Wednesday 5 August 2015

ကုန်းဘောင်မင်းဆက် အနွယ်တော်များ ရေဘေးကူညီရန် ဖောင်ဒေးရှင်းဖွဲ့မည်

သဘာဝဘေးဒဏ်ရေ လွှမ်းမိုးမှုခံရပြီးနောက် ပြန်လည် ထူထောင်ရေးလုပ်ငန်းများလုပ် ဆောင်ရန် ကုန်းဘောင်မင်းဆက် အနွယ်တော်များက တော်ဝင်မင်း သားဖောင်ဒေးရှင်းဖွဲ့စည်း၍ ရေ ဘေးသင့်ပြည်သူများအား ကူညီ မည်ဟု သတင်းရရှိသည်။

တော်ဝင်မင်းသားဖောင်ဒေး ရှင်းက ရေလွှမ်းမိုးသည့်ဒဏ် ခံ နေရသည့် ရေဘေးသင့်ပြည်သူ များနောက်ဆက်တွဲကြုံတွေ့ရ မည့်ကိစ္စများအား အဓိကထားကူညီပေးမည်ဟု သီပေါမင်း၏ တီ တော် ဦးကျော်သီဟက ပြောကြားသည်။‘‘လတ်တလောမှာတော့ လှူဒါန်းမှုတွေ လုပ်ဆောင်တာများ နေတော့ ရေဘေးအလွန်ပြန်လည် ထူထောင်ရေးကိုပဲ လုပ်ပေးမယ်။ လိုအပ်တဲ့ ဒေသတွေကလည်း ဆက်သွယ်အလှူခံနိုင်ပါတယ်’’ဟု ဦးကျော်သီဟက ပြောကြားသည်။

တော်ဝင်မင်းသားဖောင်ဒေး ရှင်းက ရေကျပြီးနောက်ကြုံတွေ့ရ မည့် ကျန်းမာရေးပြဿနာများကာကွယ်ရန် ရေသန့်ဆေးများ၊ ဆေးဝါးများနှင့် ကျန်းမာရေးကိစ္စ များ ကူညီမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တော်ဝင်မင်းသားဖောင်ဒေး ရှင်းက အလှူရှင်များနှင့် ပူးပေါင်း ကာ ရေဘေးသင့်ပြည်သူများအ တွက် ကိုယ်တိုင်ကိုယ်ကျသွား ရောက်ကာ လှူဒါန်းဆောင်ရွက် မည်ဖြစ်ပြီး ရေဘေးသင့်ဒေ သများကလည်း လိုအပ်သည့် ကျန်းမာရေးကိစ္စများ ဆက်သွယ်နိုင် ကြောင်း သိရသည်။

7Day Daily

No comments:

Post a Comment