Wednesday 5 August 2015

“ရေကာတာကျိုးပြီဟူသော ကောလာဟလကြောင့် ဟင်္သာတမြို့ခံများ အထိတ်တလန့်ဖြစ်”

ဟင်္သာတမြို့ ဦးပါရဲဘုရားအနီးရှိ ရေကာတာ ယနေ့ နေ့လည် ၂ နာရီခွဲခန့်က အနည်ငယ် အိကျကာ တာကျိုးပြီဟူသော ကောလာဟလများထွက်ပေါ်လာပြီး မြို့များ ထိန့်လန့်မှုဖြစ်ပွားခဲ့သည်။


ရေစိမ့်ဝင်မှုများကာ အနည်းငယ် အိကျခဲ့သည့် ရေကာတာနေရာမှာ မူလကပင် ကြံ့ခိုင်မှုစိတ်မချရသောကြောင့် သဲအိတ် ထရံများဖြင့် ကာထားရသောနေရာဖြစ်သည်။

ခြောက်လက်မခန့် အိကျသွားသည်ဟု ထိုနေရာအနီးတွင်နေထိုင်သူများကပြောသည်။

တာကျိုးပြီဟူသော သတင်းကြောင့် မြို့ခံများ ပြေးပြေးလွှားလွှားဖြစ်ခဲ့ပြီး သက်ဆိုင်ရာအစိုးရဌာနများက ယင်းနေရာကို ဖြတ်သန်းခွင့် ပိတ်လိုက်ကာ သဲအိတ်ဖို့ခြင်းများ လုပ်ဆောင်နေသည်။ အရပ်ဖက်အဖွဲ့အစည်းများကလည်း ကားများဖြင့် သဲအိတ်များလာရောက်ပို့ဆောင်နေသည်။

လက်ရှိအခြေအနေမှာ ထိန်းချုပ်ထားနိုင်သော အနေအထားဟု ဆည်မြောင်းဦးစီးဌာနတာဝန်ရှိသူတစ်ဦးက ပြောသည်။

ဧရာဝတီမြစ်ရေမှာ ဟင်္သာတမြို့တွင် စိုးရိမ်ရေမှတ်အထက် သုံပေခွဲခန့်တွင် ရောက်နေသည်။

7Day News Journal  

( ဓာတ်ပုံ - အောင်သစ်လွင် )

No comments:

Post a Comment