Monday 7 December 2015

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစု လောက်ကိုင်ဒေသသို့ ဘုရားခုနစ်ဆူလှူ

အငြိမ်းစားဗိုလ်ချုပ်မှူးကြီးမိသားစုက လှူဒါန်းထားသောဆင်းတုတော် (ဓာတ်ပုံ - နန္ဒ)
အငြိမ်းစားဗိုလ်ချုပ် မှူးကြီးသန်းရွှေ မိသားစုသည် လောက်ကိုင်ဒေသသို့ စကျင် ကျောက်ဖြင့် ထုဆစ်ထားသော ဗုဒ္ဓဆင်းတုတော်ခုနစ်ဆူ လှူဒါန်း ခဲ့ကြောင်း အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်)မှ သတင်းရရှိသည်။
‘‘ရှမ်းပြည်နယ်မြောက်ပိုင်းကို အေးချမ်းစေလိုတဲ့ ရည်ရွယ်ချက် နဲ့ အငြိမ်းစားဗိုလ်ချုပ်မှူးကြီးက လှူတာပါ’’ဟု ဒေသကွပ်ကဲရေး မှူး ဗိုလ်မှူးကြီး ဇော်ဇော်နိုင်က ပြောကြားသည်။

အဆိုပါဆင်းတုတော်ခုနစ် ဆူကို လောက်ကိုင်တိုက်ပွဲတွင် ၀င်ရောက်တိုက်ပေးခဲ့သည့် သိန်း နီ တပ်မတော်၌ တစ်ဆူ၊ ချင်း ရွှေဟော်၌တစ်ဆူ၊ လောက်ကိုင် တွင် တစ်ဆူ၊ လောက်ကိုင်-ကုန်း ကြမ်းလမ်းရှိ ၂၃ မိုင်လမ်းဆုံတွင် တစ်ဆူ၊ ကုန်းကြမ်းတွင်တစ်ဆူ၊ ရှစ်ပင်ကိုင်းတွင် တစ်ဆူ၊ မော် ထိုက်တွင် တစ်ဆူ တည်ထားကိုး ကွယ်မည်ဖြစ်ကြောင်း ဒေသကွပ် ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်)မှ သတင်းရရှိသည်။ လောက် ကိုင်တွင် တည်ထားကိုးကွယ်မည့် ဆင်းတုတော်ကို တရုတ်ပြည်မှ ဗုဒ္ဓမြတ်စွယ်တော် အစစ်၏ ရင် ငွေ့တော်လှုံထားသည့်စွယ်တော် ကို တည်ထားကိုးကွယ်မည့် ၀တ္တကမြေအတွင်းရှိ ဓမ္မာရုံ၌ တည်ထားကိုးကွယ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

ထို့အပြင် လက်ရှိတာဝန် ထမ်းဆောင်လျက်ရှိသော ဗိုလ် ချုပ်မှူးကြီးများကလည်း လောက် ကိုင်ဒေသအတွက် ရပ်တော်မူ ဆင်းတုတော်သုံးဆူနှင့်ထိုင်တော် မူ ဆင်းတုတော်သုံးဆူ လှူဒါန်းခဲ့ သေးသည်။

7Day Daily

No comments:

Post a Comment