Monday 7 December 2015

အိုင်အက်စ်ဝင်လာမည့် သတင်းကြောင့် ထိုင်းခရီးသွားလုပ်ငန်း ထိခိုက်မည်မဟုတ်ဟုဆို

ထိုင်းနိုင်ငံမှာ သတင်းထွက်ပေါ်နေတဲ့ အစ္စလာမ္မစ် နိုင်ငံတော် (အိုင်အက်စ်) အဖွဲ့ဝင်တွေ ၀င်ရောက်လာမှုနဲ့ ပတ်သက်ပြီးတော့ ဟိုတယ်နဲ့ ခရီးသွားလုပ် ငန်းကို ထိခိုက်မှာ မဟုတ်ဘူးလို့ ဟိုတယ်လုပ်ငန်းရှင်များအသင်းက ဒီဇင်ဘာ ၅ ရက်နေ့မှာ ပြောပါတယ်။
ကြိုတင်ပြီးတော့ အခန်းငှားထားတဲ့ သူတွေနဲ့ ခရီးသွားတွေ လျှော့ကျသွား တာမရှိသလို ထိုင်နိုင်ငံ ဖူးခက်မြို့မှာ ၇၅ ရာခိုင်နှုန်းအထိ ရှိနေသေး ကြောင်း ထိုင်းနိုင်ငံ တောင်ပိုင်းမှာရှိတဲ့ ဟိုတယ်လုပ်ငန်းရှင်များအသင်း အကြီးအကဲ ကိုက်စဒါ တန့်စကူး (Krisda TANSAKUL) က ထိုင်းရတ်သတင်း ဌာနကို ပြောပါတယ်။

ခရီးသွားတွေကတော့ အဓိက အီးယူနိုင်ငံသားတွေ အများဆုံးလာရောက်ကြ တာ ဖြစ်ပြီး တရုတ်၊ ကိုးရီးယာ၊ အန္ဒိယနိုင်ငံမှ ခရီးသွားတွေကလည်း ခရီးစဉ် ဖျက်သိမ်းတာနဲ့ ပတ်သက်ပြီး အကြောင်းကြာတာ မရှိသေးကြောင်း သူက ဆိုပါတယ်။

ဖူးခက်မြို့မှာရှိတဲ့ လေဆိပ်အပါအ၀င် တခြား မြို့နယ်တွေမှာလည်း လုံခြုံရေး တိုးမြှင့်ချထားကြောင်း သိရပါတယ်။

တချိန်တည်းမှာပဲ ဖူးခက်လေဆိပ် အကြီးအကဲကလည်း လေဆိပ်အပြင်နဲ့ အထဲမှာ ဗုံးရှာဖွေရေး တပ်သားအပြင် လူဝင်မှု ကြီးကြပ်ရေး (လ၀က) နဲ့ ခရီးသွား လုံခြုံရေး ရဲအရာရှိတွေကို လုံခြုံရေး တိုးမြှင့်ထားကြောင်း ပြောဆိုပါတယ်။

ရုရှားတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ နိုဝင်ဘာ နောက်ဆုံး ၂ ပတ်မှာ ထိုင်းက ပတ္တရားကို ၄ ဦး၊ ဖူးခက်နဲ့ ဘန်ကောက်မြို့ကို ၂ ဦးစီနဲ့ တခြား မသိရတဲ့ မြို့ကို ၂ ဦးစီ လာရောက်ဖို့ ရှိတယ်လို့ ထိုင်းလုံခြုံရေး ကောင်စီက အသိပေးထားပါတယ်။

ထိုင်းပြည်သူတွေကိုတော့ အသေးစိတ် ထုတ်ဖော်ပြောဆိုတာတွေ မရှိသလို ခြိမ်းခြောက်မှုတွေကိုလည်း ဖြေရှင်းနိုင်မယ်လို့ လုံခြုံရေးကောင်စီက ပြောဆိုထားပါတယ်။

နယူးဇီလန် ခရီးသွားလုံခြုံရေး အင်တာနက် စာမျက်နှာမှာလည်း ထိုင်းနိုင်ငံ မှာ ရောက်ရှိနေကြတဲ့ သူတို့နိုင်ငံသား ခရီးသွားတွေကို သတိနဲ့ သွားလာ ကြဖို့ အသိပေးထားပါတယ်။

DVB

No comments:

Post a Comment