Wednesday 5 August 2015

မစ္စရန်ဟီးလီ ရခိုင်ပြည်နယ်အစိုးရနှင့် စစ်တွေဒေသခံများကို ရန်ကုန်တွင် တွေ့မည်

မြန်မာနိုင်ငံ၌ ရောက်ရှိနေသော ကုလလူ့အခွင့် အရေးအထူးကိုယ်စားလှယ် မစ္စ ရန်ဟီးလီနှင့် ရခိုင်ပြည်နယ်အစိုး ရအဖွဲ့၊ စစ်တွေမြို့မိမြို့ဖအဖွဲ့တို့ သြဂုတ် ၅ ရက်တွင် ရန်ကုန်မြို့၌ သီးခြားစီ တွေ့ဆုံမည် ဖြစ် ကြောင်း သတင်းရရှိသည်။

ရန်ဟီးလီက ယခင်ရခိုင်ခရီး စဉ်များတွင် ဒေသခံပြည်သူများ က ၎င်းကို ကန့်ကွက်ကြောင်း ဆန္ဒ ဖော်ထုတ်မှုများဖြစ်ပွားခဲ့ခြင်း ကြောင့် ယခုတစ်ကြိမ်၌ ရန်ကုန် မြို့တွင် တွေ့ဆုံရန် စီစဉ်ခြင်းဖြစ် ကြောင်း စစ်တွေမြို့မိမြို့ဖအဖွဲ့ ဝင်တစ်ဦးက ပြောသည်။

‘‘ကျွန်တော်တို့နဲ့ တွေ့ဖို့ ရှိ တယ်။ ပြည်နယ်အစိုးရအဖွဲ့နဲ့ သက်သက်တွေ့မယ်’’ဟု ၎င်းက ဆိုသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် ရန်ဟီးလီသည် မြန်မာနိုင်ငံသို့ တတိယအကြိမ် လာရောက်ခြင်းဖြစ်သည်။

7Day Daily 

No comments:

Post a Comment