Monday 7 December 2015

နိုင်ငံတကာရွှေဈေးနှုန်းပြန်လည် မြင့်တက်မှုကြောင့် ပြည်တွင်း ရွှေဈေးနှုန်း ကျပ်တစ်သောင်းကျော် လိုက်ပါမြင့်တက်

ဈေးကွက်အတွင်းရောင်းချနေသည့် လက်ဝတ်ရတနာ များအား တွေ့ရစဉ် Photo: DT
နိုင်ငံတကာ ရွှေဈေးနှုန်း ပြန်လည်မြင့် တက်မှု ကြောင့် ပြည်တွင်းရွှေဈေးနှုန်းကျပ် တစ်သောင်းကျော်ပြန်လည်မြင့် တက် ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ရွှေလုပ်ငန်းရှင်များအသိုင်း အဝိုင်းမှသိရသည်။ ယခင် နိုဝင်ဘာလ နောက်ဆုံးပတ်အတွင်း ကမ္ဘာ့ရွှေဈေး ကွက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၀၅၀ ဝန်းကျင် မှ ယခုဒီဇင်ဘာလပထမပတ်တွင် အမေရိကန် ဒေါ်လာ ၁၀၈၆ နီးပါး သို့မြင့်တက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ် ငန်းရှင်အသင်းအတွင်းရေးမှူး ဦး ဝင်းမြင့်က '' နိုင်ငံတကာရွှေဈေးက တစ်အောင်စကို ၂၅ ဒေါ်လာ လောက် တက်သွားတယ်။ အဲဒါကြောင့် ပြည် တွင်းဈေးကွက်မှာလည်း ကျပ်တစ် သောင်းကျော်လောက်ပြန်တက် သွားတယ်'' ဟု ဆိုသည်။

လက်ရှိပြည်တွင်းရွှေဈေးနှုန်း မှာ အကယ်ဒမီရွှေတစ်ကျပ်သား လျှင် ကျပ် ၇၄၆၃၀၀ သို့ ရောက်ရှိ နေပြီး ယခင်အပတ်အတွင်း အကယ် ဒမီရွှေတစ်ကျပ်သားလျှင် ကျပ် ၇၃၀၀၀၀ ဝန်းကျင်သာရှိခဲ့ကြောင်း သိရသည်။

တိတ်စိန်ရွှေဆိုင်မှ ဦးဇော် ဇော်အောင်က''ဈေးတက်ပေမယ့် အရောင်းအဝယ်ကတော့ ပုံမှန်ရှိပါ တယ်။ ဒီအချိန်ကတော့ နှစ်စဉ် အ ရောင်းအဝယ်ကောင်းလေ့ရှိတယ်။ ပြည်တွင်းဒေါ်လာဈေးကကျနေ တယ်ဆိုပေမယ့် အပြောင်းအလဲက နည်းတော့ ရွှေဈေးကွက်အပေါ် သက် ရောက်မှုမရှိဘူးဖြစ်နေတယ်။ ကမ္ဘာ့ဈေးက သိသိသာသာတက် တယ်''ဟု ဆိုသည်။

ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲ နှုန်းသည် အမေရိကန်တစ်ဒေါ် လာလျှင် မြန် မာငွေကျပ် ၁၃၀၀ မှ ယခုဒီဇင်ဘာလပထမပတ်အတွင်း ကျပ် ၁၂၉၅ သို့ကျဆင်းခဲ့ပြီး ပြင်ပ ဈေးကွက်အတွင်း အမေရိကန် တစ်ဒေါ်လာလျှင် ဝယ်ဈေး ကျပ် ၁၂၈၆၊ ရောင်းဈေး ကျပ် ၁၂၉၀ ဖြစ် ကြောင်း သိရသည်။

Democracytoday

No comments:

Post a Comment