Monday 7 December 2015

သီတဂူဆရာတော်နှင့် ကာဒီနယ်ချားလ်စ်ဘိုတို့ ပူးပေါင်း၍ ငြိမ်းချမ်းရေးတရားတော်များ ဟောကြားမည်

ဘာသာ၊ လူမျိုးပေါင်းစုံ ချစ်ကြည်ရင်းနှီးစေရေး ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိသီတဂူဆရာ တော်ကြီး အရှင်ဉာဏိဿရနှင့် ပုပ်ရဟန်းမင်းကြီး၏ အမတ်ကာဒီနယ်ချားလ်စ်ဘိုတို့ ပူးပေါင်း၍ ငြိမ်းချမ်းရေး တရားတော်များကို ဒီဇင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်တွင် ရွှေဘိုခရိုင် မုံလှစံပြကျေးရွာ၌ ဟောကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ငြိမ်းချမ်းရေး ၀တ်ပြု ဆု တောင်းပွဲများ၊ အထူးတရားတော် များကို ဘာသာပေါင်းစုံမှ ခေါင်း ဆောင်များနှင့်အတူ သီတဂူဆရာ တော်နှင့် ကာဒီနယ်အမတ်တို့ဦး ဆောင်ကာ ကာဒီနယ်၏ ဇာတိ ရွာ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် မုံလှစံပြကျေးရွာတွင် ဟော ကြားသွားမည် ဖြစ်သည်။

ယခုကဲ့သို့ ပြုလုပ်ခြင်းမှာ ဘာသာတရားအချင်းချင်း ချစ်ခင် ရင်းနှီးစေရန်၊ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ စည်းစည်းလုံးလုံး ဖြင့် အတူလက်တွဲဆောင်ရွက်ရန် မြန်မာနိုင်ငံတော် အေးချမ်းသာ ယာ၍ စည်ပင်ဝပြောစေရန် ဖြစ် သည်ဟု ပွဲတော်ကျင်းပရေးကော် မတီ ဘုန်းတော်ကြီး တစ်ပါးက ပြောသည်။

ယင်းဘာသာပေါင်းစုံ ငြိမ်း ချမ်းရေး ၀တ်ပြုဆုတောင်းပွဲများ၊ တရားပွဲများအပြီး ဒီဇင်ဘာ ၁၆ ရက်တွင် မြန်မာနိုင်ငံ၏ ပထမဦး ဆုံး ပုပ်ရဟန်းမင်းကြီး၏ အမတ် ဖြစ်သော ကာဒီနယ်ချားလ်စ်ဘို ၏ (၂၅)၀ါပြည့် ငွေစင်ဂျူဗလီ ပွဲတော်ကို ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များ အနယ်နယ်အရပ်ရပ်မှ ခရစ်ယာန်ဘာသာဝင်များ လာရောက်ကြမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေး ကော်မတီထံမှ သိရသည်။

ကာဒီနယ်အမတ် ချားလ်စ် ဘိုသည် ၁၉၄၈ အောက်တိုဘာ ၂၉ ရက်တွင် စစ်ကိုင်းတိုင်းဒေသ ကြီး မုံလှစံပြကျေးရွာ၌ မွေးဖွားပြီး အသက်(၂၇)နှစ်တွင် ခရစ် ယာန်ဘုန်းတော်ကြီးတစ်ပါးဖြစ် လာခဲ့သည် ၁၉၉၀ ပြည့်နှစ် ဒီဇင်ဘာ ၆ ရက် တွင် လားရှိုးဂိုဏ်းအုပ် ဆရာတော်အဖြစ် ရွေးချယ်တင် မြှောက်ခြင်း ခံခဲ့ရသည်။ ၂၀၁၅ဖေဖော်ဝါရီတွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဗာတီကန်နန်း တော်ဆိုင်ရာ ပထမဦးဆုံး ပုပ်ရဟန်းမင်းကြီး၏ ကာဒီနယ်အမတ် အဖြစ် တရားဝင်ခန့်အပ်ခဲ့သည်။

7Day Daily

No comments:

Post a Comment