Monday 7 December 2015

၂၀၁၆ တွင် ကမ္ဘာလှည့်ခရီးသည် ၅ သန်းအထိ ၀င်ရောက်ရန် မျှော်မှန်း

၂၀၁၅ ခုနှစ် နိုဝင်ဘာလအထိ ကမ္ဘာလှည့်ခရီးသည် ၄ ဒသမ ၂ သန်းကျော် မြန်မာပြည်ထဲ လာရောက်လည်ပတ်ခဲ့ကြပြီး လာမယ့် ၂၀၁၆ ခုနှစ် မတ်လလောက်မှာ ၅ သန်းထိ ရှိလာဖို့ မျှော်မှန်းထားတယ်လို့ ဟိုတယ်ခရီးဝန်ကြီး ဦးဌေးအောင်က ပြောပါတယ်။
ဒီဇင်ဘာ ၅ ရက် ရန်ကုန်မှာ လုပ်ခဲ့တဲ့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်မှုနှင့် ရှေ့အလားအလာ သတင်းစာရှင်းလင်းပွဲမှာ ၀န်ကြီးက ပြောဆိုခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲဟာ ခရီးသွားလုပ်ငန်းအတွက် ကောင်းမွန်သော အပြောင်းအလဲနှင့် အခြေအနေပေးခဲ့တယ်လို့လည်း ပြောလိုက်ပါတယ်။

”အခု နိုဝင်ဘာအထိ စာရင်းအရ ဧည့်သည် ၄ ဒသမ ၂ သန်း ကျော်သွားပါပြီ။ ၂ဝ၁၅-၂ဝ၁၆ မတ်လလောက်ဆိုရင် ငါးသန်း လောက် ဖြစ်လာပါလိမ့်မယ်။ ရွေးကောက်ပွဲ ကာလကိုကြည့်ပြီး ချင့်ချိန်ကြတဲ့အတွက် ခရီးသွားတန့်သွားတဲ့ အနေအထားတော့ရှိတယ်။ အခုလာချင်တဲ့သူတွေ၊ သွားချင်တဲ့ သူတွေအများကြီး မေးတာတွေရှိပါတယ်။ အများကြီး အလားအလာကောင်းပါတယ်။”

ဒါ့အပြင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးဖို့အတွက် ပြည်တွင်းငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးတည်ငြိမ်မှုအပေါ် အဓိကတည်မီနေတယ်လို့လည်း ဆိုပါတယ်။

မြန်မာပြည်တောင်ပိုင်းမှာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင် လုပ်လို့ရနိုင်တဲ့ ကျွန်းပေါင်း ၈၀၀ ကျော် ဒီတိုင်း ရှိနေသေးကြောင်းလည်း ၀န်ကြီးက ထောက်ပြ ပြောဆိုသွားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်အတွင်း မြန်မာပြည်ကို ကမ္ဘာလှည့်ခရီးသည် ၃ သန်းကျော် ၀င်ရောက်ခဲ့ပြီး အခုနှစ်မှာ ၁ သန်းကျော် ပိုမို ၀င်ရောက်ခဲ့တာ ဖြစ်ပါတယ်။

DVB

No comments:

Post a Comment