Wednesday 5 August 2015

ဇေကမ္ဘာဝင်း စိတ်ကြွဆေးအမှုနှင့် ဆက်စပ်သည့် စိတ်ကြွဆေးပြား ၁၅ သိန်းထပ်မံဖမ်းမိ

မင်္ဂလာဒုံမြို့နယ်တွင် ဖမ်းဆီးရမိခဲ့သည့် ပိုင်ရှင်မဲ့ စိတ် ကြွရူးသွပ်ဆေးပြား ၂၆ သန်းကျော်သယ်ဆောင်လာသော ယာဉ်ပိုင် ရှင်ကို ရှာဖွေစုံစမ်းရာမှ မြောက် ဒဂုံမြို့နယ်ရှိ ၎င်း၏နေအိမ်မှ စိတ်ကြွဆေးပြား ၁၅ သိန်းထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိ သည်။

ကျပ်သိန်း ၇၅,၀၀၀ တန်ဖိုး ရှိ စိတ်ကြွဆေးပြားများကို သြဂုတ် ၃ ရက်က ဖမ်းဆီးမိခြင်းဖြစ်ပြီး မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝင်း အတွင်း ပိုင်ရှင်မဲ့ ဖမ်းဆီးရမိ သည့် စိတ်ကြွရူးသွပ်ဆေးပြား ၂၆၇ သိန်းနှင့် ထုပ်ပိုးပုံစံတူညီ ကြောင်း ဖမ်းဆီးရေးတွင်ပါဝင် သည့် မြောက်ဒဂုံမြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူး ဇော်မင်းက ပြော ကြားသည်။

‘‘ဒီအိမ်ကို သတင်းရလို့ စောင့်ကြည့်နေတာ နှစ်ရက်လောက် ရှိပါပြီ။ အိမ်ထဲကို လူဝင်လူထွက် လည်းမရှိတော့ ရပ်ကွက်အုပ်ချုပ် ရေးမှူးခေါ်ပြီး မူးယစ်အဖွဲ့တွေနဲ့ ၀င်ရှာတော့ စိတ်ကြွဆေးတွေ ထုပ်ထားတဲ့ ဆာလာအိတ် ငါး အိတ်တွေ့တယ်။ အိတ်တစ်လုံး မှာ ဆေးပြား သုံးသိန်းပါတယ်’’ဟု ဒုရဲမှူးဇော်မင်းက ပြောကြားသည်။အဆိုပါစိတ်ကြွရူးသွပ်ဆေး ပြားများ ဖမ်းဆီးရမိသည့် မြောက် ဒဂုံမြို့နယ် (၄၁) ရပ်ကွက်ပဒေသ ရာဇာလမ်းရှိ နေအိမ်တွင် နေထိုင် သူများမှာ အိမ်ငှားနေထိုင်သူများ ဖြစ်ပြီး ရပ်ကွက်တွင် ဧည့်စာရင်း တိုင်ကြား၍ နေထိုင်သူ လေးဦးရှိ ကြောင်း ဒုရဲမှူးဇော်မင်းက ဆက် လက်ပြောကြားသည်။

ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးများကို တင်ဆောင်ခဲ့သည့် ကုန်သေတ္တာယာဉ်ပိုင်ရှင် ကိုလှမောင်မှာ ရေလုပ်ငန်းကုမ္ပဏီအမည်ခံ၍ နောက်ကွယ်၌ မူးယစ်ဆေးဝါးလုပ်ငန်းများလုပ်ကိုင်နေပြီး ယခုအခါ ၎င်းအပါအ၀င် ကုမ္ပဏီမှ ၀န်ထမ်းများ အားလုံးထွက်ပြေးတိမ်းရှောင် သွားပြီဖြစ်ကြောင်း သတင်းရရှိသည်။

မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာ ၀င်းရှိ ခြောက်လမ်းသွားလမ်းပေါ် တွင် ဇူလိုင် ၂၆ ရက် နံနက် ၅ နာရီက ရပ်တန့်ထားသော ကေအိုင် အေအမျိုးအစား ယာဉ်တစ်စီးပေါ် မှ ပီနန်အိတ် ၈၈ လုံးဖြင့် ထုပ်ပိုး ထားသည့် စိတ်ကြွဆေးပြား ၂၆၇သိန်းကို ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့ ပြီးနောက် စိတ်ကြွဆေးပြားများ ထပ်မံ တွေ့ရှိခြင်းဖြစ်ကြောင်း မင်္ဂလာဒုံ မြို့မရဲစခန်းမှ ရဲမှူးဝင်း ရွှေက ပြောကြားသည်။

‘‘မူးယစ်ဆေးဝါးတွေ မိက တည်းက အဖွဲ့တွေဖွဲ့ပြီး နယ်မြေ အလိုက်ချိတ်ဆက်ပြီး တရားခံရှာ နေတာပါ။ ဆေးပြား အရေအ တွက်များတော့ ဒီအမှုကိုလည်း စိတ်ဝင်စားသူတွေများတယ်။ အခု ဖမ်းဆီးရမိတဲ့ အိမ်ထဲက ထုပ်ထားတဲ့ပစ္စည်းနဲ့ မင်္ဂလာဒုံမှာ မိတဲ့ ပစ္စည်းထုပ်ပိုးတဲ့ ပုံစံအတူတူပဲ’’ဟု ရဲမှူးဝင်းရွှေက ပြောကြား သည်။

7Day Daily

No comments:

Post a Comment