Wednesday 30 March 2016

"အီဂျစ်လေယာဉ်အပိုင်စီးသူ အကြမ်းဖက်ရန် ရည်ရွယ်ချက် မရှိနိုင်ဟုဆို"


အီဂျစ် ခရီးသည်တင် လေယာဉ်ကို အပိုင်စီးထားသည့် အမျိုးသားသည် အကြမ်းဖက်မှု ရည်ရွယ်ချက်မျိုး မရှိနိုင်ကြောင်း ဆိုက်ပရပ်စ် အစိုးရက ပြောကြားခဲ့သည်။ အီဂျစ်လေကြောင်းပိုင် MS181ကို အပိုင်စီးကာ ဆိုက်ပရပ်စ်သို့ လမ်းကြောင်းပြောင်း ဆင်းသက်စေခဲ့သည့် အီဂျစ်အမျိုးသားသည် ခရီးသည် အများစုနှင့် အနည်းဆုံး လေယာဉ်ဝန်ထမ်း အမျိုးသမီးတစ်ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ဖြစ်သည်။
လတ်တလောတွင် နိုင်ငံခြားသား လေးဦးနှင့် လေယာဉ် အမှုထမ်းအချို့ကို ဆက်လက် ထိန်းသိမ်းထားသည့် ပြန်ပေးသမားက ၎င်း၏ ဇနီးဟောင်းဖြစ်သူ ဆိုက်ပရပ်စ် နိုင်ငံသူ အမျိုးသမီးကို ခေါ်ပေးရန် အာဏာပိုင်များကို တောင်းဆိုထားကြောင်း သိရသည်။
အဆိုပါ အမျိုးသမီးသည် လေယာဉ်ရှိနေသည့် လန်ကာရာ လေဆိပ်သို့ လာရောက်နေပြီ ဖြစ်သည်။ ဆိုက်ပရပ်စ် သမ္မတ နစ်ကော့စ် အနာစတက်ရှာဒက်စ်က ယခုပြန်ပေးမှုသည် အကြမ်းဖက် တိုက်ခိုက်မှု မဟုတ်ဟု ပြောကြားခဲ့သည်။ အမျိုးသမီးများနှင့် ကလေးငယ်များ အပါအဝင် ခရီးသည် အများအပြား ပြန်ဆင်းလာပြီ ဖြစ်သော်လည်း လေယာဉ်ပေါ်တွင် လူအရေအတွက် မည်မျှ ကျန်နေသေးသည်ကို တိတိကျကျ မသိရသေးဟုလည်း သတင်းများက ဖော်ပြထားသည်။
Ref: Guardian

1 comment:

  1. What is a casino? - DrmCd
    How many 안성 출장마사지 people can use a slot machine? The casino 인천광역 출장안마 games are 광명 출장마사지 simple to play, and they can be played with a slot machine or table for free. 영주 출장마사지 It's 먹튀 커뮤니티 the way it

    ReplyDelete