Monday 7 December 2015

ဒုတိယအကြိမ်မြောက် အညတရသူရဲကောင်းစစ်သည်များအားဂုဏ်ပြုပွဲ ရန်ကုန် အာဇာနည်ကုန်းအနီးရှိ သူရဲကောင်းစစ်သည်ဗိမာန်တွင် ကျင်းပ

ဒုတိယအ ကြိမ်မြောက် အညတရသူရဲကောင်း စစ်သည်များအား ဂုဏ်ပြုခြင်းအ ခမ်းအနားကို ရန်ကုန်မြို့ ရွှေတိဂုံ ဘုရားမြောက်ဘက်မုခ်၊ အာဇာနည် ကုန်းအနီးရှိ သူရဲကောင်းစစ်သည် ဗိမာန်တွင်ပြုလုပ်ခဲ့ရာ စစ်မှုထမ်း ဟောင်းများနှင့် မိသားစုဝင်အများ အပြား တက်ရောက်ဂါရဝပြုခဲ့ကြ သည်။

နိုင်ငံတော်အလံအား အလေး ပြုခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းအပါ အဝင်တိုင်းပြည်အတွက် အသက် ပေးလှူသွားသော သူရဲကောင်းစစ် သည်များအား အလေးပြုခြင်း၊ သစ္စာ အဓိဋ္ဌာန် လေးချက်ရွတ်ဆိုခြင်း၊ သူရဲကောင်းစစ်သည်များအား ရည် စူး၍ ဝမ်းနည်းခြင်းအထိမ်းအမှတ် နှစ်မိနစ်ငြိမ်သက်ခြင်း၊ လွမ်းသူ့ပန်း ခွေချခြင်းနှင့် တပ်မတော်၏သမိုင်း အစဉ်အလာအကြောင်း ဟောပြော ခြင်းများပြုလုပ်ခဲ့သည်။

ယင်းအညတရသူရဲကောင်းစစ် သည်များ ဂုဏ်ပြုပွဲအခမ်းအနားကျင်းပရေးကော်မတီဝင်အငြိမ်းစား ဗိုလ်ကြီးရဲမိုးက ယခုကျင်းပသည့်အ ခမ်းအနားမှာ ခေတ်အဆက်ဆက် က တိုင်းပြည်အတွက်အသက်ပေးသွားခဲ့သည့် စစ်သည်တော်များအား ဂုဏ် ပြုသည့်အခမ်းအနားကို ဒုတိယအ ကြိမ်မြောက်ကျင်းပခြင်းဖြစ်ကြောင်း၊ ပထမအကြိမ်ဂုဏ်ပြုပွဲကို၂၀၁၄ ခု နှစ် ဒီဇင်ဘာ ရ ရက်မှာ ကျင်းပခဲ့ ကြောင်းနှင့် နှစ်တစ်နှစ်၏ ဒီဇင်ဘာ လ ပထမအပတ်တနင်္ဂနွေနေ့ကို ရွေး ချယ်ပြီး ကျင်းပခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

''ခေတ်ပေါင်းများစွာကို တပ် မတော်အနေနဲ့ ဖြတ်သန်းခဲ့ရတယ်။ ဒီလိုဖြတ်သန်းတဲ့အချိန်မှာတပ်မ တော်အနေနဲ့ ပြည်သူလူထုချစ်ခင် နှစ်သက်တဲ့ကိစ္စမျိုးတွေကိုအကောင် အထည်ဖော်ဆောင်ရွက်ခွင့်ရခဲ့သလို ပြည်သူလူထုငြိုငြင်တဲ့ အထင် အမြင်လွဲမှားနိုင်တဲ့ကိစ္စမျိုးတွေကို လည်း ကျွန်တော်တို့အနေနဲ့ မလွှဲ သာမရှောင်သာ တာဝန်အရလုပ် ဆောင်ခဲ့ရတာတွေရှိခဲ့ပါတယ်''ဟု စီစဉ်သူ ဦးရဲမိုးက ပြောသည်။

ခေတ်အဆက်ဆက်တွင် တိုင်း ပြည်အတွက် အသက်ပေးသွားခဲ့ သည့်အညတရသူရဲကောင်းများ ထောင်၊ သောင်းချီရှိခဲ့ပြီး ၎င်းတို့ကို ဘယ်တော့မှမေ့ပစ်မည်မဟုတ်ဟု ပြောလိုကြောင်းနှင့် စစ်ရှိနေသရွေ့ တိုင်းပြည်အား မည်သူအစိုးရလုပ် ပါစေ ဘယ်တော့မှ တိုးတက်မည် မဟုတ်ဟု ဦးရဲမိုးက ပြောကြားခဲ့ သည်။

ယင်းအခမ်းအနားသို့ ယခင် ဗိုလ်ချုပ်နေဝင်း၏မြေးဖြစ်သူ ကိုအေး နေဝင်းလည်းတက်ရောက်ခဲ့ပြီး မီဒီ ယာအချို့က ပြည်တွင်းငြိမ်းချမ်း ရေးဆိုင်ရာသူ၏သဘောထားကို မေးမြန်းခဲ့ရာ ၎င်းက''လက်မှတ်ထိုး လိုက်ရုံနဲ့ ငြိမ်းချမ်းရေးဆိုတာ ဖြစ် လာလိမ့်မယ်လို့ ကျွန်တော်မယုံကြည် ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ငြိမ်း ချမ်းရေးဆွေးနွေးပွဲတွေလုပ်တယ် ဆိုတဲ့နေရာမှာလည်းပဲ တကယ်အ ရည်အချင်းလည်းရှိတယ်၊ အစဉ်အ လာလည်းရှိတယ်။ တိုင်းပြည်အ ပေါ်မှာလည်း တကယ်စေတနာရှိတဲ့ တိုင်းရင်းသားခေါင်းဆောင်၊ လက် နက်ကိုင်အဖွဲ့အစည်းက ခေါင်း ဆောင်ကြီးတွေက နိုင်ငံတော်အစိုး ရနဲ့အကြိမ်ကြိမ်ဆွေးနွေးပြီးတော့ လက်မှတ်ထိုးထားတာလည်းရှိမယ်၊ သူတို့တွေလည်း တိုက်ခဲ့ရတာမော နေပြီ၊ အသက်တွေလည်းကြီးကုန်ပြီ၊ တိုင်းပြည်တကယ်ကောင်းကျိုးအ တွက်လုပ်မယ်၊ သို့သော်ဆွေးနွေး တယ်ဆိုတဲ့နေရာမှာ ပေါ်လစီပိုင်း လူမျိုးစုတစ်ခုအတွက် နယ်မြေဒေ သတိုးတက်မှုအတွက် ဘယ်လိုဘယ် ပုံလုပ်ကြမယ်ဆိုတဲ့ နည်းလမ်းတွေ ကိုဆွေးနွေးလို့ရတယ်၊ သို့သော် အ ကျိုးစီးပွားအတွက်၊ ကိုယ်ကျိုးစီးပွား အတွက် လုပ်နေတဲ့ဟာမျိုးကိုကျရင် တော့ ဆွေးနွေးလို့ရမှာမဟုတ်ဘူး''ဟု ပြောသည်။

Democracytoday

No comments:

Post a Comment