Monday 7 December 2015

ရှင်မတောင်ကို တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအဖြစ် သတ်မှတ်မည်

မကွေးတိုင်း ဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့နယ်နှင့်မြိုင်မြို့နယ်အတွင်းရှိ အကျယ် ၁၃၁၇၄ ဒသမ ၇၃၅ ဧက၊ ၂ဝ ဒသမ ၅၉ စတုရန်းမိုင်ရှိမြေကို သဘာဝဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရန် အလို့ငှာ ရှင်မတောင် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအဖြစ်သတ်မှတ်ရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့်သစ်တောရေးရာဝန်ကြီးဌာနသည် (၂၆-၁ဝ-၂ဝ၁၅) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၅၉၅/၂ဝ၁၅) ထုတ်ပြန်လိုက်သည်။
ဇီဝမျိုးစုံမျိုး ကွဲထိန်းသိမ်းရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာဆောင် ရွက်နိုင်ရေးနှင့် တည်ငြိမ်ကောင်းမွန်သော သဘာဝပတ်ဝန်းကျင်အခြေအနေ ကို ရေရှည် တည်တံ့အောင် ထိန်းသိမ်းနိုင်မည်ဖြစ်သည်ဟု အစိုးရသတင်းတွင် ရေးသားထားသည်။

မြန်မာနိုင်ငံအတွင်း တည်ထောင်ပြီး သဘာဝနယ်မြေ ၃၉ ခု၊ ဧရိယာ ၉၆ဝ၇၄၉ဝ ဒသမ ၁၆ ဧက၊ ၁၅ဝ၁၁ ဒသမ ၇၃ စတုရန်းမိုင် ၅ ဒသမ ၇၅ ရာခိုင်နှုန်းရှိပြီဖြစ်သည်။

ဧရာဝတီ

No comments:

Post a Comment