Wednesday 5 August 2015

ဧရာဝတီတွင် စာသင်ကျောင်း ၆၀ ခန့် ယာယီပိတ်ထားရ

ဧရာဝတီတိုင်းဒေသကြီး အတွင်း ရေကြီးရေလျှံမှုများဖြစ် ပွားနေသောကြောင့် စာသင် ကျောင်း ၅၉၂ ကျောင်းကို ယာယီ ပိတ်ထားခဲ့ကြောင်း ဧရာဝတီ တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သတင်းရရှိသည်။

ရေကြီးရေလျှံမှုဖြစ်ပွားနေ သောကြောင့် ဧရာဝတီတိုင်းဒေသ ကြီးအတွင်း အထက်တန်းကျောင်း၃၄ ကျောင်း၊ အလယ်တန်းကျောင်း၇၃ ကျောင်းနှင့် မူလတန်းကျောင်း ၄၈၅ ကျောင်းကို ယာယီပိတ်ထား ခဲ့ကြောင်း ဧရာဝတီတိုင်းဒေသ ကြီး ပညာရေးမှူးရုံးက စာရင်း ထုတ်ပြန်သည်။

‘‘ကလေးတွေ အန္တရာယ်ရှိ မှာစိုးလို့ ကျောင်းတွေကို ယာယီ ပိတ်ထားပါတယ်။ အများဆုံးက ညောင်တုန်းမှာ တစ်မြို့နယ်လုံး က ကျောင်းတွေကို ပိတ်ထားရ တယ်။ ရေပြန်ကျသွားပြီးတော့ ပုံမှန်ပြန်ဖြစ်သွားရင် ကျောင်းတွေ ပြန်တက်ရမှာပါ’’ဟု ဧရာဝတီ တိုင်းဒေသကြီး ပညာရေးမှူး ဦး အောင်ကျော်ထွန်းက ပြောကြား သည်။

ယာယီပိတ်ထားသည့် ကျောင်းများသည် ကြံခင်း၊ ရေကြည်၊ မြန် အောင်၊ အင်္ဂပူ၊ သာပေါင်း၊ ဟင်္သာ တ၊ ဇလွန်၊ မအူပင်၊ လေးမျက်နှာ၊ညောင်တုန်း၊ ပန်းတနော်မြို့နယ် များမှ ကျောင်းများဖြစ်ကြောင်း သိရသည်။

ယာယီ ပိတ်ထားရသည့် ကျောင်းအများစုသည် ရေလွှမ်း မိုးမှုကြောင့်ဖြစ်ပြီး စာသင်ကျောင်းအချို့မှာ ကယ်ဆယ်ရေးစခန်းများ အဖြစ် ဖွင့်လှစ်လျက်ရှိသည်။
ရေလွှမ်းမိုးမှုကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း စာသင်ကျောင်း ၇၇ ကျောင်း ယာယီပိတ် ထားခဲ့ရသည်။

မြန်မာနိုင်ငံအထက်ပိုင်းနှင့် အလယ်ပိုင်းမှ စီးဆင်းလာသော ရေများ ဧရာဝတီမြစ်အတွင်း မြစ် ၀ကျွန်းပေါ်ဒေသသို့ အများအပြား ၀င်ရောက်နိုင်ပြီး ရေလွှမ်းမိုးမှု အန္တရာယ်မြင့်မားနေကြောင်း မိုး လေ၀သပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောကြားထားသည်။

7Day Daily

No comments:

Post a Comment