Monday 7 December 2015

မိန်းကလေးနှစ်ဦးကို ပြည့်တန်ဆာအဖြစ် ရောင်းချခဲ့သူ ခြောက်ဦးဖမ်းမိ

ပြည်မြို့ရှိ အခြေအနေမဲ့ မိန်းကလေးနှစ်ဦးကို ပြည့်တန် ဆာအဖြစ် ရောင်းချလုပ်ကိုင်စေ သူခြောက်ဦးအား လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း ပြည်မြို့မရဲစခန်းမှ သတင်းရရှိ သည်။
ပြည့်တန်ဆာအဖြစ် ရောင်း ချလုပ်ကိုင်စေခိုင်းခံရသော မိန်း ကလေးနှစ်ဦးသည် အသက်(၁၅) နှစ်သာရှိပြီး လမ်းဘေးတွင် အ ခြေအနေမဲ့နေထိုင်သူများ ဖြစ်ကြ သည်။ ၎င်းတို့နှစ်ဦးသည် ပြီးခဲ့ သည့်မေလမှစတင်ကာ အုပ်ထိန်း သူမိဘများထံမှ ပျောက်ဆုံးသွားခဲ့ပြီး ပြည်မြို့မရဲခစန်းတွင် လူ ပျောက်မှုဖြင့် အမှုဖွင့်ထားကြောင်းသိရသည်။

အဆိုပါ မိန်းကလေးနှစ်ဦး အနက်တစ်ဦးသည် ဒီဇင်ဘာလ ဆန်းတွင် မိဘများထံ ပြန်လည် ရောက်ရှိလာပြီး ၎င်းတို့နှစ်ဦးအား ချောက်မြို့နယ်ရှိ နေအိမ်တစ် အိမ်တွင် အဓမ္မပြည့်တန်ဆာအ ဖြစ် လုပ်ကိုင်ရန်၊ ရောင်းချခံရကြောင်း မိခင်ဖြစ်သူအားပြောပြခဲ့သည်။ ယင်းနောက် မြို့မရဲစခန်းသို့ မိခင်ဖြစ်သူကတိုင် ကြားသဖြင့် ပြည့်တန်ဆာအဖြစ် ရောင်းချလုပ်ကိုင်စေသူများကို ဖမ်းဆီးကာ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အမှုဖွင့်အရေးယူခဲ့ခြင်းဖြစ် သည်။

‘‘အခုလက်ရှိက စားပွဲထိုး လုပ်ရမယ်ဆိုပြီး ပြည့်တန်ဆာအ ဖြစ် ရောင်းချသွားတဲ့ ပြည်မြို့က အမျိုးသားနှစ်ဦးရယ်၊ ချောက်မြို့ နယ်က ပြည့်တန်ဆာအဖြစ် စေ ခိုင်းသူ လင်မယားစုံတွဲနှစ်တွဲရယ်၊ စုစုပေါင်းခြောက်ဦး ဖမ်းဆီးရမိ ထားပါပြီ။ ဆက်လက်ပြီး ကွင်း ဆက်တရားခံ တောအုပ်ဆိတ်ခြံ ထဲက လင်မယားစုံတွဲတစ်တွဲကို ဖမ်းမိဖို့ ဆောင်ရွက်နေပါတယ်’’ ဟု ပြည်မြို့မ ရဲတပ်ဖွဲ့မှ ရဲစခန်း မှူးက ပြောသည်။

ပြီးခဲ့သည့် မေလအတွင်းက ၎င်းမိန်းကလေးနှစ်ဦးကို ချောက် မြို့တွင် စားပွဲထိုးအလုပ်ရမည်ဟု ဆိုကာ ပြည်မြို့နေ မြင့်ကြိုင်နှင့် ခိုင်ဘွားအောင်တို့က ချောက်မြို့ ရှိ မမြတ်နိုးနှင့်ခင်ပွန်းထံသို့ တစ် ဦးလျှင် ကျပ်တစ်သိန်းခွဲဖြင့် ရောင်းချခဲ့ခြင်းဖြစ်သည်။

အဆိုပါမိန်းကလေးနှစ်ဦး သည် ချောက်မြို့ရှိ မမြတ်နိုးနေ ထိုင်ရာဘေးရှိ နေအိမ်တစ်လုံး တွင် ထမင်းချက်အမျိုးသမီးကြီး လင်မယား၏ ချုပ်ချယ်မှုအောက် တွင်နေရကာ ပြည့်တန်ဆာအ လုပ်ကို လုပ်ကိုင်ရခြင်း၊ တော အုပ်တစ်ခုအတွင်းရှိ အမည်မသိ လင်မယားနှစ်ဦး၏နေအိမ်တွင် လည်း ပြည့်တန်ဆာအလုပ်ကို လုပ်ကိုင်ရခြင်းများရှိခဲ့ကြောင်း ပြည်မြို့မရဲစခန်းမှတ်တမ်းအရ သိရသည်။

အသက် (၁၅)နှစ်အရွယ် အ မျိုးသမီးငယ်နှစ်ဦးကို ပြည့်တန် ဆာအလုပ်လုပ်ကိုင်ရန် ရောင်းချ ပြီး ကိုယ်ကျိုးစီးပွားအတွက် လိင် မှုဆိုင်ရာခေါင်းပုံဖြတ်ရောင်းချသူ ပြည်မြို့နေ မြင့်ကြိုင်နှင့် ခိုင်ဘွား အောင်တို့ကို ဒီဇင်ဘာ ၄ ရက်က ဖမ်းဆီးရခဲ့ပြီး လူကုန်ကူးမှုတား ဆီးကာကွယ်ရေး အက်ဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ထို့အတူ ချောက်မြို့နေ မမြတ်နိုးနှင့် ခင်ပွန်း၊ ထမင်းချက် အမျိုးသမီးနှင့် ခင်ပွန်းတို့အား လည်း ချောက်မြို့နယ် ရဲစခန်း တွင် ဖမ်းဆီးရမိထားပြီး ၎င်းတို့ သည် ဒီဇင်ဘာ ၇ ရက်တွင် ပြည် မြို့မ ရဲစခန်းသို့ရောက်ရှိမည်ဖြစ် ကြောင်း တာဝန်ရှိသူက ဆိုသည်။

ထို့အပြင် မိန်းကလေးနှစ်ဦး အား တောအုပ်တစ်ခုအတွင်း ပြည့်တန်ဆာအလုပ် လုပ်ကိုင်စေ သူ ဆိတ်ခြံမှ လင်မယားကိုဖမ်းဆီး ရမိနိုင်ရေး ဆောင်ရွက်နေကြောင်း ပြည်မြို့မ ရဲစခန်းမှ သိရသည်။

7Day Daily

No comments:

Post a Comment