Wednesday 5 August 2015

ချင်းပြည်နယ် ပလက်ဝဒေသ ရေဘေးသင့်ပြည်သူများ အကူအညီလိုအပ်နေဆဲ

ချင်းပြည်နယ် ပလက်ဝမြို့နယ် လေးမြို့ ချောင်းနှင့် ၀က်ချောင်းရွာ မှ ကျောင်း တကျောင်းနှင့် အိမ်ခြေ ၅၀ ခန့် ရေထဲမျောပါသွားသည့်အတွက် အရေးပေါ် အကူအညီလိုအပ်နေကြောင်း သံထောင်အုပ်ချုပ်ရေးမှူးကိုကိုးကား၍ ခူမီးမီဒီယာ ကဖော်ပြသည်။


တောင်းဘွဲ့ကျေးရွာတွင် အိမ်ခြေ ၃၀ ရှိသည့်အနက် ၃ အိမ်သာကျန်ရှိပြီး မူလတန်ကျောင်းခွဲ ပါ ရေထဲမျောသွားခြင်းဖြစ်ပြီး အလားတူ ၀က်ချောင်းရွာမှ အိမ်ခြေ ၂၀ ကျော်လည်း ရေထဲမျောသွားပြီး စာသင်ကျောင်းမှခုံများလည်း ပျက်စီးနေကြောင်း သိရသည်။

သြဂုတ် (၄)ရက်နေ့အထိ ရရှိသော ပလက်ဝမြို့နယ်မှ ရေဘေး သင့်ဒုက္ခ သည်နှင့် အပျက်အစီးစာရင်းမှာ တောင်းဘွေ့ရွာ ၂၇ အိမ်၊ ဝက်ချောင်းရွာ ၂၁ အိမ်၊ တောင်းဘွေ့ရွာ အမကခွဲ ကျောင်း၊ အဘောင်သား ကြိုးတံတား၊ ရွီးဖလောင်းမှ ပလက်ချောင်းတံတားဖြစ်ပြီး အိမ်ခြေ ၈၈၀ခန့် နှင့် သေဆုံးသူ ၃ဦးရှိကြောင်းသိရသည်။

ပလက်ဝမြို့နယ်သည် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် ထိစပ်နေသည့် ဒေသ တခုဖြစ်ပြီး အကူအညီများလိုအပ်နေကြောင်းသိရသည်။

ဧရာဝတီ

No comments:

Post a Comment