Wednesday, 20 August 2014

လမ်းဘေးစားသောက်ဆိုင်များ အဆင့်မြှင့်ရန် ကူညီမှု ယခုလတွင်စတင်မည်

Photo: လမ်းဘေးစားသောက်ဆိုင်များ အဆင့်မြှင့်ရန် ကူညီမှု ယခုလတွင်စတင်မည်
Wednesday, August 20, 2014

 မြန်မာနိုင်ငံစားသောက် ဆိုင်လုပ်ငန်းရှင်များအသင်းက လမ်းဘေးစားသောက် ဆိုင် များ ကို အဆင့်မြင့်စားသောက်ဆိုင်များအဖြစ် ရပ်တည်နိုင်ရန် သြဂုတ်လမှစ၍ ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘လမ်းဘေးမှာ ရောင်းချနေ တဲ့ စားသောက်ဆိုင်တွေအနေနဲ့ သန့်ရှင်းဖို့ အရေးကြီးတယ်။ လမ်းဘေးမှာ ရောင်းချနေရပေမယ့် လည်း အဆင့်အတန်းမြင့်တဲ့ စား သောက်ဆိုင်အဆင့် ထိရောက်ရှိ လာဖို့အတွက် ထောက်ပံ့ပေးသွား မယ်’’ဟု မြန်မာနိုင်ငံစားသောက် ဆိုင်လုပ်ငန်းရှင်များအသင်း ဥက္ကဌဦးဉာဏ်လင်းက ပြောသည်။

မြန်မာနိုင်ငံစားသောက်ဆိုင် လုပ်ငန်းရှင်များအသင်းမှ ယခုလ အတွင်း ရန်ကုန်မြို့ရှိ မြို့တွင်း မြို့နယ် ခုနစ်မြို့ရှိ တစ်မြို့နယ်လျှင် စားသောက်ဆိုင်နှစ်ဆိုင်နှုန်းဖြင့် စားသောက်ဆိုင် ၁၄ ဆိုင် ရွေး ချယ်ကာ ထောက်ပံ့ပေးသွားမည် ဖြစ်သည်။ ဆက်လက်၍လည်း ဆိုင်အရေအတွက် တိုးကာထောက်ပံ့မည်ဖြစ်ပြီး လာမည့် နှစ်များတွင်  ရန်ကုန်မြို့သာမက နိုင်ငံတစ်ဝန်းရှိ စားသောက်ဆိုင်များအား ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

ကူညီပံ့ပိုးပေးမည့် ပစ္စည်း များမှာ ပရိဘောဂအသုံးအ ဆောင်ပစ္စည်းများ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ ပန်းကန်၊ ခွက် ယောက်၊ ဇွန်း၊ ခက်ရင်း၊ ယင်လုံ ဆန်ခါ၊ ယင်လုံမှန်အိမ်များ၊ ပလတ်စတစ်ပစ္စည်းများ၊ ရင်ကာ၊ခေါင်းဆောင်း၊ လက်အိတ်များ စသည့် ကူညီပံ့ပိုးပေးခြင်းနှင့် ဆိုင်အားဆေးသုတ်မွမ်းမံပြင်ဆင်ပေး ခြင်းတို့အပြင် ကျန်းမာရေးစစ် ဆေးပေးခြင်းနှင့် အခြေခံအစား အသောက်ဝန်ဆောင်မှုသင်တန်း ပို့ချခြင်းများပါ ဆောင်ရွက်ပေး သွားမည်ဟု ဆိုသည်။

‘‘ဒီနှစ်မှာ မြန်မာနိုင်ငံကို နိုင်ငံခြားသားခရီးသွား သုံးသန်း လောက်ဝင်ရောက်ဖို့အတွက် မျှော်မှန်းထားတယ်။ ဒီနိုင်ငံခြား သားတွေ လာရောက်လည်ပတ် တဲ့အခါမှာ လမ်းဘေးဈေးဆိုင် တွေမှာ စားသောက်လေ့ရှိကြ တယ်။ အဲဒီတော့ လမ်းဘေးစား သောက်ဆိုင်တွေအနေနဲ့ သန့်ရှင်း သပ်ရပ်တဲ့စားသောက်ဆိုင်တွေ ဖြစ်လာဖို့ အရေးကြီးတယ်’’ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်တွဲဖက် အတွင်းရေးမှူး ဦးခင်အောင်ထွန်းက ပြောသည်။

‘‘စည်ပင်ကချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာဖို့ အရေးကြီးတယ်။ စားသောက်ဆိုင်တွေကို အဆင့်မြင့်စား သောက်ဆိုင်တွေအဖြစ် ရပ်တည်နိုင်ဖို့အတွက် ရေရှည်စီမံကိန်းများ ရေးဆွဲပြီး ထောက်ပံ့ပေးသွားမယ်’’ဟု အသင်းအတွင်းရေးမှူး ဦးကျော်မြတ်မိုးက ပြောသည်။

အခုလက်ရှိ ရန်ကုန်မြို့တွင်း မြို့နယ်ခုနစ်မြို့တွင် ရောင်းချ လျက်ရှိ သည့် ဈေးသည်များသည် ရန်ကုန်မြို့တော်စည်ပင်၏ သတ် မှတ်ချက်များအရ ညနေ ၃ နာရီမှစတင်ဖွင့်လှစ်ခွင့်ရရှိသော်လည်းစစ်ဆေးရေးရှိသည့် ရက်များတွင် ဖွင့်လှစ်ခွင့်မပေးခြင်းကြောင့် အခက်အခဲများဖြစ်ပေါ်နေကြောင်း လမ်းဘေး စားသောက် ဆိုင်ပိုင်ရှင်များက ပြောသည်။

7Day DAILY 

ရန်ကုန်မြို့ရှိ လမ်းဘေးထမင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ - နစ်ကီ)
ရန်ကုန်မြို့ရှိ လမ်းဘေးထမင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ - နစ်ကီ)
 မြန်မာနိုင်ငံစားသောက် ဆိုင်လုပ်ငန်းရှင်များအသင်းက လမ်းဘေးစားသောက်ဆိုင်များကို အဆင့်မြင့် စားသောက်ဆိုင်များအဖြစ် ရပ်တည်နိုင်ရန် သြဂုတ်လမှစ၍ ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တရုတ်သို့ ဆန် တရားဝင်တင်ပို့ခွင့်အတွက် တရုတ်ကိုယ်စားလှယ်သုံးဦး လာရောက်ဆွေးနွေးမည်

တရုတ်နိုင်ငံသို့ တရား ၀င်ဆန်တင်ပို့ခွင့်ရရန် လာမည့် စက်တင်ဘာလဆန်းတွင် တရုတ် နိုင်ငံမှ ကိုယ်စား လှယ် သုံးဦးလာ ရောက်ဆွေးနွေးမည်ဖြစ်ကြောင်း  သတင်းရရှိသည်။

နည်းဥပဒေအချို့ ကြန့်ကြာနေ၍ သက်ဆိုင်ရာ ဌာနများကို တိုက်တွန်းနေဟုဆို

လွှတ်တော်မှ ပြဋ္ဌာန်းပြီး ဖြစ်သော ဥပဒေအချို့အား သက် ဆိုင်ရာဝန်ကြီးဌာနများမှ နည်း ဥပဒေပြဋ္ဌာန်းရန် ကြန့်ကြာနေမှု များအပေါ် အမြန်ဆုံးနည်းဥပဒေ ထုတ်ပြန်ရန်အတွက် သက်ဆိုင် ရာဝန်ကြီးဌာနများသို့ တိုက် တွန်း နေကြောင်း ပြည်ထောင်စုလွှတ် တော် ဥပဒေကြမ်းပူးပေါင်းကော် မတီထံမှ သတင်းရရှိသည်။

အမြန်လမ်းအရေးပေါ်ဖုန်းသို့ တစ်လအတွင်းခေါ်ဆိုအကူအညီတောင်းခံမှု ၁,၆၀၀ ကျော်ရှိ

မန္တလေးအမြန်လမ်း အ ရေးပေါ်ဖုန်းသို့ ရက်ပေါင်း ၂၀ကျော်အတွင်း ဖုန်းခေါ်ဆိုအကူအညီတောင်းခံမှု ၁၆၀၀ကျော်ရှိကြောင်းအရေးပေါ်ဖုန်းခေါ်ဆိုမှု ၀န်ဆောင်မှုဌာနမှ အထွေထွေမန်နေဂျာ ဦးတင်ကိုကိုဝင်း က ပြောသည်။

ထူးအိမ်သင် ဂီတပွဲတော် လက်မှတ်ဝယ်မရတော့

ထူးအိမ်သင် ဂီတပွဲတော်ပွဲမကျင်းပမီ လေးရက်အလိုတွင် လက်မှတ်များဝယ်ယူ၍ မရတော့ ကြောင်း ယင်းပွဲကို ကြည့်ရှုလိုသူ များက ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ပီအာရ်ကျင့်သုံးနိုင်ခြေမရှိဟု ပြည်ထောင် စုရွေးကောက် ပွဲကော် မရှင် ညွှန်မှူးပြော

Photo: ၂၀၁၅ ရွေးကောက်ပွဲတွင် ပီအာရ်ကျင့်သုံးနိုင်ခြေမရှိဟု ပြည်ထောင် စုရွေးကောက် ပွဲကော် မရှင် ညွှန်မှူးပြော
Wednesday, August 20, 2014

အနာဂတ် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများ၌ အချိုးကျကိုယ်စားပြု (PR) စနစ်ကို ကျင့်သုံးရန် ဥပဒေကြမ်းရေးဆွဲ နေသော်လည်း ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွက် ကျင့်သုံးနိုင်ဖွယ်မရှိဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲဌာန၊ ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က သြဂုတ် ၁၉ ရက်တွင် မဇ္ဈိမကို ပြောသည်။

“ပီအာရ်စနစ်သုံးမယ်ဆိုရင် ပြည်ထောင်စုလွှတ်တော်က ဥပဒေပြဋ္ဌာန်းရမယ်။ ပြီးရင် ကော်မရှင်ကနေ နည်းဥပဒေတွေ ပြန်ဆွဲရမယ်၊ ညွှန်ကြားချက်တွေ ထုတ်ရမယ်။ နိုင်ငံရေးပါတီတွေ ပြည်သူတွေကို အသိပေးရဦးမယ်။ ၁၆ လအတွင်းမှာ ဒါတွေ ပြတ်အောင်လုပ်ဖို့ မလွယ်ဘူး။ အချိန်ထပ်ယူရဦးမယ်”ဟု ၎င်းက ဆိုသည်။

အမျိုးသားလွှတ်တော် ပီအာရ်စနစ် အကောင်အထည်ဖော်ရေးကော်မရှင်က သြဂုတ် ၁၉ ရက်မှစကာ ဥပဒေကြမ်းရေး ဆွဲမှုလုပ်ငန်းများစတင်မည်ဟု အဖွဲ့ဝင်အချို့က မဇ္ဈိမကို ပြောထားသည်။

လက်ရှိကျင့်သုံးနေသည့် မဲဆန္ဒနယ်အလိုက် မဲအများဆုံးတစ်ဦးတည်း အနိုင်ရစနစ်မှ ပါတီအလိုက် စုစုပေါင်းရရှိသည့် မဲအရေအတွက်အလိုက် ရာခိုင်နှုန်းဖြင့် အချိုးကျ အမတ်ဖြစ်ခွင့်ရမည့် ပီအာရ် စနစ်ကို ပြောင်းလဲကျင့်သုံးရန် အမျိုးသား လွှတ်တော်က ဇွန်လအတွင်း ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ကိုယ်စားလှယ် ၃၆ ဦးပါ ပီအာရ်စနစ် အကောင်အထည်ဖော်ရေး ကော်မရှင်ကိုဖွဲ့စည်းကာ ကျင့်သုံးမည့်စနစ် ရွေးချယ်ခြင်း၊ ဥပဒေကြမ်းရေးဆွဲခြင်းတို့ကို စက်တင်ဘာတွင် ပြန်လည်ကျင်းပမည့် အမျိုးသားလွှတ်တော်မတိုင်မီ အပြီးသတ်ရန် ညွှန်ကြားထားသည်။

ကော်မရှင်၏ လုပ်ငန်းအသေးစိတ်ကို ထုတ်ဖော်ပြောဆိုခွင့် ရရှိမထားသည့် အဖွဲ့ဝင်အချို့က ပါတီအသီးသီး၏ အမတ်လောင်းများကို မဲဆန္ဒရှင်တို့ သိခွင့်ရှိသည့် စနစ်ကို ရွေးချယ်ထားသည်ဟု ပြောသည်။ နိုင်ငံတကာတွင် Open List ဟု ခေါ်ဆို သည့် ပါတီအလိုက် အမတ်လောင်းများကို တန်းစီဇယားဖြင့် အများပြည်သူထံ ထုတ်ပြန်စေသည့် စနစ်ကို ညွှန်းဆိုခြင်းဖြစ်သည်။

ယင်းစနစ်အရ မဲရာခိုင်နှုန်း အချိုးအတိုင်း ရရှိလာသည့် ကိုယ်စားပြုခွင့်ဦးရေကို တန်းစီဇယားမှ အစဉ်လိုက် ထုတ်နုတ်ကာ ယင်း၌အကျုံးဝင်သူတို့ အမတ်ဖြစ်ခွင့်ရမည်ဖြစ်သည်။ အဆိုပါစနစ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ခြောက်ခုမှလွဲ၍ တိုင်း၊ ပြည်နယ်အားလုံးတွင် ကျင့်သုံးရန် ဆုံးဖြတ်ထားသည်ဟု ပီအာရ်စနစ် အကောင်အထည်ဖော်ရေးကော်မရှင် အဖွဲ့ဝင်တချို့က ပြောသည်။

ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ အမျိုး သားလွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က“အဆိုရှင် တင်သွင်းကတည်းက ပီအာရ်ကို ပြည်နယ်တိုင်း ဘယ်မှာ သုံးမယ်ဆိုတာ မပါခဲ့ဘူး။ ကော်မရှင်က ဆုံးဖြတ်တာ မဟုတ်ဘူး။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ မကျင့်သုံးဘူးဆိုတာကလည်း ဖွဲ့စည်းပုံဥပဒေမှာ ဖော်ပြထားပြီးသား”ဟု ဆိုသည်။

ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးအေးသာအောင်ကမူ မြန်မာနိုင်ငံတွင် ယင်းစနစ်ကျင့် သုံးခြင်းသည် ရှုပ်ထွေးမှုများဖြစ်လာနိုင်သည်ဟု ပြောသည်။

“ရခိုင်ပြည်နယ်မှာဆို စိန်ခေါ်မှုတွေ အန္တရာယ်တွေ ဖြစ်ပေါ်လာနိုင်တယ်။ ဘင်္ဂါလီလူမျိုးတွေကို white card  ကိုင်ဆောင်ခွင့်ပေးထားပြီး မဲပေးခွင့်ပြုထားတယ်။ ပြည်နယ်လွှတ်တော်မှာ ဘင်္ဂါလီလွှတ်တော် ကိုယ်စားလှယ်တွေ သုံးပုံတစ်ပုံပေါ်လာမယ်။ ဒီကနေ့ အမျိုးသားလွှတ်တော်အထိ တက်လာမယ်။ တိုင်းပြည်အတွက် စိန်ခေါ်မှုတွေ ရှိလာမယ်”ဟု ပြောသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တိုင်းရင်းသားပါတီတို့က ပီအာရ်စနစ် ပြောင်းလဲကျင့်သုံးရန် အချိန်မတန်သေးဟူသော ကြေညာချက်များ၊ ထုတ်ဖော်ပြောဆိုမှုများ လုပ်ခဲ့ပြီး အမျိုးသားလွှတ်တော်ကော်မရှင် အဖွဲ့ဝင်ရှစ်ဦးလည်း နုတ်ထွက်ထားကြသည်။

“၂၀၁၃ ခုနှစ်တုန်းက ပြောတယ်။ ဒီစနစ်ကို မကျင့်သုံးသေးဘူးလို့ ပြောထားတယ်။ အခု ၂၀၁၄ ဇွန်လမှာ မြန်မြန်ဆန်ဆန်ကြီး လုပ်တာ ရည်ရွယ်ချက်တစ်ခုတော့ ရှိရမယ်လို့ မြင်တယ်။ ဒီအချိန်မှာ ညစ်တာတွေ လုပ်ဖို့ မသင့်တော့ဘူး။ ရိုးသားမှု ရှိဖို့လိုမယ်”ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအရ၊ အမျိုးသားလွှတ်တော်အမတ်ဦးရေ ၁၆၈ ဦး သတ်မှတ်ထားသည်။ စနစ်ပြောင်းလဲ ကျင့်သုံးပါက အမတ်ဦးရေအပြောင်းအလဲ ရှိ၊ မရှိ ဆိုသည်ကိုမူ အတည်မပြုနိုင်သေးပေ။

Mizzima - News in Burmese 

၂၀၁၂ ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် မရမ်းကုန်းမြို့နယ်ရှိ မဲရုံတစ်ရုံ၌ မဲပေးနေကြသူများအား တွေ့ရစဉ်။ ဓာတ်ပုံ-အီးပီအေ
၂၀၁၂ ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် မရမ်းကုန်းမြို့နယ်ရှိ မဲရုံတစ်ရုံ၌ မဲပေးနေကြသူ များအား တွေ့ရစဉ်။ ဓာတ်ပုံ-အီးပီအေ
အနာဂတ် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများ၌ အချိုးကျကိုယ်စားပြု (PR) စနစ်ကို ကျင့်သုံးရန် ဥပဒေကြမ်းရေးဆွဲ နေသော်လည်း ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွက် ကျင့်သုံးနိုင်ဖွယ် မရှိဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲဌာန၊ ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က သြဂုတ် ၁၉ ရက်တွင် မဇ္ဈိမကို ပြောသည်။

မဟာဗန္ဓုလပန်းခြံအနီးတွင် ဆိုင်ခန်း ၁၅၀ ခန့် ရောင်းချနိုင်မည့် ညဈေးတန်း ဖွင့်လှစ်မည်

Photo: မဟာဗန္ဓုလပန်းခြံအနီးတွင် ဆိုင်ခန်း ၁၅၀ ခန့် ရောင်းချနိုင်မည့် ညဈေးတန်း ဖွင့်လှစ်မည်
Wednesday, August 20, 2014

ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံအနီးတွင် ဆိုင်ခန်းပေါင်း ၁၅၀ ခန့်ရောင်းချနိုင်မည့် ညဈေးတန်းတစ်ခုကို ယခုနှစ်အတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်သွားမည်ဟု မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးကျော်မြတ်မိုးက ပြောသည်။

၎င်းက သြဂုတ် ၁၉ ရက်တွင် ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်လမ်းရှိ Moonsoon စားသောက်ဆိုင်တွင် ကျင်းပသည့် မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း၏ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခြင်းဖြစ်သည်။

ဦးကျော်မြတ်မိုးက “ညဈေးတန်းဖွင့်ဖို့အတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့မူအားဖြင့် သဘောတူညီမှုတော့ ရပြီးသွားပြီ။ ဘယ်တော့ ဖွင့်မယ်ဆိုတာတော့ အတိအကျကြီး မပြောနိုင်သေးဘူး။ နေရာတွေ သွားကြည့်ရဦးမယ်”ဟု ဆိုသည်။

အဆိုပါညဈေးတန်းတွင် ဆိုင်ခန်းပေါင်း ၁၅၀ ခန့် ရောင်းချနိုင်မည်ဖြစ်ပြီး ဈေးဖွင့်ချိန်မှာ ညနေ ၆ နာရီခွဲမှ ည ၁၁ နာရီခွဲ အထိဖြစ်ပြီး စားသောက်ဆိုင်များ၊ ဗေဒင်ဟောခန်းများ၊ ရိုးရာအနှိပ်ခန်းများ၊ ကလေးကစားစရာ အရုပ်ဆိုင်များကို ရောင်းချခွင့်ပြုသွားမည်ဟု ၎င်းက ဆိုသည်။

ညဈေးတန်းဖွင့်လှစ်မည့် အစီအစဉ်နှင့် ပတ်သက်ပြီး ရန်ကုန်မြို့ ၁၅ လမ်းတွင် ရှမ်းအစားအစာနှင့် အကင်မျိုးစုံ ရောင်းချသော ဦးတိုးလွင်က “ညဈေးရောင်းတယ်ဆိုတာ အချိန်ပိုင်းပဲဖြစ်တယ်။ အဲတော့ လမ်းဘေးဈေးသည်တွေကို ဦးစားပေးဖို့လိုမယ်”ဟု ဆိုသည်။

ရန်ကုန်မြို့သည် နိုင်ငံခြားခရီးသွားများ ၀င်ရောက်မှုများသော မြို့ဖြစ်သောကြောင့် စားသောက်ဆိုင်များ၊ လမ်းဘေးဈေးဆိုင်များတွင် သန့်ရှင်းသပ်ရပ်မှု၊ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များကို ပြင်ဆင်နိုင်ပါက လမ်းဘေးဈေးဆိုင်များ၊ ညဈေးတန်းများသည် နိုင်ငံတကာရှိ စားသောက်ဆိုင်များနည်းတူ အဆင့်အတန်းမြင့်မားလာမည်ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးခင်အောင်ထွန်းက ပြောသည်။

၎င်းက “မြန်မာနိုင်ငံက ဆိုင်တွေမှာက အားနည်းချက်တွေ ရှိနေသေးတယ်။ ဒါတွေကို တဖြည်းဖြည်းနဲ့အဆင့်မြှင့်တင်ဖို့လည်း လိုအပ်ပါတယ်။ ဒါမှစားသောက်ဆိုင် လုပ်ငန်းတွေအနေနဲ့လည်း အောင်မြင်နိုင်မယ်” ဟုဆိုသည်။

မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းက ညဈေးတန်းမဖွင့်လှစ်မီ ရန်ကုန်မြို့တွင်းရှိ စည်ပင် ခွင့်ပြုချက်ဖြင့် တရားဝင်ဖွင့်လှစ်ထားသော စားသောက်ဆိုင်များကို ကျန်းမာရေးနှင့်ကိုက်ညီသော အစားအသောက်များဖြစ်စေရန်နှင့် သန့်ရှင်းသပ်ရပ်မှု ရှိစေရန် စားသောက်ဆိုင်ငယ်လေးများ အဆင့်မြှင့်တင်ရေး လုပ်ငန်းများကို လုပ်ဆောင်သွားမည်ဟုလည်း ဦးကျော်မြတ်မိုးက ဆိုသည်။

Mizzima - News in Burmese 

မဟာဗန္ဓုလပန်းခြံ။ ဓာတ်ပုံ - Tee La Rosa/flickr
မဟာဗန္ဓုလပန်းခြံ။ ဓာတ်ပုံ - Tee La Rosa/flickr
ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံအနီးတွင် ဆိုင်ခန်းပေါင်း ၁၅၀ ခန့်ရောင်းချနိုင်မည့် ညဈေးတန်းတစ်ခုကို ယခုနှစ်အတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်သွားမည်ဟု မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးကျော်မြတ်မိုးက ပြောသည်။

အီဘိုလာရောဂါဖြစ်ပွားနေသည့် နိုင်ငံများသို့ ပြေးဆွဲပျံသန်းရန် Air France လေကြောင်းလိုင်းမှ ၀န်ထမ်းများ ငြင်းဆို

Photo: အီဘိုလာရောဂါဖြစ်ပွားနေသည့် နိုင်ငံများသို့ ပြေးဆွဲပျံသန်းရန် Air France လေကြောင်းလိုင်းမှ ၀န်ထမ်းများ ငြင်းဆို
Wednesday, August 20, 2014

အာဖရိတိုက်အနောက်ပိုင်းမှ အီဘိုလာ ရောဂါဖြစ်ပွားနေသည့် ဂီနာ၊ ဆီရာလီယွန်နှင် နိုင်ဂျီးရီးယားနိုင် ငံများသို့ ခရီးစဉ် များ ပြေးဆွဲ ပျံသန်းခြင်းမပြုရန် Air France လေကြောင်းလိုင်းမှ ၀န်ထမ်းများက သြဂုတ် ၁၉ ရက်တွင် ကန့်ကွက်ထားသည်။

အဆိုပါ ခရီးစဉ်များသို့ သွားလိုသည့် လေယာဉ်အမှုထမ်း အလွန်နည်းပါးနေကြောင်း လေကြောင်း လိုင်းမှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

Air France လေကြောင်းလိုင်းသည် အခြားလေကြောင်းလိုင်းကြီးများထက် အနောက်အာဖရိကသို့ ခရီးစဉ်များ ပိုမိုပျံသန်းပြေးဆွဲ ခဲ့ သည်။British Airways နှင့် Emirates လေကြောင်းလိုင်းတို့က ယင်း ဒေသသို့ ခရီးစဉ်ပြေးဆွဲမှုကို ရပ်ဆိုင်းလိုက်ပြီးနောက် Air France ကလည်း မိမိတို့၏ ၀န်ထမ်းများ၏ ဆန္ဒအတိုင်း ဆုံးဖြတ်ခွင့် ပေးထားကြောင်း သိရသည်။

Air Frace သည် ဂီနာနှင့် နိုင်ဂျီးရီးယားနိုင်ငံများသို့ နေ့စဉ်ခရီးစဉ်များနှင့် ဆီရာလီ ယွန် သို့ တစ်ပတ်လျင် သုံးကြိမ် ပျံသန်းပြေးဆွဲနေကြောင်း သိရသည်။ 

Ref:AFP
Mizzima - News in Burmese
အာဖရိတိုက်အနောက်ပိုင်းမှ အီဘိုလာ ရောဂါဖြစ်ပွားနေသည့် ဂီနာ၊ ဆီရာလီယွန်နှင် နိုင်ဂျီးရီးယားနိုင် ငံများသို့ ခရီးစဉ် များ ပြေးဆွဲ ပျံသန်းခြင်းမပြုရန် Air France လေကြောင်းလိုင်းမှ ၀န်ထမ်းများက သြဂုတ် ၁၉ ရက်တွင် ကန့်ကွက်ထားသည်။

အစ္စလာမ္မစ်စစ်သွေးကြွများက အမေရိကန် ဂျာနယ်လစ်တစ်ဦး ကို ခေါင်းဖြတ် သတ်လိုက်ကြောင်း ထုတ်ပြန်


အစ္စလာမ္မစ်စစ်သွေးကြွ IS အဖွဲ့က အမေရိကန်ဂျာနယ်လစ်ဂျိမ်းစ်ဖိုလေကို ခေါင်းဖြတ်သတ်လိုက် ကြောင်း သြဂုတ် ၁၉ ရက်က ထုတ်ပြန်ကြေညာ လိုက်သည်။

တရုတ်- မြန်မာ စီမံကိန်းများအပေါ် အမြင်ကွဲနေမှု ဖြေရှင်းရန်လိုဟု တရုတ်နိုင်ငံ သံအမတ်ကြီးပြော

Photo: တရုတ်- မြန်မာ စီမံကိန်းများအပေါ် အမြင်ကွဲနေမှု ဖြေရှင်းရန်လိုဟု တရုတ်နိုင်ငံ သံအမတ်ကြီးပြော
Wednesday, August 20, 2014

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီ့း ညေါံသကူညေ က မြစ်ဆုံအပါအဝင် တရုတ်တို့၏ စီမံကိန်းများအပေါ် နားလည်မှုလွဲမှားခြင်းများကို ရှင်းလင်း သွားစေရန် မြန်မာအစိုးရက တစ်စုံတစ်ရာ ဆောင်ရွက်ပေးနိုင်မည် ဟု ပြောသည်။ ဓာတ်ပုံ- တရုတ်သံရုံး

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီ့း ညေါံသကူညေ က မြစ်ဆုံအပါအဝင် တရုတ်တို့၏ စီမံကိန်းများအပေါ် နားလည်မှုလွဲမှားခြင်းများကို ရှင်းလင်းသွားစေရန် မြန်မာအစိုးရက တစ်စုံတစ်ရာ ဆောင်ရွက်ပေးနိုင်မည်ဟု ပြောသည်။  ဓာတ်ပုံ- တရုတ်သံရုံး

အခြေခံအဆောက်အအုံစီမံကိန်းများနှင့် ပတ်သက်၍ မြန်မာနှင့် တရုတ်အစိုးရတို့အကြား သဘောထား အမြင်ကွဲလွဲနေမှုများကို ဖြေရှင်းနိုင်ရန် ဆွေးနွေးမှုလုပ်ငန်းစဉ်တစ်ရပ် လိုအပ်နေသည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ယန်ဟူလန်က မဇ္ဈိမမီဒီယာနှင့် သီးခြားပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် ပြောကြားသည်။

ယခု သီတင်းနှောင်းပိုင်းတွင် ထွက်ရှိလာမည့် Mizzima Business Weekly စာစောင်အတွက် ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် မြစ်ဆုံစီမံကိန်းကို မြန်မာပြည်သူများ၏ ကန့်ကွက်မှုကြောင့် သမ္မတဦးသိန်းစိန်က လက်ရှိအစိုးရသက်တမ်းအတွင်း ရပ်ဆိုင်းထားမည်ဆိုသည့် ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ သံအမတ်ကြီးအား မေးမြန်းရာတွင် ယခုကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့မြောက်ဘက်ရှိ ဧရာဝတီမြစ်ကြောင်းပေါ်တွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံရင်းနှီးမြှုပ်နှံမည့် အဆိုပါစီမံကိန်းကို မြန်မာနိုင်ငံမှ Asia World ကုမ္ပဏီနှင့် တရုတ်နိုင်ငံမှ ChinaPower Investment Corporation ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင်းမှ စီမံကိန်းအချို့နှင့် ပတ်သက်၍ ပြည်သူများ၏ စိုးရိမ်ပူပန်မှုကို တရုတ်အစိုးရက နားလည်ပါကြောင်း ယန်က ပြောကြားသည်။

“လုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်ဖို့ နှစ်နိုင်ငံအစိုးရတွေအနေနဲ့ ဆွေးနွေးမှုလုပ်ငန်းစဉ်တစ်ရပ် ထူထောင်ဖို့ လိုအပ်နေပါပြီ”ဟု ၎င်းက ပြောကြားသည်။

“အစိုးရပြောင်းပေမယ့် အရင်အစိုးရ လက်ထက်က လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်တွေကိုတော့ မပြောင်းလဲသင့်ပါဘူး” ဟု မြန်မာစစ်အစိုးရလက်ထက် ၂၀၀၉ ခုနှစ်က လက်မှတ်ရေးထိုးခဲ့သော နားလည်မှုစာချွန်လွှာကို ရည်ညွှန်း၍ ယန်က ပြောကြားခဲ့သည်။

“ကျွန်တော်တို့ အဲဒီကိစ္စကို လျော်ကန်သင့်မြတ်တဲ့နည်းနဲ့ ပြေလည်အောင် ဘယ်လိုအဖြေရှာကြမလဲ”ဟု ယန်က မေးခွန်းထုတ်ခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ ဒီစီမံကိန်းကို ပြန်စလိုတယ်လို့ ပြောနေတာ မဟုတ်ပါဘူး။ ပူးပေါင်းပြီး အဖြေတစ်ခုရှာဖို့ ပြောနေခြင်းသာဖြစ်ပါတယ်။ China Power Investment အနေနဲ့လည်း ဆုံးရှုံးမှုတွေ အများကြီးဖြစ်နေပါတယ်။ ဒီစီမံကိန်း ပြန်စသည်ဖြစ်စေ၊ မစသည်ဖြစ်စေ ပြည်သူတွေရဲ့သဘောထားအမြင်ကို လေးစားရမှာပါ”ဟု ၎င်းက ပြောကြားသည်။

China Power Investment သည် အဆိုပါစီမံကိန်းတွင် ဒေါ်လာ နှစ်ဘီလီယံခန့် မြှုပ်နှံထားပြီးဖြစ်ကာ စီမံကိန်းနယ်မြေမှ ဒေသခံများအတွက် ဆေးရုံ တစ်ရုံ၊ စာသင်ကျောင်း တစ်ကျောင်းနှင့် အိမ်များ ဆောက်လုပ်ပေးပြီးဖြစ်ကြောင်း သံအမတ်ကြီးက ပြောကြားသည်။

“ဒီကုမ္ပဏီအနေနဲ့ ဒေသခံတွေအတွက် ဖွံ့ဖြိုးရေးစီမံကိန်းတွေ အများကြီးလုပ်ဆောင်ထားသလို ငွေကြေး အမြောက်အမြားလည်း သုံးစွဲထားပါတယ်”ဟု ယန်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား မလုံလောက်မှုသည် ကြီးမားသည့် ပြဿနာ တစ်ခုဖြစ်ကြောင်းနှင့် ပတ်သက်၍ “လျှပ်စစ်မီးမရှိဘဲနဲ့ စက်မှုလုပ်ငန်းတွေ ထူထောင်ဖို့ မဖြစ်နိုင်ပါဘူး။ ရေအားလျှပ်စစ်ဟာ တခြား စွမ်းအင်ရင်းမြစ်တွေထက် သဘာဝပတ်ဝန်းကျင်နဲ့ အကိုက်ညီဆုံးဖြစ်ပါတယ်”ဟု ယန်က ပြောကြားသည်။

သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု နှင့် မြေယာလိုအပ်မှုအပေါ် ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို ဖြေရှင်းပေးရန် လိုအပ်နေကြောင်း ယန်က ပြောကြားသည်။

“ပြည်သူတွေအနေနဲ့ လမ်းကြောင်းမှန်ကို ရောက်ရှိဖို့ ကျွန်တော်တို့အနေနဲ့ လုပ်ဆောင်ပေးဖို့ လိုနေပါပြီ။ ပြည်သူတွေကို ရွေးချယ်ခွင့်ပေးတာကလွဲလို့ တခြားနည်းလမ်းမရှိပါဘူး”ဟု ၎င်းက ပြောကြားသည်။

နားလည်မှု လွဲမှားခြင်းများ ရှင်းလင်းသွားစေရန် မြန်မာအစိုးရကလည်း တစ်စုံတစ်ရာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ယန်က ပြောကြားသည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တို့အကြား ဖောက်လုပ်မည့် အမြန်ရထားလမ်းစီမံကိန်းကို ပြန်လည်စတင်နိုင်မည်ဟု မျှော်လင့်ထားပါသလားဟု သံအမတ်ကြီးယန်အား မဇ္ဈိမက မေးမြန်းမှုအပေါ် ၎င်းက “ကျွန်တော်တို့ကတော့ ပြည်သူတွေရဲ့ အမြင်သဘောထားကို လေးစားမှာပါ”ဟု ပြောကြားသည်။

အဆိုပါ စီမံကိန်းသည် သဘောတူစာချုပ်ပါစည်းကမ်းများအတိုင်း သုံးနှစ်အတွင်း မပြီးစီးနိုင်သောကြောင့် စာချုပ်သက်တမ်းကုန်သွားပြီဟု မြန်မာဘက်က ယခုနှစ် အစောပိုင်းက ဆုံးဖြတ်ခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ ဒီရထားလမ်းစီမံကိန်းကို ပြန်စချင်တယ်ဆိုရင် မြန်မာပြည်သူတွေနဲ့ အစိုးရရဲ့ ထောက်ခံမှု လိုအပ်နေပါတယ်”ဟု ယန်က ပြောကြားသည်။

“ပြည်သူတွေက ဒီစီမံကိန်းကိုလည်း ကန့်ကွက်နေတယ်ဆိုတာ မီဒီယာသတင်းတွေကနေ တစ်ဆင့် သိရပါတယ်။ ဒီအပေါ်မှာ ကျွန်တော် သံသယနည်းနည်းဝင်နေပါတယ်။ ကျွန်တော် နိုင်ငံအများအပြားမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ ဒီလိုစီမံကိန်းမျိုးကို ဆန့်ကျင်ကန့်ကွက်တဲ့ ပြည်သူတွေကို မကြုံခဲ့ရပါဘူး။ ဒီခေတ်ကြီးမှာ အထီးကျန်နေလို့ တိုးတက်မှုရှိနိုင်မှာ မဟုတ်ပါဘူး”ဟု ယန်က ဖြေဆိုခဲ့သည်။

Mizzima - News in Burmese
ဓာတ်ပုံ- တရုတ်သံရုံး
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီ့း ညေါံသကူညေ က မြစ်ဆုံအပါအဝင် တရုတ်တို့၏ စီမံကိန်းများ အပေါ် နားလည်မှုလွဲမှားခြင်းများကို ရှင်းလင်း သွားစေရန် မြန်မာအစိုးရက တစ်စုံတစ်ရာ ဆောင်ရွက်ပေးနို င် မည် ဟု ပြောသည်။

ချေးငွေထုတ်ပေးသည့်စနစ်ပြင်ရန် အဆို တပ်မတော်ထောက်ခံသော်လည်း ရှုံးနိမ့်

ဧရာဝတီတိုင်း လွှတ်တော်အစည်းအဝေးတွင် ဘဏ်ချေးငွေထုတ်ချေးသည့် ၀ိုင်းကြီးချုပ်စနစ်ကို အခြေအနေ မှန်နှင့် လိုက်လျောညီထွေဖြစ်စေရန် ပြုပြင်ရေး အဆိုတင်သွင်းမှုကို တပ်မတော်သားတို့ ထောက်ခံသော် လည်း နှစ်မဲအကွာဖြင့် သြဂုတ် ၁၉ ရက်က ရှုံးနိမ့်ခဲ့သည်။

(၄၃) အ၀ါ ခရီးသည်တင်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်၍ လမ်းလယ်ကျွန်းကိုကျော်ကာ တစ်ဖက်ယာဉ်ကြောမှ အခြားယာဉ်နှစ်စီးအားတိုက်မှု ရန်ကုန်မြို့လယ်တွင် ဖြစ်ပွား


သြဂုတ် ၁၉ ရက် ရန်ကုန်မြို့လယ်တွင် ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုး)
ဆူးလေဘုရားလမ်းနှင့် ဗိုလ်ချုပ်လမ်းဆုံ မီးပွိုင့်အနီး အလံပြဘုရားလမ်း၌ သြဂုတ် ၁၉ ရက် နံနက် ၉ နာရီဝန်းကျင်က (၄၃) အ၀ါ ခရီးသည်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဖြစ်၍ လမ်းလယ်ကျွန်းကိုကျော်ကာ တစ်ဖက်ယာဉ်ကြောမှ အခြားယာဉ်နှစ်စီးအား တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြန်မာအလှမယ် မေမြတ်နိုး အနုပညာလှုပ်ရှားမှုများ ပူးပေါင်းဆောင်ရွက်ရန် အတွက် ကိုရီးယားနိုင်ငံသို့ ရောက်ရှိ

Photo: မန်မာအလှမယ် မေမြတ်နိုး အနုပညာလှုပ်ရှားမှုများ ပူးပေါင်းဆောင်ရွက်ရန် အတွက် ကိုရီးယားနိုင်ငံသို့ ရောက်ရှိ
Wednesday, August 20, 2014

Miss Asia Pacific World 2014 ဆုရှင် မြန်မာအလှမယ် မေမြတ်နိုးသည် K-Pop အနုပညာလှုပ်ရှားမှုများ ပူးပေါင်းဆောင်ရွက်ရန်အတွက် ကိုရီးယားနိုင်ငံသို့ သြဂုတ် ၁၉ ရက် နံနက်ပိုင်းတွင် ရောက်ရှိခဲ့ကြောင်း သိရသည်။

“မြတ်နိုးတို့ကို မိန်းကလေး လေးယောက်ပါဝင်တဲ့ MAPI Dolls ဆိုတဲ့ K-Pop အဖွဲ့လေးတစ်ဖွဲ့ ဖွဲ့ပေးထားပါတယ်။ အခု မြတ်နိုး ကိုရီးယားကိုသွားတာကလည်း အဲဒီအဖွဲ့လေးရဲ့ တေးစီးရီးအတွက် လိုအပ်တဲ့ အသံပိုင်းဆိုင်ရာ သင်ကြားဖို့အတွက်ရယ်၊ စီးရီး အသံသွင်းဖို့ကိစ္စတွေရယ်အတွက် သွားတာပါ။ မြတ်နိုးနဲ့အတူ မေမေလည်း ပါပါတယ်။မြတ်နိုးက Miss Asia Pacific World Orga-nization နဲ့ သုံးနှစ်စာချုပ် ချုပ်ထားတာဆိုတော့ သူတို့နဲ့ပူးပေါင်းပြီး  K-Pop အနုပညာလှုပ်ရှားမှုတွေ လုပ်သွားရမှာပါ။ 

ရုပ်ရှင်ဇာတ်ကားရိုက်ဖို့ပြောထားတာလည်း ရှိပါတယ်။ အခုတစ်ခေါက်မှာပဲ သူတို့ဘက်က တစ်ခါတည်း အဆင်ပြေတယ်ဆိုလည်း ရိုက်သွားဖို့ရှိ ပါတယ်။ မြတ်နိုး ကိုရီးယားက ပြန်လာမှပဲ ပြည်တွင်းအနုပညာလှုပ်ရှားမှုတွေ ဆက်လုပ်ဖြစ်မှာမို့လို့ ပရိသတ်တွေအနေနဲ့ မြတ်နိုးကို မေ့မသွား ပါနဲ့လို့ ပြောချင်ပါတယ်။ ဒီသုံးလအတွင်း မြတ်နိုး ဟိုမှာလုပ်နေတဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း မြတ်နိုးရဲ့ ဖေ့ဘုတ်ခ်မှာ တင်ပေးသွားပါမယ်” ဟု မေမြတ်နိုးက ပြောသည်။

မေမြတ်နိုးမှာ ကိုရီးယားတွင်သုံးလကြာနေထိုင်၍ အနုပညာလှုပ်ရှားမှုများကို လုပ်ဆောင်သွားမည်ဖြစ်ပြီး နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံသို့ ပြန်လာ မည်ဖြစ်ကြောင်း သိရသည်။

မြန်မာအလှမယ် မေမြတ်နိုးမှာ ကိုရီးယားနိုင်ငံတွင် မေလအတွင်း ကျင်းပခဲ့သည့် Miss Asia Pacific World 2014  ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမြင့်ဆုံး winner ဆုကို ရရှိခဲ့ကာ မြန်မာနိုင်ငံမှ ပထမဆုံး K-Pop အနုပညာရှင်အဖြစ် ရပ်တည်ခွင့်ရရှိခဲ့သူလည်း ဖြစ်သည်။ မြန်မာအလှမယ်မေမြတ်နိုးသည် ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေစဉ်ကာလအတွင်း ကိုရီးယားဘာသာစကား လေ့လာမှုများ၊ အသံပိုင်းဆိုင်ရာလေ့ကျင့်သင်ကြားမှုများ၊ အသံသွင်းယူမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး အနုပညာလုပ်ငန်းများကိုလည်း ဆက်လက်လုပ်ကိုင်သွားရန် စီစဉ်ထားသည်ဟု သိရသည်။ မြန်မာအနုပညာရှင်တစ်ဦးအနေဖြင့် K-Pop အဖွဲ့အတွင်း ပထမဆုံးပါဝင်ခွင့်ရရှိခြင်းဖြစ်ပြီး ကိုရီးယားဇာတ်ကားများတွင်လည်း ပါဝင်သရုပ်ဆောင်ခွင့်ရရှိမည် ဖြစ်သည်။

Eleven Media Group
Miss Asia Pacific World 2014 ဆုရှင် မြန်မာအလှမယ် မေမြတ်နိုးသည် K-Pop အနုပညာလှုပ်ရှားမှုများ ပူးပေါင်းဆောင်ရွက်ရန်အတွက် ကိုရီးယားနိုင်ငံသို့ သြဂုတ် ၁၉ ရက် နံနက်ပိုင်းတွင် ရောက်ရှိခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမှ ဖားကန့်သို့ မိုင် ၁၀၀ သာ ကွာဝေးသော်လည်း အနည်းဆုံး ၁၀ နာရီအထက် မောင်းနှင်နေရပြီး ခရီးသည်များ ခရီးစရိတ်များနှင့် ကုန်တင်ခများ မြင့်တက်နေ

Photo: မြစ်ကြီးနားမှ ဖားကန့်သို့ မိုင် ၁၀၀ သာ ကွာဝေးသော်လည်း အနည်းဆုံး ၁၀ နာရီအထက် မောင်းနှင်နေရပြီး ခရီးသည်များ ခရီးစရိတ်များနှင့် ကုန်တင်ခများ မြင့်တက်နေ
Wednesday, August 20, 2014

မြစ်ကြီးနားမှ ဖားကန့်သို့ မိုင် ၁၀၀ သာ ကွာဝေးသော်လည်း အနည်းဆုံး ဆယ်နာရီအထက် မောင်းနှင်နေရပြီး ခရီးသည်များအတွက် ခရီးစရိတ်များ၊ ကုန်တင်ခများလည်း မြင့်တက်နေကြောင်း သိရသည်။

ဖားကန့်ဒေသခံ ခရီးသည် ဦးစိန်လှမောင်က “မိုင် ၁၀၀ ဆိုတာ ဝေးတဲ့ခရီးတစ်ခု မဟုတ်ဘူး။ ကားခချည်းပဲ သုံးသောင်းကျတယ်။ လမ်းမကောင်းတော့ ကုန်ဈေးနှုန်းလည်း အဆမတန်တက်တယ်။ ဖားကန့်မှာ ထမင်းတစ်ခါစား နှစ်ထောင်ငါးရာ အနည်းဆုံးပဲ။ ဖားကန့်ဒေသကထွက်တဲ့ ကျောက်စိမ်းကြောင့် ကျပ်ဘီလျံချီပြီး နှစ်စဉ်ရနေတဲ့ ဒေသမှာ လမ်းကောင်းကောင်းတော့ ဖြစ်သင့်နေတာ ကြာပါပြီ” ဟု ဝေဖန်သည်။

မြစ်ကြီးနား-ဖားကန့်လမ်းပိုင်းရှိ နန့်ယားနှင့် နန့်တိန်းကြား ဖားကန့်ဖက်ကျောက်ထုတောင်အတက် (ဒေသခေါ်ရုံးတောင်) အတက်ဘက်တွင် ကားများဘီးချော်မှုများ ဖြစ်ပွားကာ သြဂုတ် ၁၆ ရက် နံနက် ၁၀ နာရီမှ သြဂုတ် ၁၇ ရက် နံနက်ပိုင်းအထိ ကားလမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ပြီး တစ်ရက်ကျော်ကြာ လမ်းပိတ်ပြီးနောက် လမ်းပိုင်းဆိုးရွားမှုများ ရှိနေသော်လည်း ကားများပုံမှန် သွားလာနေကြောင်း သိရသည်။

မြစ်ကြီးနား-ဖားကန့်လမ်းပိုင်းတွင် ဖြတ်လမ်းတစ်ခုဖြစ်သည့် နမ္မတီး-လ၀ါး-ကာမိုင်း လမ်းပိုင်းမှာ တောင်ကျရေကြောင့် ကားငယ်များသွားလာ၍မရသည့် အခြေအနေရောက်နေကြောင်း ကားသမားများက ဆိုသည်။ ကာမိုင်း-မအူပင်လမ်းပိုင်းမှာ အချို့နေရာများတွင် ရေကျော်နေမှုများ ဖြစ်ပေါ်နေကာ ကားငယ်များမှာ ကာမိုင်း-စီအင်-မအူပင်ပတ်လမ်းကိုသာ အသုံးပြုနေရကြောင်း သိရသည်။

ကားဆရာ ဦးစိန်ဝင်းက “ကားငယ်တွေ ဆယ်စီးကျော်လောက် ကာမိုင်း-မအူပင်လမ်းကနေ ပြန်ဆုတ်လာရတယ်။ အိတ်ဇောပိုက်မြုပ်ပြီး အင်ဂျင်ထဲရေ၀င်နိုင်တယ်။ နန့်ယားအ၀င်နဲ့ ကပ်မှော်ဇွပ်ရွာထဲမှာရယ်၊ ရုံးတောင်အဆင်းရယ် အခြေအနေ အတော်ဆိုးနေတယ်။ လမ်းပဲ တဖြည်းဖြည်းဆိုးလာတာ ပြင်တဲ့အဖွဲ့လည်း မရှိဘူး” ဟုဆိုသည်။

မြစ်ကြီးနား-ဖားကန့်လမ်းပိုင်းတွင် ကာမိုင်း-မအူပင်-နန့်ယား-ကပ်မော်စွပ်-နမော်စွပ်-ချောင်းဆုံ-တံတားညီနောင်-ပျားအုံ-စသည့် ကျေးရွာလမ်းပိုင်းများတွင် ဆိုးရွားစွာ ပျက်စီးနေကြောင်း သိရသည်။

မြစ်ကြီးနား-ဖားကန့်လမ်းပိုင်းအား ဖားကန့်ကျောက်စိမ်းကုမ္ပဏီ လုပ်ကွက်များမှ ငွေကောက်ခံ၍ ကျပ်သန်းပေါင်း ၃၆၀၀ ကျော် အကုန်အကျခံကာ တည်ဆောက်ရန် နိုင်ငံတော်သမ္မတ၏ ခွင့်ပြုချက်ဖြင့် ကချင်ပြည်နယ်ဝန်ကြီးချုပ်က ၂၀၁၄ ခုနှစ် ဇန်န၀ါရီလတွင် စီစဉ်ခဲ့ပြီး ဆက်လက်အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။

Eleven Media Group 

မြစ်ကြီးနား-ဖားကန့်လမ်းပိုင်း တစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းလင်းအောင်)
မြစ်ကြီးနား-ဖားကန့်လမ်းပိုင်း တစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းလင်းအောင်)
မြစ်ကြီးနားမှ ဖားကန့်သို့ မိုင် ၁၀၀ သာ ကွာဝေးသော်လည်း အနည်းဆုံး ဆယ်နာရီအထက် မောင်းနှင်နေ ရပြီး ခရီးသည်များအတွက် ခရီးစရိတ်များ၊ ကုန်တင်ခများလည်း မြင့်တက်နေကြောင်း သိရသည်။

တစ်နှစ်လျှင် ဘီယာပမာဏ ဟတ်တာလီတာ သုံးသိန်းထွက်ရှိမည့် ဘီယာစက်ရုံအား ပဲခူးတိုင်းဒေသကြီးအတွင်း Diamond Mayson Industries ကုမ္ပဏီလီမိတက်က ၂၀၁၆ တွင် အပြီးတည်ဆောက်မည်

တစ်နှစ်လျှင် ဘီယာပမာဏ ဟတ်တာလီတာ သုံးသိန်းထွက်ရှိမည့် ဘီယာစက်ရုံအား ပဲခူးတိုင်းဒေသကြီး အတွင်း Diamond Mayson Industries ကုမ္ပဏီလီမိတက်က ၂၀၁၆ တွင် အပြီးတည်ဆောက်သွား မည်ဖြစ်ကြောင်းကို သြဂုတ် ၁၉ ရက်က ပြုလုပ်သည့် ဘီယာစက်ရုံတည်ဆောက်ရေး စီမံကိန်း ပတ်ဝန်း ကျင် ထိခိုက်မှု ဆန်းစစ်ခြင်းနှင့် ပတ်သက်၍ သက်ဆိုင်သူများ တွေ့ဆုံပွဲမှ သိရသည်။

ဂါဇာဒေသတွင် ပစ်ခတ်မှုများ ပြန်လည်ဖြစ်ပွားပြီး ဆွေးနွေးပွဲ ရပ်ဆိုင်းထား

Photo: ဂါဇာဒေသတွင် ပစ်ခတ်မှုများ ပြန်လည်ဖြစ်ပွားပြီး ဆွေးနွေးပွဲ ရပ်ဆိုင်းထား
Wednesday, August 20, 2014

သြဂုတ်၁၉ ရက်က ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးနှင့် ပါလက်စတိုင်းတို့ ပစ်ခတ်မှုများ ပြန်လည် ဖြစ်သွားခဲ့သောကြောင့် အီဂျစ်နိုင်ငံ မြို့တော်ကိုင်ရို တွင် ပြုလုပ်လျက်ရှိသည့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို ရပ်ဆိုင်းထားရကြောင်း သိရသည်။

ဂါဇာမြို့တွင်းသို့ ပစ်ခတ်ခဲ့သည့် ရော့ကတ်တစ်ခု ထိမှန်မှုကြောင့် ပါလက်စတိုင်း အမျိုးသမီးတစ်ဦးနှင့် ကလေးငယ် တစ်ဦးတို့ သေဆုံးကာ ၁၆ ဦးဒဏ်ရာရရှိ သွားပြီး ဂါဇာကမ်းမြောင်ဒေသဘက်တွင်လည်း အစ္စရေး၏ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် လူရှစ်ဦး သေဆုံးသွားကြောင်း ပါလက်စတိုင်းတို့က ထုတ်ပြန်ထားသည်။

အစ္စရေးစစ်တပ်၏ ထုတ်ပြန်ကြေညာချက်တွင် ပါလက်စတိုင်း ဘက်မှ ရော့ကက်ရှစ်စင်းဖြင့် ပစ်ခတ်ခဲ့ ရာ ခြောက်ခုမှာ ကွင်းပြင်ထဲသို့ ကျသွားပြီး နှစ်ခုကို ဒုံးခွင်းစနစ်ဖြင့် ကာကွယ်နိုင်ခဲ့ကြောင်း ပါရှိသည်။

၂၄ နာရီ ထပ်မံသက်တမ်းတိုးထားသည့် အပစ်အခတ်ရပ်စဲရေးကာလ မကုန်ဆုံးမီ နာရီများစွာအလိုက ပင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး ကိုင်ရို တွင် ဆွေးနွေးလျက်ရှိသည့် မိမိတို့လူများကို အစ္စရေးတို့က ပြန်လည်ခေါ်ယူခဲ့ပြီး ဂါဇာဒေသရှိ နေရာ ၁၀ ခုကို လေကြောင်းမှ တိုက်ခိုက် ခဲ့ကြောင်း အစ္စရေးစစ် တပ်ရေဒီယိုမှ ကြေညာခဲ့သည်။ 

Ref:AFP
Mizzima - News in Burmese
သြဂုတ်၁၉ ရက်က ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးနှင့် ပါလက်စတိုင်းတို့ ပစ်ခတ်မှုများ ပြန်လည် ဖြစ် သွား ခဲ့သောကြောင့် အီဂျစ်နိုင်ငံ မြို့တော်ကိုင်ရို တွင် ပြုလုပ်လျက်ရှိသည့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေး ပွဲကို ရပ်ဆိုင်းထားရကြောင်း သိရသည်။

အစိုးရကို အယုံအကြည်မရှိကြောင်း ဆန္ဒပြမှုဖြင့် မြို့နယ်ကိုးခုမှ ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခံထားရသည့် ကိုထင်ကျော်အား ဒဂုံဆိပ်ကမ်းတရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ် ထပ်မံ အမိန့်ချ

 Photo: အစိုးရကို အယုံအကြည်မရှိကြောင်း ဆန္ဒပြမှုဖြင့် မြို့နယ်ကိုးခုမှ ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခံထားရသည့် ကိုထင်ကျော်အား ဒဂုံဆိပ်ကမ်းတရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ် ထပ်မံ အမိန့်ချ
Wednesday, August 20, 2014

ပြည်ထောင်စုအစိုးရအား အယုံအကြည်မရှိကြောင်း ဆန္ဒပြမှုဖြင့် မြို့နယ်ကိုးမြို့နယ်မှ ထောင်ဒဏ်ပေါင်း ခုနစ်နှစ်ချမှတ်ခံထားရသည့် ကိုထင်ကျော်အား ဩဂုတ် ၁၉ ရက်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်တရားရုံးက ပုဒ်မ ၅ဝ၅ (ခ) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ် ထပ်မံ ချမှတ်လိုက်ကြောင်း သိရသည်။

၂ဝ၁၄ ခုနှစ် ဧပြီ ၂၅ ရက် ညနေပိုင်းတွင် ဒဂုံဆိပ်ကမ်းမြို့နယ်၌ ဒီမိုကရေစီစဉ်ဆက်မပြတ် လှုပ်ရှားမှုအင်အားစုမှ ကိုထင်ကျော်သည် ပြည်ထောင်စုအစိုးရအား အယုံအကြည်မရှိကြောင်း ပြည်သူသာလျှင် အရှင်သခင်ဖြစ်ကြောင်းကို ဆန္ဒပြဟောပြောခဲ့ပြီး လက်ကမ်းစာစောင်ဝေငှမှုဖြင့် ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) ဖြင့် တရားစွဲဆိုခဲ့သည်။ ထို့နောက် ကိုထင်ကျော်အား ဒဂုံဆိပ်ကမ်းမြို့ နယ်တရားရုံးမှ ရုံးတင်စစ်ဆေးကာ ကိုးကြိမ်မြောက်ရုံးချိန်းတွင် ယခုလို အမိန့်ချမှတ်ခြင်း ဖြစ်သည်။

“ခွင့်ပြုမိန့်မယူဘဲ ဆန္ဒထုတ်ဖော်လို့ တရားစွဲထောင်ချတာကို လက်ခံတယ်။ ဒါပေမဲ့ခုလို မြို့နယ်တစ်ခုချင်းက တရားစွဲထောင်ချတာကိုတော့ လက်မခံနိုင်ဘူး။ ဖြစ်လည်းမဖြစ်သင့်ဘူး။ ကျွန်တော်တို့အနေနဲ့ကတော့ ဆက်လက်ပြီး ပြည်သူတွေအလိုမရှိတဲ့ အစိုးရကို နုတ်ထွက်ပေးဖို့ ဆန္ဒပြတောင်းဆိုနေဦးမှာ ပါ”ဟု  MDCF အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

အမိန့်ချမှတ်ပြီးနောက် တရားရုံးမှ ပြန်ထွက်လာစဉ် ကိုထင်ကျော်နှင့် သူ၏အဖွဲ့က အာဏာရှင်အစိုးရအား ဆန့်ကျင်သည့်အနေဖြင့် လက်သုံးချောင်းထောင်ကာ ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

လက်ရှိတွင် ကိုထင်ကျော်အား နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) ဖြင့် တောင်ဥက္ကလာပမြို့နယ်တရားရုံးက အလုပ် ကြမ်းနှင့် ထောင်ဒဏ်ခြောက်လ၊ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်တရားရုံးက အလုပ်ကြမ်း နှင့်ထောင်ဒဏ် တစ်နှစ်၊ ဒဂုံမြို့သစ်အရှေ့ ပိုင်းမြို့နယ် တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ်၊ ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်တရားရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ် တစ်နှစ်၊ သင်္ဃန်းကျွန်းမြို့နယ်တရားရုံးမှ အလုပ်ကြမ်းနှင့်ထောင်ဒဏ် တစ်နှစ်၊ မရမ်းကုန်းမြို့နယ်တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ်နှင့် လှိုင်သာယာမြို့နယ်တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်နှစ်အပြင် ယခု ဒဂုံဆိပ်ကမ်းမြို့နယ်ကလည်း အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်နှစ် ချမှတ်ခဲ့ခြင်းကြောင့် ပုဒ်မ ၅ဝ၅ (ခ) ဖြင့် စုစုပေါင်း ထောင်ဒဏ် ခုနစ်နှစ်နှင် ခြောက်လ ချမှတ်ထားကြောင်း သိရသည်။

  ယင်းအပြင် ပုဒ်မ ၅ဝ၅ (ခ) ဖြင့်  မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ ကျောက်တံတားမြို့နယ်တွင်လည်း အမှုရင်ဆိုင်နေရကြောင်း သိရသည်။

ထို့ပြင် ကိုထင်ကျော်အား ငြိမ်းစုစီပုဒ်မ (၁၈) ဖြင့်လည်း ကျောက်တံတားမြို့နယ်တ ရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် သုံးလ ကိုလည်းကောင်း၊ ဗဟန်းမြို့နယ်တရားရုံးမှ ထောင်ဒဏ်သုံးလတို့ ချမှတ်ထားပြီး  ပုဒ်မ (၁၈) ဖြင့် စုစုပေါင်းထောင်ဒဏ် ခြောက်လ ချမှတ်ထားပြီးဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ကိုထင်ကျော်အား ပြစ်ဒဏ်စုစုပေါင်း ထောင်ဒဏ်ရှစ်နှစ် ချမှတ်ထားပြီးဖြစ်ကြောင်း သိရသည်။

Eleven Media Group 

အမိန့်ချမှတ်ခံရပြီးနောက် တရားရုံးမှ ပြန်ထွက်လာသည့် ကိုထင်ကျော် အား တွေ့ရ စဉ်(ဓာတ်ပုံ-အောင်ကျော်ထက်)
အမိန့်ချမှတ်ခံရပြီးနောက် တရားရုံးမှပြန်ထွက်လာသည့် ကိုထင်ကျော်အား တွေ့ရစဉ်(ဓာတ်ပုံ -အောင်ကျော်ထက်)
ပြည်ထောင်စုအစိုးရအား အယုံအကြည်မရှိကြောင်း ဆန္ဒပြမှုဖြင့် မြို့နယ်ကိုးမြို့နယ်မှ ထောင်ဒဏ်ပေါင်း ခုနစ်နှစ်ချမှတ်ခံထားရသည့် ကိုထင်ကျော်အား ဩဂုတ် ၁၉ ရက်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်တရားရုံးက ပုဒ်မ ၅ဝ၅ (ခ) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ် ထပ်မံ ချမှတ်လိုက်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က ဖမ်းမမိသေးသော တရားခံပြေး တစ်သောင်းကျော်အနက် လူသတ်မှု၊ မုဒိမ်းမှုနှင့် ခိုးမှုဖြစ်စဉ်များမှ တရားခံပြေး ၁၄၇ ဦးကို နှစ်လအတွင်း ပြန်လည်ဖမ်းဆီးရမိ

Photo: ရဲတပ်ဖွဲ့က ဖမ်းမမိသေးသော တရားခံပြေး တစ်သောင်းကျော်အနက် လူသတ်မှု၊ မုဒိမ်းမှုနှင့် ခိုးမှုဖြစ်စဉ်များမှ တရားခံပြေး ၁၄၇ ဦးကို နှစ်လအတွင်း ပြန်လည်ဖမ်းဆီးရမိ
Wednesday, August 20, 2014

ပြည်တွင်း၌ ပြစ်မှုအမျိုးမျိုးကျူးလွန်ကာ ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံပြေး တစ်သောင်းကျော်အနက် ၁၄၇ ဦးကို နှစ်လအတွင်း ပြန်လည်ဖမ်းဆီးရ မိ ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် မှုခင်းဌာနမှ ဩဂုတ် ၁၉ ရက် နံနက်ပိုင်းတွင် စုံစမ်းသိရှိရသည်။
 
ယင်းကဲ့သို့ ပြန်လည်ဖမ်းမိခဲ့သည့် တရားခံပြေး ၁၄၇ ဦးမှာ လူသတ်မှု၊ မုဒိမ်းမှု နှင့် ခိုးမှုဖြစ်စဉ်များကို ကျူးလွန်ခဲ့သူများဖြစ်ကြောင်း သိရသည်။
 
ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတို့မှ လွတ်မြောက်နေသော တရားခံပြေးများကို အမြန်ဆုံးပြန်လည်ဖမ်းဆီးရမိရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်ရုံးမှ စီမံချက်ချမှတ်ကာ ရဲတပ်ဖွဲ့မှူးများအား ထိထိရောက်ရောက် ဆောင်ရွက်ရန် ညွှန်ကြားမှုများပြုလုပ်လျက်ရှိနေကြောင်း သိရသည်။
 
လွတ်မြောက်နေသော တရာခံပြေးတစ်သောင်းကျော်အနက် ၂ဝ၁၄ ခုနှစ် ဇွန်လအတွင်း တရားခံပြေး ၆၉ ဦးနှင့် ဇူလိုင်လ အတွင်း ၇၈ ဦးအား ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
 
“လွတ်မြောက်နေတဲ့ တရားခံပြေးတွေ ကို သီးခြားစီမံချက်ချမှတ်ပြီး ဆောင် ရွက်နေ တယ်။ ဒါ့အပြင် အမြန်ဆုံးဖမ်းဆီးရမိဖို့ အဲဒီတရားခံပြေးတွေရဲ့ ဓာတ်ပုံတွေနဲ့ ကိုယ်ရေးအချက်အလက်အချို့တွေကို မြန်မာအသံ နဲ့ ရုပ်မြင်သံကြား၊ အခြားရုပ်သံတွေကနေ ပြည်သူတွေ သိအောင်ကြော်ငြာ ဖို့ ဆောင်ရွက်တဲ့အခါမှာ ရှေ့နေချုပ်ရုံးက လူအခွင့်အရေးထိခိုက်တယ် ဆိုပြီး ပြန်လာတယ်။ ကျွန်တော်တို့အနေနဲ့က တရားခံပြေးတွေကို လျှို့ဝှက်ဖမ်းဆီးနေရသလိုဖြစ်နေတယ်။ ဒီလူတွေက တရားခံပြေးဖြစ်တယ်ဆိုတာကို ပြည်သူတွေကို ချပြနိုင်မှ ဖမ်းဆီးနိုင်မှုက ဒီထက်ပိုများလာနိုင်မှာပါ။ တချို့တရားခံပြေးတွေဆိုရင် တခြားဒေသတွေမှာ နာမည်ပြောင်းပြီးတော့ နေကြတာတွေရှိတယ်။ ပြည်သူက သတင်းပေးဖို့၊ ဖမ်းဆီးပေးဖို့ဆိုတာက ဘယ်သူတွေ က တရားခံပြေးဖြစ်တယ်ဆိုတာ ပြည်သူတွေသိဖို့ လိုပါတယ်။ အခု အဲဒီတရားခံပြေးတွေကို ဖမ်းဆီးနေတဲ့အခြေအနေတွေကတော့ ထင်သလောက် မအောင်မြင်သေးပါဘူး” ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ မှုခင်းဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒုတိယရဲမှူးကြီး ဝင်းစိန်က ဩဂုတ် ၁၉ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။
 
တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကြည်လင်းက “ကျွန်တော်ရဲ့ဒေသကြီးအတွင်းမှာ တရားခံပြေးအဖြစ် စာရင်းရှိတဲ့သူတွေကိုရော၊ စာရင်းမရှိတဲ့သူတွေကိုရော ဖမ်းဆီးမှုတွေလုပ်နေတယ်။ စခန်းအလိုက် ကိုယ့်ရဲ့ဧရိယာကို လွှမ်းခြုံမှုရှိအောင် ဆောင်ရွက်နေတဲ့အပြင် ပြည်သူလူထုကိုအားပြုပြီး ဂရုစိုက်ဆောင်ရွက်နေတယ်။ မှုခင်းကျဆင်းရေးလုပ်ငန်းမှာ အဲဒီတရားခံပြေးတွေကို ဖမ်းဆီးနိုင်ဖို့က အရေးပါတယ်” ဟု ပြောကြားသည်။
 
ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသူများအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု၊ ကိုယ်ချင်းစာစိတ်ထားရှိပြီး နိုင်ငံကြီးသားပီသရန်လိုအပ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ထွေးက ဩဂုတ် ၁၉ ရက်တွင် ပြောကြားသည်။
 
မြန်မာနိုင်ငံတွင် တရားခံလေးမျိုးရှိသည့်အနက် မိမိရဲစခန်းမှအလိုရှိသော ပြန်တမ်းဝင်တရားခံပြေး၊ အခြားရဲစခန်းများမှ အလိုရှိသော ပြန်တမ်းဝင်တရားခံပြေး၊ မိမိရဲစခန်းမှအလိုရှိသော ပြန်တမ်းမဝင်တရားခံပြေးနှင့် အခြားရဲစခန်းများမှအလိုရှိသော ပြန်တမ်းမဝင် တရားခံပြေးဟူ၍ ရှိကြောင်း၊ အဆိုပါလေးမျိုးတွင် ၁၉၈၆ ခုနှစ်မှ ၂ဝ၁၄ ခုနှစ် ဇွန်လကုန်အထိ ပြန်တမ်းဝင်တရားခံပြေး ၉၁ဝ ယောက်၊ ပြန်တမ်းမဝင်တရားခံ ပြေး ၁၂၄၉၄ ယောက် စုစုပေါင်း ၁၃၄ဝ၄ ဖြစ်ကြောင်း သိရသည်။
 
Eleven Media Group 

ရန်ကုန်မြို့လယ်၌ လုံခြုံရေးဆောင်ရွက်နေသူအချို့ကို ၂၀၁၄ ခုနှစ် ဇူလိုင်လ အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
ရန်ကုန်မြို့လယ်၌ လုံခြုံရေးဆောင်ရွက်နေသူအချို့ကို ၂၀၁၄ ခုနှစ် ဇူလိုင်လအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ -အောင်မျိုးသန့်)
ပြည်တွင်း၌ ပြစ်မှုအမျိုးမျိုးကျူးလွန်ကာ ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံပြေး တစ်သောင်းကျော်အနက် ၁၄၇ ဦးကို နှစ်လအတွင်း ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် မှုခင်းဌာနမှ ဩဂုတ် ၁၉ ရက် နံနက်ပိုင်းတွင် စုံစမ်းသိရှိရသည်။

အမျိုးသားပညာရေး ဥပဒေကြမ်းအား ဗဟိုချုပ်ကိုင်မှုများနေခြင်း၊ ကျောင်းသား သမဂ္ဂများ ဖွဲ့စည်းခွင့်မရှိခြင်းနှင့် အခမဲ့မသင်မနေရ အလယ်တန်းပညာရေး မရှိခြင်းတို့ အပါအ၀င် အချက်များစွာဖြင့် NNER ကန့်ကွက်

ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုထားပြီးဖြစ်သည့် အမျိုးသားပညာရေး ဥပဒေကြမ်းအား ဗဟိုဦးစီး ချုပ်ကိုင်မှု များနေခြင်း၊ ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းခွင့်မရှိခြင်းနှင့် အခမဲ့မသင်မနေရ အလယ်တန်း ပညာရေးစနစ် မရှိခြင်းတို့ အပါအ၀င် အချက်များစွာဖြင့် NNER (National Network for Educational Reform) က ကန့်ကွက်လိုက်သည်။

တရုတ်နိုင်ငံမှတင်သွင်းသည့် ဟင်းချက်ဆီများတွင် အရည်အသွေးသတ်မှတ်ချက် မပြည့်မီခြင်းနှင့် မြေပဲဆီဟုဖော်ပြထားသည့် ဆီအချို့တွင် ဆီအရောများပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိ

Photo: တရုတ်နိုင်ငံမှတင်သွင်းသည့် ဟင်းချက်ဆီများတွင် အရည်အသွေးသတ်မှတ်ချက် မပြည့်မီခြင်းနှင့် မြေပဲဆီဟုဖော်ပြထားသည့် ဆီအချို့တွင် ဆီအရောများပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိ
Wednesday, August 20, 2014

တရုတ်နိုင်ငံမှ တင်သွင်းသည့် ဟင်းချက်ဆီများကို မြန်မာနိုင်ငံအစား အသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနမှ စစ်ဆေးခဲ့ရာ အရည်အသွေး သတ်မှတ်ချက် မပြည့်မီခြင်း၊ မြေပဲဆီ ဟုဖော်ပြထားသည့် ဆီအချို့ တွင် မြေပဲဆီအရောများပါဝင်နေကြောင်းကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
 
ဧပြီလအတွင်းက မန္တလေး၊ လားရှိုး၊ မူဆယ်မြို့ဈေးများအတွင်း ရောင်းချနေသည့် စားသုံးဆီ၊ အသင့်စားသရေစာမုန့်များအပါအဝင် စားသောက်ကုန်ပစ္စည်းများ နမူနာကောက်ယူစစ်ဆေးခဲ့ပြီး လားရှိုးမြို့ရှိ တရုတ်နိုင်ငံမှတင်သွင်းသည့် ဟင်းချက်ဆီများကို အစားအသောက်နှင့် ဆေးဝါးများကို ဈေးကွက် နမူနာကောက်ယူ၍ စစ်ဆေးခဲ့ရာ စားသုံးဆီ နမူနာ ၂၄ မျိုးအနက် လေးမျိုးမှာ စားအုန်းဆီ အတွက် တင်သွင်းခွင့်ပြု အရည်အသွေးသတ်မှတ်ချက် မပြည့်မီခြင်း၊ မြေပဲဆီဟုဖော်ပြထားသည့် ဆီအချို့၌လည်း မြေပဲဆီ အရောများဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
 
ထို့ပြင် အစားအသောက်နမူနာ ၃၈ မျိုးအနက် ရွှေဝါဝင်းအမှတ်တံဆိပ် ငရုတ်သီးအရောင်တင်မှုန့်၌ အစားအသောက်တွင် သုံးစွဲရန်ခွင့်မပြုသော ဆိုးဆေးများပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
 
စစ်ဆေးရာတွင် မြို့သုံးမြို့အတွင်း ရောင်းချနေသည့် စားသောက်ကုန်ပစ္စည်းများကို နမူနာပစ္စည်းရယူ၍ စစ်ဆေးခဲ့ခြင်းဖြစ်ပြီး နယ်စပ်ဂိတ်များမှ ဝင်နေသည့် တရုတ်နိုင်ငံထုတ် သရေစာမုန့်များကိုလည်း ခွင့်မပြုဆိုး ဆေးနှင့်မှိုများ ပါဝင်မှုရှိ၊ မရှိ၊ စားသုံးရန် သင့်၊ မသင့်ကိုပါ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းတွင် FDA မှ ဌာနခွဲဖွင့်လှစ်ထားပြီး ယင်းဌာနတွင် ဓာတ်ခွဲခန်းငယ် (Mini Lab Laboratory) ထားရှိကာ နယ်စပ်မှဝင်လာသည့် စားသောက်ကုန်ပစ္စည်း အချို့ကို စတင်စစ်ဆေးလျက်ရှိကြောင်း၊ FDA  အနေဖြင့် နယ်စပ်ကုန်သွယ်ရေးစခန်းအားလုံးတွင် Mini Lab Laboratory များကို ဖွင့်လှစ်ရန်စီစဉ်ထားကြောင်းလည်း သိရသည်။
 
ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ နယ်စပ်ကုန်သွယ်ရေးစခန်းအားလုံးတွင် Mini Lab Laboratory များကို ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း၊ FDA အနေဖြင့် ကုန်သွယ်မှုတိုးမြှင့်ရန် ကုန်သည်လုပ်ငန်းရှင်များ လွယ်ကူလျင်မြန်စွာဆောင်ရွက်နိုင်ရေးနှင့် ကုန်ကျစရိတ်သက်သာရေးအတွက်လည်းကောင်း၊ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ လွယ်ကူချောမွေ့စေရန်အတွက်လည်းကောင်း၊ နယ်စပ်မှ တရားဝင်တင်သွင်းလာသော အစားအသောက်များကို ယုံကြည်စိတ်ချစွာ စားသုံးနိုင်ရန်အတွက်လည်းကောင်း၊ နယ်စပ်တွင်သုံးစွဲနေသော ဆေးဝါးများ စစ်မှန်မှု ရှိ၊ မရှိနှင့် အရည်အသွေးပြည့်မီမှု ရှိ၊ မရှိ စစ်ဆေးနိုင်ရန် အတွက်ရည်ရွယ်၍ နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် ဓာတ်ခွဲခန်းငယ်များ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။ 

Eleven Media Group 

ဈေးတစ်ခုအတွင်း လက်လီရောင်းချနေသည့် စားသုံးဆီများအား တွေ့ရစဉ် (ဓာတ်ပုံ - အောင်မျိုးသန့်)
ဈေးတစ်ခုအတွင်း လက်လီရောင်းချနေသည့် စားသုံးဆီများအား တွေ့ရစဉ် (ဓာတ်ပုံ - အောင်မျိုးသန့်)
တရုတ်နိုင်ငံမှ တင်သွင်းသည့် ဟင်းချက်ဆီများကို မြန်မာနိုင်ငံအစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီး ဌာနမှ စစ်ဆေးခဲ့ရာ အရည်အသွေးသတ်မှတ်ချက် မပြည့်မီခြင်း၊ မြေပဲဆီ ဟုဖော်ပြထားသည့် ဆီ အချို့တွင် မြေပဲဆီအရောများပါဝင်နေကြောင်းကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။