Monday 7 December 2015

အလောင်းတော်ကဿပ ဘုရားဖူးခရီးသည်တင်ယာဉ်များ ဒီဇင်ဘာ နောက်ဆုံးပတ်အတွင်း ပြေးဆွဲမည်

အလောင်းတော်ကဿပတွင် ရွှေသင်္ကန်းကပ်လှူပူဇော်နေကြသူများ (ဓာတ်ပုံ − 7Day)
မိုးရာသီတွင် ရပ်နားထားခဲ့ သော မုံရွာမှအလောင်းတော် က ဿပသို့ပြေးဆွဲသည့် ဘုရားဖူး ခရီးသည်တင် ယာဉ်လိုင်းများ ဒီဇင်ဘာ နောက်ဆုံးပတ်အတွင်း ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အလောင်းတော်ကဿပရာ သီလမ်းသည် မုံရွာမှ ကပိုင်ကျေး ရွာအထိ ၂၁ မိုင် မြေပြန့်လမ်း၊ ကပိုင်ကျေးရွာမှ အလောင်းတော် ကဿပအထိ ၂၁ မိုင် တောင် တက်တောင်ဆင်း မြေသားလမ်း များဖြစ်သည်။

အလောင်းတော် ကဿပ ဘုရားသို့သွားသည့် တောင်တက်တောင်ဆင်း လမ်းပိုင်း၌ မြေသား မတည်ငြိမ်မှုများကြောင့် မိုးရာသီတွင် လမ်းများ ပျက်စီးလေ့ရှိသဖြင့် နှစ်စဉ်ဧပြီမှ ဒီဇင်ဘာလဆန်းအထိ အလောင်းတော်ကဿပ ဘုရားဖူး ရာသီလမ်းကိုယာဉ်များသွားလာခွင့်မပြုဘဲ ပိတ်ထားလေ့ရှိသည်။

‘‘အလောင်းတော်ကဿပ ရာသီလမ်း ဖောက်လုပ်နေတာ နောက်ဆယ်ရက်လောက်ဆိုရင် ပြီးပြီ။ အခု ရာသီလမ်းဖောက်လုပ် နေတာ ကပိုင်ရွာနဲ့ အလောင်း တော်ကဿပ အကြား နတ်ထိပ် တောင်ကျော်သွားပြီ။ ဒီဇင်ဘာ နောက်ဆုံးပတ်ဆိုရင် ဘုရားဖူး ကားတွေ သွားလို့ရပြီ’’ဟု မုံရွာ- အလောင်းတော်ကဿပ ဦးညို ၀င်းနှင့် ရောင်းရင်းများ ဘုရားဖူး ပို့ဆောင်ရေးမှ ဦးညိုဝင်းက ပြော သည်။

အလောင်းတော် ကဿပ ဘုရား ထိန်းသိမ်းစောင့်ရှောက် ရေး ဂေါပကအဖွဲ့နှင့် အလောင်း တော်ကဿပအမျိုးသားဥယျာဉ် ထိန်းသိမ်းရေးအဖွဲ့တို့ ပူးပေါင်း၍ နိုဝင်ဘာလကုန်ရက်ပိုင်းမှစတင် ကာ အလောင်းတော် ကဿပရာသီလမ်း ဖောက်လုပ်ခြင်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ယခု အခါ ကပိုင်ကျေးရွာမှ အလောင်း တော်ကဿပလမ်းပိုင်း ဖောက် လုပ်မှုမှာ ၅၀ ရာခိုင်နှုန်းခန့် ပြီးစီး နေပြီဖြစ်ကြောင်း ယင်းမာပင် မြို့နယ် စည်ပင်သာယာရေးကော် မတီ တာဝန်ရှိသူများထံမှ သိရ သည်။

‘‘အရင်နှစ်တွေတုန်းကကိုယ် ပိုင်ဘုရားဖူးယာဉ်တွေက ယာဉ် ကြံ့ခိုင်မှုအားနည်းတာ၊ ခရီးသည် ဦးရေများတာနဲ့ ယာဉ်မောင်းမ ကျွမ်းကျင်တာတွေကြောင့် ယာဉ် မတော်တဆမှုတွေ ဖြစ်ခဲ့တဲ့ အ တွက် အနယ်နယ်အရပ်ရပ်က ဘု ရားဖူးကားတွေ မုံရွာမှာထားပြီး အလောင်းတော်ကဿပသီးသန့် ဘုရားဖူးယာဉ်လိုင်းတွေနဲ့ သွား ကြတာများတယ်’’ ဟု မုံရွာ-အ လောင်းတော်ကဿပဘုရားဖူးပို့ ဆောင်ရေးအဖွဲ့ ယာဉ်မောင်းတစ် ဦးကပြောသည်။

မုံရွာမြို့ အခြေပြု၍ အ လောင်းတော်ကဿပ ဘုရားဖူးရာသီတွင် ဘုရားဖူး ခရီးစဉ်များအဖြစ် အောင်ကမ္ဘာ ခရီးသည်ပို့ ဆောင်ရေး၊ ဦးညိုဝင်းနှင့်ရောင်း ရင်းများ၊ မင်းသိန်းနှင့်ရောင်းရင်း များ၊ ညိုညိုဝင်းနှင့်ရောင်းရင်းများ စသည့် ဘုရားဖူးယာဉ်လိုင်းများက ဘုရားဖူးခရီးသည်အပေါ်မူတည် ကာ နေ့စဉ် ပြေးဆွဲပေးမည်ဖြစ် သည်။

7Day Daily

No comments:

Post a Comment