Wednesday 5 August 2015

ကယ်ဆယ်ရေးဆန်များ ရွံ့ထဲကျမှု တပ်ပြန်ရှင်း

တပ်မတော်မှ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရဟတ်ယာဉ်ပေါ်မှ ကယ်ဆယ်ရေး ပစ္စည်းများအား အောက်သို့ ပစ်ချခဲ့ရာ ရွှံ့နွံများ ပေးကျန်လျက်ရှိသည်ကို  Facebookု စာမျက်နှာပေါ်တွင် ဝေဖန်ရှုံ့ချ မှုများရှိခဲ့သဖြင့် ယင်းကိစ္စကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ပြန်လည် ဖြေရှင်းခဲ့သည်။

အဆိုပါရုံးမှ ရှင်းလင်းရာတွင် ရေဘေး ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌  ပြည်သူများ ဝေဖန်အကြံပြုသည့် အတိုင်း ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးထံမှ သိရသည်။

““ကျွန်တော်တို့က လေဆိပ်အထိ ရောက်အောင် ပို့တာပါပဲ။ ကျန်တဲ့နေရာကျတော့ သွားလာရခက်ခဲတော့ ဘယ်လိုတွေ လုပ်လိုက်လဲ ကျွန်တော်တို့လဲ မသိလိုက်ဘူး”” ဟု   မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်မှ  ဒုတိယ ဗိုလ်မှူးကြီး အေးလင်းက ပြောသည်။

တပ်မတော် အနေဖြင့် သွားလာရန် ခက်ခဲသော နေရာများသို့ ရဟတ်ယာဉ်များ အသုံးပြုပြီး အချိန်နှင့်တစ်ပြေးညီ ထောက်ပံ့ရေး ပစ္စည်းအား ပို့ဆောင်ခဲ့ရာ ရဟတ်ယာဉ် ဆင်းသက်ရန် မြေမြင်အခြေနေ အခက်ခဲရှိမှုအား ကြိုတင်မသိရှိနိုင်သည့် အတွက် ဝေဟင်မှပင် ချပေးခဲ့ရကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ဖေ့စ်ဘုတ်စ် စာမျက်နှာတွင် ရေးသားဖော်ပြချက်အရ သိရသည်။

ထိုသို့ချပေးရာတွင် အချို့သော ထောက်ပံ့ရေး ပစ္စည်းများမှာ ရွှံ့ဗွက်ထဲသို့လည်းကောင်း၊ ကွဲနိုင်သည့် ပစ္စည်းအချို့ပျက်စီးမှု များရှိခဲ့သည်ကို သိရှိသည့်အတွက် တပ်မတော်မှများစွာ စိတ်မကောင်း ဖြစ်ရပြီးနောင်တွင် အလားတူ ကိစ္စရပ်မျိုး ထပ်မံမဖြစ်ပွားစေရန် ပြည်သူများ အကြံပြုသည့်အတိုင်း လက်ခံဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

Messenger News Journal​ 

No comments:

Post a Comment