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

The Voice Weekly
စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စား လှယ်လောင်းများ စာရင်း နောက်ဆုံး တင်သွင်းရမည့်အချိန်ကို သတ်မှတ်ရက်ထက် ငါးရက် ထပ်မံတိုးမြှင့် ထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး က ပြောကြားသည်။